Unicode
" မြေးရေ .. ဒီနေ့မြို့ဝင်ကဆေးရုံကြီးဆီ စပျစ်သီးပို့ဖို့ရှိတယ်နော် "
ခူးပြီးရလာတဲ့စပျစ်ခိုင်တုတ်တုတ်ကြီးတွေကို ခြင်းနှစ်ခြင်းထဲအသေအချာခွဲထည့်ရင်း ပြောလာသည်။
ခြံလုပ်ငန်းလုပ်တာမို့ ထယ်ယောင်းတို့ခြံထဲမှထွက်သမျှသီးနှံတွေကို ထိုသို့မှာယူသူတွေဟာလဲအများအပြား။
ထိုအခိုက်တွေဆို ထယ်ယောင်းမှာအစဥ်အမြဲ စက်ဘီးတစ်စီးနဲ့ဂူဟွာတစ်မြို့လုံးပတ်ကာ delivery ကောင်လေးဖြစ်ရပါတော့သည်။" ဟင် .. ဆေးရုံကိုလား ဖွား "
ဝေးလံသည့်ဘယ်နေရာကိုမဆိုသွားလိုက်ဖို့ဝန်မလေးပေမဲ့ ထယ်ယောင်းထိုဆေးရုံဆီတော့ထပ်မသွားချင်။
တစ်ခေါက်ရောက်ဖူးပြီးပြန်လာစဥ်ထဲက တော်တော်နဲ့ဝမ်းနည်းစိတ်မပျောက်သည်မို့ ထိုစိတ်ကိုအားတင်းမေ့ဖျောက်ထားသည်မှာတောင်မကြာသေးပေ။" ဟုတ်တယ်မြေးရဲ့ .. ဒေါက်တာယူ တဲ့ ဆရာဝန်မလေးထင်ပါတယ် ဖုန်းဆက်ပြီးမှာသွားတာ။ ဆေးရုံကိုပဲလာပို့ပေးပါတဲ့ .. သူတို့လဲမအားလပ်ကြလို့နေမယ် "
တွေးတောရင်းပြောလာသည့်ဖွားက ထယ်ယောင်းကိုမကြည့်သေး။
ထယ်ယောင်းမှာတော့ ထိုဆေးရုံကိုထပ်မသွားချင်တာမို့ နှုတ်ခမ်းလေးကအနည်းငယ်ဆူချင်ချင်ဖြစ်နေသည်။
သို့ပေမဲ့ ထယ်ယောင်းမှမသွားရင်လဲ သွားပို့မည့်သူကမရှိပေ။
ရွေးချယ်စရာမရှိသည့်နောက် သူကပဲစိတ်လျှော့ရင်းသက်ပြင်းဖွဖွချကာ .." အခုသွားရမှာလား ဖွား "
" ခဏနေမှပါ .. သူကနေ့လည်ခင်းလောက်တော့လိုချင်တယ်ပြောတယ် "
ခေါင်းလေးညိမ့်ရင်းအားလျှော့စွာပင် အနီးမှစပျစ်ခိုင်တို့ကိုယူရင်း ဖွားနည်းတူခြင်းတွေထဲခွဲထည့်နေလိုက်သည်။
ကြီးပေ့ဆိုသည့်အသီးတွေသာတွဲလဲခိုနေသည့် စပျစ်ခိုင်ကြီးတွေ။
တစ်လုံးဖြုတ်ကာ ပါးစပ်ထဲမသိမသာကောက်ထည့်လိုက်သည်။
ဖွားကတော့ ဒါကိုမမြင်ပါပဲ တစ်ကိုယ်ထဲသီချင်းတညဥ်းညဥ်းသာ။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..