Unicode
" ဒေါက်တာဂျွန် လူနာကခွဲစိတ်မှဖြစ်မယ် "
သူနာပြုမလေးလာပြောသည့်စကားကြားနေရသည့်တိုင် သူမလှုပ်မရှားပဲငြိမ်သက်နေမိသည်။
အရေးပေါ်ကုတင်ထက်မှာ ကင်မ်ထယ်ဟာမေ့မြောလို့။" ဒေါက်တာ .. ဒေါက်တာဂျွန် .. "
နှစ်ခေါက်မြောက်ခေါ်လာသည်အထိ သူ့အသိစိတ်မကပ်မိသေး။
ကင်မ်ထယ့်ခေါင်းမှာသွေးတွေစီးကျနေတဲ့မြင်ကွင်းက သူ့ကိုဒီလောက်ထိတုန်လှုပ်နိုင်စေတာ။သူရှိနေတဲ့ဆေးရုံဆီကို မေ့မြောလျှက်ရောက်လာခဲ့တဲ့ကင်မ်ထယ်ဟာ သူတစ်လျှောက်လုံးခေါ်နေသည့်တိုင်သတိလည်လာခြင်းမရှိ။
" လူနာရှင်! လူနာရှင် "
ဒေါက်တာဂျွန်ရဲ့ပုံစံဟာ အခြေအနေမဟန်မှန်းသိလိုက်တာမို့ ထိုသူနာပြုမလေးမှာလဲ အနီးနားရှိလူနာရှင်ကိုသာလိုက်ရှာနေမိတော့သည်။
Amnesia ဖြစ်နေသည့်အပြင်၊ခေါင်းကိုထိခိုက်ပြီးသွေးထွက်လွန်နေသည်မို့ ဒီထက်အချိန်ပိုကြာနေရင် လူနာအတွက်စိုးရိမ်စရာတွေဖြစ်လာနိုင်သည်။" ဒီမှာ .. ဒီမှာပါ "
အရေးပေါ်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း ထိုအဖွားဟာ သူနာပြုမလေးခေါ်သံကြားတော့မှ အပြေးကလေးအနားသို့ရောက်လာတော့သည်။
" လူနာကစိုးရိမ်ရတဲ့အခြေအနေကိုရောက်နေတာ .. Amnesia ( အတိတ်မေ့ရောဂါ ) ဖြစ်နေတဲ့လူတစ်ယောက်အတွက် ဒီအခြေအနေကခွဲစိတ်ဖို့အသင့်တော်ဆုံးပဲ။ လူနာရှင်လက်ခံတယ်ဆို ကျွန်မတို့ဘက်ကအဆင်သင့်ပြင်တော့မှာမို့ ခွင့်ပြုချက်လိုအပ်ပါတယ် "
" ကလေးက .. ကလေးက ရောဂါရှိနေတာလား "
" ကြာနေပြီလို့တောင်ပြောလို့ရတာ။ လူနာကတော်တော်လေးကံကောင်းလို့သာဒီလောက်အထိတောင့်ခံနိုင်နေတာပါ။ အခုအခြေအနေကတော့ ဒီအတိုင်းထားလို့မဖြစ်တာမို့ ကျွန်မတို့ခွဲစိတ်ဖို့လိုအပ်တယ် "
တုန်လှုပ်သွားတဲ့ထိုအဖွားပုံစံဟာ လုံးလုံးလျားလျားသိမနေသလိုပင်။
လူနာပုံစံဟာလဲ ထိုရောဂါဖြစ်နေသည်ဟုပင်မထင်မိအောင်ကို စိတ်မာလွန်းနေခဲ့သည်မဟုတ်လား။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..