Hello Hello ..
Noti လေးတွေ့တော့ရင်ခုန်သွားကြမယ်မှန်းသိပေမဲ့ update မဟုတ်သေးပါဘူးဗျ keke ~_~
WBH နဲ့ပတ်သတ်ပြီး ဇာတ်လမ်းအစကနေအခုရောက်ပြီးတဲ့အပိုင်းလေးအထိ စာဖတ်သူတစ်ချို့နားမလည်ခဲ့တဲ့အရာလေးတွေကို လာရှင်းပြရင်းနဲ့ အလစ်တဲလေး စပွိုင်းလာပေးတာပါ ')
ဇာတ်လမ်းစတည်ထဲက ထယ်ကူးနှစ်ယောက်စလုံးက ၁၄ နှစ်သားနဲ့ ၁၆နှစ်သားလေးတွေပါ။
၂၀၁၁ ဆိုတဲ့အချိန်နဲ့ ဆယ်ကျော်သက်အဲ့ဒီအရွယ်ဆိုတာကလဲ ရိုနာတို့အတွက်တအားငယ်သေးတဲ့အချိန်လို့ပြောလို့ရတယ်ပေါ့နော်။
နှစ်ယောက်စလုံးကိုလက်တွေ့နည်းတူပဲ ရိုနာက ၂နှစ်ကွာထားပေးပါတယ်။၁၄နှစ်အရွယ်ပုံသဏ္ဍာန်နဲ့ ၂၄နှစ်အရွယ်ပုံသဏ္ဍာန်က ငယ်ရုပ်သိပ်မပျောက်သွားဘူးဆိုပေမဲ့ သေချာပေါက်တူညီနေတာမျိုးမဟုတ်တော့တာက main point ပါ။
၁၆နှစ်အရွယ်မှာ ထယ်ယောင်းတွေ့ခဲ့တဲ့ ဧည့်သည်ကောင်လေးရဲ့ပုံစံက သူ့ထက်အရာရာသေးငယ်နေတဲ့ပုံစံမျိုးလေးပါ။
ဆံပင်ပုံစံ၊ ခန္ဓာကိုယ်အချိုးအစားကစလို့ ကလေးတစ်ယောက်သွင်ပြင်ပါပဲ။၁၀နှစ်ဆိုတဲ့အချိန်ကာလက အပြောထဲမှာသာမြန်နေလောက်ပေမဲ့ လက်ရှိမှာတော့တအားကြာလွန်းတဲ့အချိန်ပါ။
ရိုနာတို့အနေနဲ့တောင် ၃၊၄ နှစ်လောက်မတွေ့လိုက်ရတဲ့လူကိုရုတ်တရက်တွေ့မိကြရင် မမှတ်မိတာမျိုး နာမည်မေ့သွားတာမျိုးတွေရှိနိုင်တယ်မဟုတ်လား။
ထယ်ယောင်းအတွက်ကြာချိန်ကတော့ ၁၀နှစ်နီးပါးပါ။
၁၀နှစ်လုံးလုံးအရိပ်အယောင်တောင်မတွေ့ခဲ့ရတဲ့ထယ်ယောင်းအတွက် ဧည့်သည်ကောင်လေးကိုမမှတ်မိနေတာအပြစ်မဟုတ်ပါဘူးပေါ့။ဧည့်သည်ကောင်လေးပြန်ပေါ်လာခဲ့တဲ့အချိန်ကလဲ ၁၄နှစ်သားအရွယ်ကလို သေးကွေးတဲ့ပုံစံမျိုးတွေမရှိတော့ပဲ အကုန်ပြောင်းလဲလာခဲ့တာမို့ ဂျောင်ဂုကဂျောင်ဂုပါလို့သေချာသိမြင်နိုင်ဖို့အစိတ်အပိုင်းက ရင်းနှီးခဲ့တဲ့မျက်ဝန်းဝိုင်းတွေသာရှိပါတယ်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..