33🍂

2.1K 176 23
                                    

Unicode

နာရီ၊မိနစ်၊စက္ကန့်​တွေ​ရွေ့လျား​နေခဲ့ပြီး ရက်​ပေါင်း​တွေဟာ တဖြည်းဖြည်းနဲ့ကြာမြင့်လာခဲ့သည်။

​ထွေပြားရင်း .. ရှုပ်​ထွေးရင်းနဲ့ ဒီအ​ခြေအ​နေကြီးကိုသူဖြတ်သန်းလာခဲ့တာဟာ နှစ်ပတ်ဆိုသည့်အချိန်သို့ပြည့်​လုနီးနီးရှိခဲ့ပြီ ..။
မြန်ဆန်လွန်းတဲ့နေ့ရက်​တွေ​ပေမဲ့ သူ့အတွက်​တော့တကယ်​​နှေး​ကွေးလွန်း​နေသလို။
သို့သည့်တိုင် သူ့အာရုံ​တွေဟာပုံမှန်အလုပ်လုပ်နိုင်စွမ်းမရှိကြ​သေးဘူးထင်ပါ၏။

​​ဝေဝါးရင်း .. ​ရော​ထွေးရင်းနဲ့ ထိုရက်​တွေကြားအသုံးမကျတဲ့လူတစ်​ယောက်လိုဖြတ်သန်းလာခဲ့ရတာ။
အိမ်ကိုလာသမျှဧည့်သည်တိုင်းရဲ့ ထူးဆန်းသလိုကြည့်​နေတဲ့အကြည့်​တွေ၊ သူမမှတ်မိနိုင်တဲ့​မေးခွန်း​တွေ၊ သူတစ်ခုမှသိမ​နေခဲ့။

အ​ဒေါ်ကြီး​တွေရဲ့​​မေးခွန်း​တွေကြား ဦး​နှောက်ကိုအလုပ်​ပေးပြီးအသည်းအသန်စဥ်းစားမိတဲ့အခါမျိုး​တွေမှာ သူ့​ခေါင်း​တွေချာချာလည်လာခဲ့တယ်။

​နောက်ဆုံး ရလာဘ်ဟာဗလာဖြစ်​နေဆဲပါပဲ။
သို့​ပေမဲ့ သူ့အိပ်မက်​တွေထဲ အခုရက်ပိုင်း​တွေမှာတစ်စွန်းတစ်စမက်​နေမိတဲ့ အစိတ်အပိုင်း​တွေဝင်​ရောက်လာတယ်။
မျက်နှာပုံရိပ်​တွေကိုမြင်မ​နေရသည့်တိုင် .. ထိုပုံရိပ်​တွေဟာ သူ့အိပ်မက်ထဲညစဥ်တိုင်းလိုလိုမှာဝင်​​ရောက်လာခဲ့တယ်။

ဘယ်လိုစဥ်းစား​နေပါ​စေ သူအ​ဖြေထွက်မလာခဲ့။

ဝရံတာ​လေးဆီပျင်းတိပျင်းရွဲ့ထိုင်​နေရင်း သူ့အာရုံ​တွေဟာ ဦးတည်ချက်မရှိ​ရွေ့လျား​နေခဲ့သည်။
ဟွာရန်းတို့အဖွဲ့ကလဲ သိပ်မကြာ​သေးခင်အချိန်ကမှပြန်သွားတာပင်။
ဆူညံ​နေတဲ့အိမ်က​လေးအတွင်း သူတစ်​ယောက်ထဲကျန်​နေခဲ့သည်​ကြောင့် ပျင်း​နေရသည်။

" ​ဒေါက်တာအကိုကြီးလဲမလာဘူး "

ထို​တော့မှစဥ်းစားမိတာ ..
​ဒေါက်တာအကိုကြီးသူ့ဆီမလာတာ ၂ရက်ရှိပြီ။
​ဆေးရုံမှာရှိစဥ်က သူ့အနား​တောက်တဲ့လိုကပ်​နေခဲ့တဲ့​ဒေါက်တာအကိုကြီးက ​သူ​ဆေးရုံကဆင်းပြီးကတည်းကခြေလှမ်း​တွေပျက်​နေ​တော့တာ။

Way Back Home ( Completed )Where stories live. Discover now