Unicode
နေ့ရက်တိုင်းရဲ့နွေရာသီဟာ သူ့အစဥ်အလာအတိုင်းပုံမှန်ဆိုသလိုအိုက်စက်ကာပူနေခဲ့ပြီး ထယ်ယောင်းရှင်သန်နေထိုင်ရတဲ့သဘာဝတရားကြီးဟာလဲ သူ့အချိန်နဲ့သူပုံမှန်လည်ပတ်နေခဲ့သည်။
ထိုသို့မဟုတ်ပဲ ထယ်ယောင်းရဲ့ ပုံမှန်လည်ပတ်ချိန်တွေထဲကိုတော့ထပ်ပြီးတိုးဝင်လာခဲ့သည်က ဘေးအခန်းကကောင်လေးပဲဖြစ်လို့နေသည်။ရောက်ရောက်ချင်းမို့ လူကြောက်တက်၍စကားနည်းသည်လားဟုထင်ခဲ့ရပေမဲ့ ညစာစားချိန်ပြီးသည့်အချိန်အထိကိုထိုကောင်လေးဟာ အေးစက်မြဲ။
ဖွားထံမှပြောလာသည့်စကားတွေကိုတော့ သူ့ဘက်မှခေါင်းညိမ့်ခေါင်းခါလုပ်တက်ပြီး ထယ်ယောင်းကစကားတစ်ခွန်းတစ်ခွန်းပြောသည့်အချိန်တိုင်းမှာတော့ ထိုသို့မရှိပါပဲ ငြိမ်သက်လျှက်သာ ထယ်ယောင်းမျက်နှာကိုကြည့်ရင်းနားထောင်နေတော့သည်။
ထိုကောင်လေးအကြောင်းကိုစဥ်းစားရင်းပင် ညနက်သည်အထိ တစ်ညလုံးထယ်ယောင်းအိပ်မပျော်။
အိမ်ရောက်တာတစ်ရက်မပြည့်သေးသည့်တိုင် ပဟေဠိပေါင်းများစွာကထိုကောင်လေးထံရှိနေပါသည်။" အာ .. နောက်ကျနေပြီပဲ "
အိပ်ယာထက်မှာငူငူကြီးထိုင်နေရင်း နံဘေး၌အော်မြည်နေတဲ့ကျေးဌက်သံကိုကြားမှ သူ့မနက်ခင်းကိုအရင်ထက်ပို၍ အချိန်ဆွဲနေမိမှန်းသတိရတော့သည်။
တစ်နေ့တာလုပ်ငန်းစဥ်တွေကို ဆက်တိုက်လုပ်ဆောင်အပြီး အခန်းထဲမှထွက်လာကာ ဘေးဘက်ဆီသို့အကြည့်ရောက်မိတော့ ပိတ်ထားဆဲဖြစ်တဲ့ ဧည့်သည်ကောင်လေးရဲ့အခန်း။
ခိုးကြည့်ဖို့ရာမရည်ရွယ်ပေမဲ့ စူးစမ်းချင်တဲ့စိတ်ကလေးကြောင့်ခြေသံကိုဖော့ကာ တံခါးနားသို့တရွေ့ရွေ့တိုးကပ်သွားလိုက်သည်။
တံခါးဝရှေ့အရောက် တုန်ရီနေတဲ့လက်တို့ကို တံခါးလက်တန်းပေါ်ဖွဖွတင်လိုက်ဟန်ပြင်တော့ စိတ်သွားတိုင်းလက်မပါပဲ အနောက်သို့သာပြန်ပြန်ဆုတ်နေမိတော့သည်။ထယ်ယောင်းပုံစံကမသိရင် သူများပစ္စည်းကိုသူများမသိအောင်ယူတော့မည့်ပုံစံနှယ်။
အရင်ကဆို ထယ်ယောင်းနဲ့သိသိမသိသိ ထယ်ယောင်းဘက်ကစကားလိုက်ပြောရင်း လက်ကိုင်တာတွေ၊ ပခုံးဖက်တာတွေ ထိုသို့သောရဲတင်းသည့်အပြုအမူမျိုးကိုကလေးပီပီလုပ်လေ့ရှိပေမဲ့ သည်ကောင်လေးနဲ့ကျမှ ထိုသတ္တိတွေဟာလဲ အစပင်ရှာလို့မရသည်အထိပျောက်ကွယ်ခဲ့ရတော့သည်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..