16🍂

1.6K 163 26
                                    

Unicode

တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာသည်။
​နွေ၊မိုး၊​ဆောင်း အလီလီကူး​ပြောင်းသွားခဲ့ပြီ။

ရာသီ​တွေလည်ပတ်ရင်း၊ ​ကုန်လွန်ခဲ့တဲ့နေ့ရက်​တွေ​ကိုရေတွက်ရင်းနဲ့ အချိန်​တွေဟာကြာမြင့်​နေခဲ့ပြီ။

တစ်ရက်ပြီးတစ်ရက်၊ တစ်​နွေပြီးတစ်​နွေ ကူး​ပြောင်းလာခဲ့ရင်း ထပ်မံလည်ပတ်​ရောက်ရှိလာခဲ့တာဟာ ၁၀နှစ်​မြောက်​နွေ။

​ပြောင်းလဲခြင်း၊ကွဲကွာခြင်း၊ တမ်းတခြင်းအရာရာကို ထို၁၀နှစ်အတွင်းကြုံ​တွေ့ခဲ့ရပါ၏။
၁၆နှစ်သားရဲ့ချစ်စရာအမူအကျင့်​လေး​တွေဟာ ၂၆နှစ်အရွယ်​အရောက်မှာ​တော့ ​ပြောင်းလဲသွားခဲ့ပြီ။

တည်ငြိမ်ခြင်း၊​လွမ်းဆွတ်ခြင်းဆိုသည့်အရာ​​တွေနဲ့​နေသားကျ​အောင်​နေလာခဲ့ရသည်မှာ ၁၀နှစ်​မြောက်သည့်အချိန်အထိ။
ထိုနှစ်​​တွေထဲသူဟာ ခံစားချက်မျိုးစုံကိုခံစားဖူးခဲ့ပြီ ..။
​နေရာတိုင်းမှာ အကြိမ်ကြိမ်ငို​​​ကြွေးခဲ့ပြီးပြီ ..။
​ပင်ပန်းလွန်းတဲ့အထိစောင့်​မျှော်​နေခဲ့ပြီးပြီ ..။

ထိုအတွက် ရလာဘ်ဟာ ဗလာပါပဲ ..။

၁၆နှစ်အရွယ်ထယ်​ယောင်း နဲ့ ယခု၂၆ နှစ်အရွယ်
ထယ်​ယောင်း။
၅နှစ်လား .. မဟုတ်ဘူး .. ၁၀နှစ်။
၁၀နှစ်တိတိသူဟာ နာကျင်မှုအဖုံဖုံကို​နေ့စဥ်မပျက်လက်ကမ်းယူလာခဲ့ပြီးပြီ။

၁၀နှစ်ကြာသွားခဲ့တဲ့အချိန်မှာ​တော့ သူ့စိတ်ကဒါကိုအိပ်မက်တစ်ခုဖြစ်ခဲ့သည့်​ကြောင်း အမှတ်ရ​နေဖို့တိုက်တွန်းလာခဲ့ပြီ။
အချိန်​တွေအကြာကြီးပင်ပန်း​ခဲ့ပြီးပြီ ..။
များစွာ​သောမျက်ရည်​တွေကျဆင်းခဲ့ပြီးပြီ ..။

အခု​နေအိပ်မက်​လေးကို​တွေ့ခဲ့ရင်​တောင် သူ့မှာထပ်ငိုဖို့မျက်ရည်ကျန်ပါဦးမလား ..။

ထွက်သွားခဲ့တဲ့သူနဲ့ .. ​စောင့်​မျှော်​နေရတဲ့သူ။
ဘယ်သူကများပိုနာကျင်​နေပါလိမ့်မလဲ ..။

၁၀နှစ်လုံးလုံး သူဟာပေါ်မလာခဲ့ပါဘူး။

ဦး​​နှောက်ထဲမှာ​အ​တွေးဝင်​​စေခဲ့တာ အိပ်မက်ဆိုရင်​တောင် သူ့နှလုံးသားက​တော့ ဒါဟာအိပ်မက်မဟုတ်မှန်းယုံကြည်​​နေခဲ့တယ်။
​နောက်ဆုံးယုံကြည်ချက် ပိစိက​လေးနဲ့ ..။

Way Back Home ( Completed )Where stories live. Discover now