8🍂

2.3K 174 22
                                    

Unicode

" ​ဟေး .. "

စာအုပ်ထဲအာရုံ​ရောက်​နေတုန်း နံ​ဘေးမှ​ခေါ်သံ။
ဆက်တိုက်ဆိုသလို ​ထို​ခေါ်သံကိုကြား​နေ​ရပေမဲ့ သူလှည့်မကြည့်ခဲ့။

" ​ဟေး ဒီမှာ "

အသံတင်မဟုတ်ပဲ စားပွဲကိုပါလက်ဖြင့်ဖွဖွ​​တောက်ကာ ​ခေါ်လာမှုအဆုံးမှာ​တော့ ​လေပူတစ်ချက်မှုတ်ထုတ်ရင်း​​ ​​လှည့်ကြည့်လိုက်သည်။
​ခေါင်းတစ်ခုလုံးလှည့်လိုက်တာမျိုးမဟုတ်ပဲ မျက်လုံးအိမ်ကိုသာ ထိုအသံကြားရာဆီ​ရွှေ့လိုက်တာဖြစ်သည်။

" ဟီး .. ဟိုင်း "

​​ဂျောင်ဂုရုပ်တည်တည်ဖြင့်ကြည့်လိုက်​တော့ ထိုတစ်​ယောက်ဟာစပ်ဖြီးဖြီးဖြင့် သူ့ကိုလက်​ထောင်ပြ​နေတာ။
တခြားလူ​တော့မဟုတ်။
သူနဲ့​ဘေးချင်းကပ်လျှက်ထိုင်​နေတဲ့ ​ကောင်​လေးပင်။

ဂရုမစိုက်စွာစာအုပ်ထဲ​ခေါင်းပြန်နှစ်လိုက်​တော့ သူ့ဆီကအလိုမကျသလိုနှာမှုတ်သံနဲ့အတူ

" မင်းကလဲ​အ​ကြောကြီးနဲ့ကွာ .. ငါကခင်ချင်လို့ကို "

ခုံတန်းအလွတ်ဆီဝင်ထိုင်ကာ ​မေး​ထောက်ရင်း ပျင်းတွဲ့တွဲ့​ပြောလာသည်။

" သူငယ်ချင်းလုပ်မယ်​လေ "

" ..... "

" ငါကတအားခင်ဖို့​ကောင်းပါတယ် "

" ..... "

တစ်ဖက်မှဘယ်လို​ပြော​ပြော သူ့ဘက်က​တော့တိတ်ဆိတ်​နေသည်​။
ဒါကိုလဲ ထို​ကောင်​လေးကဇွဲမ​လျှော့။
သူနဲ့သူငယ်ချင်းလုပ်ဖို့ကို ​တောက်​လျှောက်​ပြော​နေ​တော့တာ။

" နားငြီးတယ် "

" ဟာ ပြန်​ပြောပြီ "

သူ့အသံကိုတိတ်​​အောင်​ပြော​လိုက်မှုမှာ ပိုဆိုးသွားသည်နှယ်။
​စာ​ရေးခုံ​ပေါ်လက်​ထောက်ရင်း မျက်နှာဟာ​လဲ​​ဂျောင်ဂုဘက်လှည့်ကာ ဆက်တိုက်ဆိုသလို​ပြောလာ​တော့သည်။

" ငါက လီဟွန်းမင် .. မင်းနာမည်က​ရော "

" ..... "

တိတ်ဆိတ်​​နေဆဲဖြစ်တာမို့ လက်​ထောက်ထားရင်းမှ စားပွဲ​ပေါ် ရှိစာအုပ်အဖုံးကိုလှမ်းကြည့်လိုက်သည်။

Way Back Home ( Completed )Where stories live. Discover now