Unicode
မီးခိုးရောင်သန်းနေပြီး တစ်စွန်းတစ်စပြာလဲ့လဲ့ထွက်ပေါ်နေသည့် စက်ဘီးကလေးပေါ်ခြေတစ်ဖက်ခွလျှက်သားဖြင့် ခြံရှေ့ထွက်ကာတကြော်ကြော်အော်နေတော့သည်။
" ဂျောင်ဂု .. ဂုကီ .. ဂျောင်ဂုကီရေ .. မြန်မြန်လာတော့ကွာ "
သည်နေ့ဟာထယ်ယောင်းတို့နှစ်ယောက် ကျောင်းစတက်ရမည့်နေ့ပင်။
အနက်ရောင်ကျောပိုးအိတ်ကလေးကို တစ်ဖက်သာလွယ်ထားပြီး ကျန်တစ်ဖက်ကတော့ထိုအတိုင်းချထားလျှက်သား။
ဖြူစွတ်စွတ်အက်ျီကိုတော့ ကျောင်းဝတ်စုံ style pant အနက်ထဲထည့်ဝတ်ထားသည်မို့ ခန္ဓာကိုယ်အချိုးအစားဟာ ခန့်မှန်းကြည့်ရုံနဲ့တင်မြင်သာစေသည်။အထက်တန်းကျောင်းသားဖြစ်တော့မည်မို့ စီနီယာအကိုကြီးတွေလုပ်တက်သည့်ထိုအပြုအမူတွေကို ထယ်ယောင်းအသေးစိတ် လေ့လာထားတာဖြစ်သည်။
ကျောင်းစဖွင့်သည့်နေ့မို့ အအိပ်မက်တဲ့ထယ်ယောင်းမှာ စိတ်လှုပ်ရှားစွာဖြင့်မနက်မိုးလင်းသည်ထဲက ဖွားမနိုးခင်ကိုအစောကြီးနိုးနေခဲ့ပြီး ကျောင်းသွားဖို့တက်ကြွနေတာဖြစ်သည်။
ပထမစစချင်းရက်မို့လားတော့ မပြောတက်။" ဂျောင်ဂု ဂျောင်ဂု ဂျောင် .. "
အသံဆာဆာအော်နေရင်းမှ နှစ်ထပ်တိုက်ပုလေးရဲ့အောက်ထပ်တံခါးဆီမှ တရွေ့ရွေ့ထွက်လာတဲ့လူနှစ်ယောက်ကြောင့် အော်ဟစ်နေခြင်းကိုရပ်တန့်လိုက်ပြီး သွားတန်းဖွေးဖွေးလေးတွေပေါ်အောင် ဟီးခနဲရယ်ပြလိုက်ပါ၏။
" မြေးနှယ် .. ဘာတွေလျှောက်အော်နေတာတုန်း။ ကျောင်းချိန်ကအဝေးကြီးလိုသေးတာကို ခဏနောက်ကျလဲဘာဖြစ်သလဲ "
" ဟာ ဖွားကလဲ .. ဒီနေ့ကပထမရက်လေဗျာ ..။ အစကောင်းမှအနှောင်းသေချာတယ်ဆိုတဲ့စကားကိုလဲဖွားပဲခဏခဏပြောနေပြီး။ ပထမရက်မှာထဲကနောက်ကျနေတယ်ဆိုရင်ဘယ်လိုလုပ်နားထောင်ကောင်းတော့မလဲနော်။ အဲ့လိုနဲ့နောက်ရက်တွေပါနောက်ကျနေရင်ဘယ်လိုလုပ်မလဲ .. အခုလို တက်တက်ကြွကြွလေးရှိတာကောင်းပါတယ် "
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..