Unicode
" ထယ်ယောင်း ငါမျက်စိနောက်လာပြီနော် "
အားလပ်ချိန် ၁၁နာရီထိုးခါနီးဖို့ ၁မိနစ်သာလိုသည့်အချိန်မှာ ထယ်ယောင်းဖင်နဲ့ထိုင်ခုံမကပ်ချင်တော့။
အရှေ့မှဆရာမသင်သည်ကိုလဲအာရုံမလာ။
သူ့စိတ်ထဲမုန့်စားဆင်းသည်နဲ့ ဧည့်သည်ကောင်လေးဆီပြေးသွားဖို့သာဆန္ဒရှိသည်။" ကြာလိုက်တာ အရင်ဒီအချိန်လွှတ်နေပြီကို "
စာသင်ခန်းအတွင်းရှိနေသေးသည်မို့ စကားသံကျယ်ကျယ်လဲမထွက်ရဲ။
အဲ့အစားနံဘေးမှသုံးယောက်ကတော့ ထယ်ယောင်း၏အကဲပိုမှုကိုခေါင်းတခါခါသာ။" ငြိမ်ငြိမ်ထိုင်နေကွာ "
" ဟွာရန်း .. မင်းနာရီခဏပြအုံး "
တိုင်ကပ်နာရီဆီမှ လက်တံရှည်ဟာ ၁၂ကိုညွှန်ပြဖို့ရာအတော်ကိုကြာနေတာ။
နှေးကွေးလွန်းသည့်ရွေ့ချိန်ကြောင့် နံဘေးမှ ဂျူဟွာရန်းပတ်ထားသည့်လက်ပတ်နာရီကို ဆွဲယူကြည့်တော့လဲ အချိန်ဟာတူတူလောက်။" ဘာတွေလောနေတာလဲဟေ့ရောင် .. တိတ်တိတ်မနေရင် ဆရာမကိုအော်တိုင်မှာနော် "
" ဒီအကျင့်မကောင်းတဲ့ကောင်တော့ "
တစ်ယောက်တစ်ပေါက်ပြောလိုက် တီးတိုးရန်ဖြစ်လိုက်ဖြင့် အရှေ့မှဆရာမ၏စာသင်ပြမှုကိုလဲအာရုံမရကြ။
ပုံမှန်လဲ အာရုံရနေသည်မျိုးမဟုတ်ကြပေမဲ့ သည်တစ်ခါတော့ပိုပါသည်။သက်ပြင်းအခါခါချနေမိရင်းမှာပဲ ခေါင်းလောင်းတီးသံကျယ်ကျယ်ဟာ ထွက်ပေါ်လာအခိုက် မျက်ဝန်းတို့ဝင်းလက်သွားခဲ့သည်။
" ကဲ .. ဒီနေ့တော့ဒီလောက်ပဲ။ အားလုံးဆရာမကိုနှုတ်ဆက်လို့ရ .."
" မဂ်လာပါဆရာမ .. ကျေးဇူးတင်ပါတယ်ဆရာမ "
စကားမဆုံးခင်မှာပဲ နှုတ်ဆက်စကားဦးအောင်ပြောကာအရိုအသေပြုလိုက်ရင်း မျက်နှာချိုသွေးကာရယ်ပြပြီးနောက် အတန်းထဲမှတစ်ချိုးထဲပြေးထွက်လာခဲ့တော့သည်။
" ဟယ် .. ဘယ်လိုဟာလေးတုန်း "
အနောက်မှအတန်းပိုင်ဆရာမရဲ့ကြိမ်းမောင်းသံကိုလဲ လက်အုပ်ချီကာတိတ်တခိုးတောင်းပန်ရင်း ကော်ရစ်တာတစ်လျှောက်ပြေးလွှားနေမိသည်။
မုန့်စားဆင်းချိန်မို့ ကော်ရစ်တာတွေမှာ လူတွေအပြည့်ဖြစ်လာပြီး ပြေးလွှားနေသည့်ကြားမှဝင်မတိုက်မိအောင်လဲ ကိုယ်လေးစောင်းရင်းရှောင်ရသေးသည်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..