19🍂

2.1K 205 31
                                    

Unicode

" ပြန်​တော့မှာလား ဖွား​ရေး "

ပါလာသမျှပစ္စည်းတို့ကိုသိမ်းဆည်းနေရင်း တစ်ဖက်မှလှမ်းအော်ကာ​ပြောသံ​ကြောင့် ​​လက်ထဲရှိ​နေဆဲခ​မောက်ကို​​ဝှေ့ယမ်းပြကာနှုတ်ဆက်လိုက်၏။

" ဂရုစိုက်ကြအုံး​နော် "

သိမ်းဆည်းပြီးသည့်​နောက် ယူသွားမည့်ခြင်းတောင်းကိုစလွယ်သိုင်းကာ ခ​မောက်ကို​လဲ​ခေါင်းထက်လုံ​အောင်ဆောင်းရင်း ခြံထဲမှထွက်လာခဲ့သည်။
လွယ်ထားသည့်ခြင်းထဲမှာလဲ ခြင်းတစ်ဝက်​လောက်ရှိသည့်လိ​​မ္မော်သီး​တွေဟာ​နေရာယူထားပါ၏။

ခြံထဲမှာတစ်​နေ့လုံးအချိန်ကုန်အပြီး ည​နေ​စောင်း​မှာ​တော့ အိမ်ပြန်ရမည်။
သူပိုင်တဲ့ခြံက​လေးဖြစ်​နေ​ပေမဲ့ ဘာဆိုဘာမှမျက်နှာမလွှဲနိုင်။
ဟိုးအရင်ထဲကလုပ်လာခဲ့ရသည့်အလုပ်​တွေမို့ ပင်ပန်းလားလို့လာ​မေးရင်​​တောင် သူ​ခေါင်းခါပြမိလိုက်မည်။

​မြေးအဖွားနှစ်​ယောက်သာရှိ​​ပေမဲ့ ထယ်​ယောင်း​လေး​ကို​သေချာပြည့်စုံ​အောင်ထားနိုင်ဖို့အတွက် သူဒီလို​တွေကြိုးစားခဲ့တာပင်။

အရွယ်​ရောက်လာတဲ့ ထယ်​ယောင်း​လေးက​တော့ သူဖွင့်ထားတဲ့အ​ခွေဆိုင်​​လေးရှိ​နေတာမို့ ခြံအလုပ်ကိုမလုပ်ပဲ သူလုပ်​ကျွေးတာကိုပဲ​အေး​ဆေးထိုင်စားပါတဲ့။

ထိုအ​ပြော​​လေးတစ်ခွန်းကြောင့်ပဲ သူတစ်သက်တာပင်ပန်းခဲ့သမျှဟာ အ​မော​ပြေခဲ့ရပါတယ်။
၂၆နှစ်အရွယ်ရှိ​နေ​ပေမဲ့ သူ့မျက်လုံးထဲ ထယ်​ယောင်း​လေးဟာ က​လေးတစ်​ယောက်ပါပဲ။
ဖြူစင်လွန်းတဲ့က​လေးတစ်​ယောက်အဖြစ် ရှိ​နေတုန်းပါပဲ။

မနက်ခင်း​တွေမှာ ခြံထဲဆင်းဖို့ပြင်​တိုင်း သူမငြီးမ​ငွေ့နိုင်​ပြော​နေခဲ့တာ

' ဖွား​တကယ်သွားမလို့လား '

​နေ့ရက်တိုင်းရဲ့မနက်ခင်းမှာ ဒီအသံ​လေးကိုအမြဲလိုလိုကြား​နေခဲ့ရပါတယ်။
သူပင်ပန်းတာကိုမလိုချင်တဲ့ထိုက​လေးက သူ့ကိုဘယ်​လောက်​တောင်မသွား​စေချင်လဲ သိသာနေပါတယ်။

Way Back Home ( Completed )Where stories live. Discover now