20🍂

2.4K 187 13
                                    

Unicode

" ကြိုဆိုပါတယ် .. "

ဆိုင်ဝမှချိတ်ထားတဲ့ Dream Catcher ​လေးရဲ့လှုပ်ခတ်သံ​ကြောင့် ဆိုင်သိမ်း​ဖို့ပြင်နေရင်းမှလှမ်းနှုတ်ဆက်လိုက်သည်။
ပိတ်ဆဲခါနီးဆိုင်အတွင်း မ​ပြောမဆိုဖြင့်ဝင်​ရောက်လာခဲ့တဲ့ ထိုဧည့်သည်ကို​​မော့ကြည့်လိုက်​တော့ ..

" ​ဒေါက်တာ "

အို .. ဒီပုံစံနဲ့ဆို ကျွန်​တော်​သူ့ကိုဒေါက်တာလို့​ခေါ်လို့ဖြစ်ရဲ့လား​တောင်မသိ​တော့ဘူးပဲ။

ဝတ်​နေကြဂျူတီကုတ်ဖြူဖြူဟာ​တော့ အခုချိန်မှာသူ့ခန္ဓာကိုယ်ထက်ရှိမ​နေ။
ပုံမှန်အချိန်​တွေမှာ ဆီသပ်ထားတဲ့ဆံနွယ်​​တွေဟာ အခုချိန်မှာ​တော့ မဖြီးမသင်ပဲထိုအတိုင်းချထားသည်မို့ သူ​အကြည့်မလွှဲနိုင်ပဲငေးမိ​နေတာအမှန်ပါ။

ထယ်​ယောင်းဆံနွယ်အုပ်အုပ်က​လေးထက်အနည်းငယ်မျှသာရှည်​လောက်မည်ထင်ထား​သော်လဲ ပကတိအတိုင်းချထားသည့်အချိန်မှာ​တော့ ဂုတ်​ထောက်ဆံနွယ်တို့ဟာ လည်ပင်းသားတစ်ဝှိုက်မှာအချွန်​လေး​တွေသဖွယ်ဖြင့် ​နေရာယူ​နေခဲ့သည်။
နှဖူးထက်ဝဲကျ​နေသည့် ရှုပ်ဖွာဖွာဆံနွယ်စ​တွေဟာသူနဲ့​တော့တစ်မျိုးတစ်ဖုံကြည့်လို့​ကောင်း​နေပါ၏။

ဂျူတီကုတ်နဲ့ဖြီးသင်ထားတဲ့ဆံနွယ်​​တွေဟာ ထိုလူနဲ့​ပေါင်းစပ်လိုက်သည့်အခါ လူကြီးလူ​ကောင်းဆန်ဆန်လေးဖြင့်ခန့်ညားလွန်း​နေပြီး .. သာမာန်ဝတ်စုံ၊ ပကတိချထားသည့်ဆံနွယ်​တွေနဲ့​ပေါင်းစပ်လိုက်​တော့လဲ သူဟာလူငယ်တစ်​ယောက်အသွင်နဲ့ ​ချော​​မော​လွန်း​နေပြန်ပါ၏။

ထို '​ချော​မောမှု' ဆိုတဲ့​ဝေါဟာရကို မျက်မြင်ကိုယ်​တွေ့ သက်ရှိတစ်ဦးသဖွယ်တွေ့မြင်လိုက်ရသလိုမျိုး ..။
ထယ်​ယောင်းတို့အ​ခေါ်နဲ့ဆို သူ့ဆံပင်ပုံစံဟာ wolf cut ​ပေါ့။

​တွေ့​နေမြဲဂျူတီကုတ်မဟုတ်ပဲ တီရှပ်ပွပွကိုဝတ်ထားရင်း ​အောက်ပိုင်းကိုလဲ ထယ်​ယောင်း​ဝတ်​နေကြချည်သား​ဘောင်းဘီအရှည်အပွလိုပုံစံမျိုး အမဲ​ရောင်ကိုပါဝတ်ထား၏။
အ​ရှေ့မှ​ဒေါက်တာဟာ အသက်မည်မျှလောက်ရှိမည်မ​သိ​သော်ငြား ထိုပုံစံက​တော့ သူ့အတွက်ငယ်ရွယ်လွန်း​နေပါသည်။

Way Back Home ( Completed )Where stories live. Discover now