Unicode
ခရီးသွားကားလေးဟာ ရှင်းလင်းနေတဲ့လမ်းမကြီးထက်ငြိမ့်ငြောင်းစွာ။
ကားအတွင်းပိုင်း ခုံတွဲတစ်တွဲစီတိုင်းမှာ စကားပြောသံတွေကိုယ်စီဖြင့်။
တစ်ဦးနှင့်တစ်ဦး သိကျွမ်းမနေသည့်တိုင် အားလုံးကအတူတွဲသွားရမည့်လူတွေဖြစ်နေတာမို့ တစ်ရင်းတစ်နှီးရှိကြ၏။
ထိုကားတစ်စီးလုံး တိတ်ဆိတ်နေတဲ့နေရာဆိုလို့ ညာဘက်ခြမ်းနောက်ဆုံးကနှစ်ယောက်တွဲခုံကလေးသာရှိပါတယ်။စုံတွဲခုံအသီးသီးဟာ စကားတစ်တွတ်တွတ်ပြောရင်းလိုက်ပါလာလျှက်ရှိနေပေမဲ့ ထယ်ယောင်းတို့စုံတွဲခုံလေးမှာတော့မတူ။
ရုတ်တရက်ဆိုသလို အတူတွဲသွားရမည့်ဒေါက်တာချိန်းသွားသည့်အပြင်၊ နံဘေးရောက်ရှိနေတဲ့ဒေါက်တာကလဲ စထိုင်သည်ထဲကဘာဆိုဘာတစ်ခွန်းမှမပြော။နားကြပ်ကြိုးကလေးကိုလဲပြန်မသိမ်းမိပါပဲ ထိုအတိုင်းသာကျောက်ရုပ်သဖွယ်မတ်မတ်ကလေးဖြစ်လို့နေသည်။
ထယ်ယောင်းနဲ့ အတူတွဲသွားရမည့်ဒေါက်တာက ဒေါက်တာဂျွန်ဖြစ်သွားတာလား .. အဲ့ဒီလိုများလား ..။
ပြတင်းပေါက်ဘက်ထိုင်နေသည်ဆိုသော်ငြား သူ့အာရုံတွေဟာ ပြတင်းပေါက်အပြင်ဘက်ဆီရှိမနေ။
ကားထိုင်ခုံအိအိကလေးပေါ်ထိုင်နေရသော်လည်း သူ့တစ်ကိုယ်လုံးတည့်မတ်လျှက်သားဖြစ်နေပြီး နံဘေးမှဒေါက်တာဆီသို့လဲ မချင့်မရဲဖြင့်ခိုးကြည့်တက်သေး၏။ထိုင်ခုံအနောက်ကိုခေါင်းမှီလျှက် ယူလာသည့်စာအုပ်တစ်အုပ်ကိုဖွင့်ဖတ်နေတဲ့ဒေါက်တာ။
မသိမသာခိုးကြည့်လိုက်တော့ စာမျက်နှာပေါ်ကဦးခေါင်းခွံပုံ။
အထဲမှအကြောင်းအရာတွေကိုထယ်ယောင်းသေချာမသိသည့်တိုင် ဒေါက်တာဖတ်နေသည်ဟာ ဦးနှောက်နဲ့ပတ်သတ်သည့်ရောဂါအကြောင်းတွေပင်ဖြစ်လိမ့်မည်။ခရီးသွားကားပေါ်အထိအနားမယူပါပဲကြိုးစားဖတ်နေသည်မို့ ဒီဒေါက်တာရဲ့စိတ်အားထက်သန်မှုကိုတွေ့နေရသည်။
ဒါကြောင့်လဲ Neurosurgeon Dr.John ဆိုတာဂူဟွာဆေးရုံမှာအတော်ဆုံးဖြစ်နေခဲ့တာပေါ့။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..