30🍂

2.4K 187 32
                                    

Unicode

လေးလံ​နေတဲ့မျက်ခွံ​တွေဟာ ပိတ်ထားလျှက်သားအ​နေအထားဖြင့် မသိမသာတဖျတ်ဖျတ်ခတ်လျှက်။
အလုံးစုံသတိလည်လာခြင်းမရှိသည့်တိုင် ရရှိ​နေသည်ဟာ မူး​ဝေ​နေသည့်ခံစားချက်။
ဦး​ခေါင်းတစ်ခုလုံး ရိုက်ခံထားသလိုနာကျင်​နေပြီး လှုပ်ရှားလိုက်ဖို့ကို​တောင် သူ့ခန္ဓာကိုယ်ဟာ ​မောပန်း​နေသ​ယောင်။

မသိစိတ်ကတစ်ချက်တိုက်တွန်းလာခဲ့တဲ့အဆုံးမှာ သူ့လက်​ချောင်း​တွေလှုပ်ခတ်လာခဲ့​တော့သည်။

​​နွေး​​ထွေးနေခဲ့သည့်လက်​ချောင်း​တွေလှုပ်ခတ်သွားမှု​ကြောင့် ထိုလက်ကိုတယုတယဆုတ်ကိုင်ထားသည့် လက်ပိုင်ရှင်ဟာလဲအိပ်​​ပျော်​နေရင်းမှ သတိလက်လွတ်နိုးလာခဲ့ရသည်။

ဆံနွယ်​တွေလဲရှုပ်ဖွာ​နေခဲ့ပြီး မည်သို့ပုံစံဖြစ်​နေသည်လဲဂရုမစိုက်နိုင်သည့်တိုင် ထိုလက်​တွေရဲ့လှုပ်ရှားမှုဟာ ​ထွေပြား​နေခဲ့သည့်သူ့အာရုံ​တွေကိုပြန်လည်စုစည်း​စေဖို့ တွန်းအား​ပေးခဲ့သလို။

" ကင်မ်ထယ် .. ကင်မ်ထယ် .. "

​​ကုတင်ထက်လှဲ​လျှောင်း​နေတဲ့​ကောင်ငယ်​လေးဟာလဲ ခေါ်သံတစ်ခုကိုကြား​နေရပြီး ထိုအသံ​ဟာ အိပ်မက်​ယောင်​နေသလို။

" ကင်မ်ထယ် .. "

စိုးရိမ်တကြီး​​ခေါ်​နေသည့်ထိုအသံဟာ သူ့အနီးအနားမှာရှိ​နေသည်။
မျက်ဝန်း​တွေကိုထပ်၍​မှေးမှိတ်ထားချင်​​ပေမဲ့ ထို​ခေါ်သံ​ကြောင့် ရုတ်တရက်ဖွင့်ဟပြစ်ချင်လာသည်။

​လေးပင်​နေသည့်မျက်ခွံ​တွေကို အားယူကာဖွင့်ကြည့်လိုက်ချင်​ပေမဲ့ ပွင့်ဟလာသည်ဟာ ဖြည်းဖြည်းချင်းသာ။
မျက်ဝန်း​တွေပွင့်ဟလာသည်နှင့် ပထမဆုံးခံစားမိလိုက်သည်ဟာ စူးရှလွန်းသည့်အလင်း​ရောင်။

ထို့​နောက် .. မျက်ဆံအိမ်​တွေကိုနံ​​ဘေးဘက်​တွေဆီတဖြည်းဖြည်းချင်း​ရွေ့လျားကြည့်မိ​တော့ သူ့ကိုငုံ့မိုးကာကြည့်​နေသည့်အမျိုးသမီးတစ်ဦး။
လှပတဲ့အပြုံး​တွေနဲ့ထိုအမျိုးသမီးဟာ သူ့ကိုကြည့်​နေခဲ့​ပေမဲ့ မျက်ဝန်း​တွေထဲ မျက်ရည်စ​တွေဝိုင်း​နေခဲ့တယ်။

Way Back Home ( Completed )Where stories live. Discover now