4🍂

2.3K 179 15
                                    

Unicode

သစ်သားစားပွဲ​အပုလေးထက်တင်ထား​သော ညိုမှိုင်းမှိုင်း​ရေဒီယို​လေးဆီမှပျံ့လွင့်လာတဲ့ သီချင်းသံ။

တိတ်ဆိတ်​နေတဲ့ပတ်ဝန်းကျင်ကြား ထို​ရေဒီယိုမှထွက်​ပေါ်လာတဲ့သီချင်း​သံ​လေးကသာ ဝရံတာပတ်ပတ်လည်ကိုဖုံးလွှမ်းလို့​နေသည်။
သစ်ပင်သစ်ရိပ်တို့ဖုံးလွှမ်း​နေသည့် ဝရံတာတစ်ပြင်ဟာ ​​နေတစ်​ပျောက်မှကျရာမရှိ။

​နေပူဒဏ်​ကြောင့် ​မောဟိုက်ကာပျံသန်းခြင်းမပြုနိုင်သည့်​သေးငယ်တဲ့ဌက်​လေး​တွေဟာလဲ အကိုင်းအခက်​တွေ​ပေါ်နားခိုရင်း နှုတ်သီးချွန်ချွန်​လေး​တွေဟာလဲ တ​ကျော်​ကျော်​အော်ရင်းထိုသီချင်းကိုလိုက်ဆို​နေသ​ယောင်။

သစ်ရွက်လှုပ်သံတစ်ရှပ်ရှပ်ဟာလဲ ​နွေပူပူမှာ​လေတိုးသံနဲ့အတူစည်းချက်ညီညီတိုးတိုက်ကာထွက်လာသည်။

စွပ်ကျယ်အပါးသားဖြူဖြူနဲ့ စပန့်သား​ဘောင်းဘီဒူးဖုံး​လေးဟာ ​နွေရာသီဖြင့်လိုက်ဖက်စွာ။
​လေတစ်ချက်​ဝှေ့တိုင်းမှာ ​အေးမြမှုဟာခန္ဓာကိုယ်၏​နေရာအရပ်ရပ်သို့တိုးတိုက်လို့သွား၏။
​ပါးလျတဲ့စွပ်ကျယ်နှင့် ​ခြေ​ချောင်းသွယ်သွယ်တို့ကိုလုံ​အောင်မဖုံးနိုင်တဲ့​ဘောင်းဘီတို့​ကြောင့် ဝါဝင်း​နေတဲ့အသားအ​ရေ​လေးဟာ ၁၆နှစ်သား၏ခန္ဓာကိုယ်​ပေါ် အထိန်းအကွပ်မရှိထိုး​ဖောက်မြင်​နေရပါ၏။

ကြိမ်ခုံ​နောက်မှီလေး​ပေါ်လှဲထိုင်ကာ မျက်ဝန်းတို့ကို​မှေးမှိတ်ထားရင်းဇိမ်ယူကာ နှုတ်ဖျားမှလဲမှတ်မိသ​​လောက်၊ရသ​လောက်သီချင်းစာသားတို့ကိုလိုက်လံ၍ဆိုညဥ်း​နေသည်။
​ခပ်​အေး​အေးတိုက်​နေတဲ့​လေ​အေး​အေး​​ကြောင့် တစ်ချက်တစ်ချက်အိပ်​ပျော်သွားမည်​​တောင်စိုးရသည်။

​ရေဒီယိုနား​​ထောင်ရသည်ကိုအကြိုက်ကြီးမဟုတ်ခဲ့သည့်ထယ်​​ယောင်း၏စိတ်က​လေးဟာ ယခုအချိန်မှာ​တော့ ထို​ရေဒီယိုသီချင်းသံ​တွေကိုနားမ​ထောင်ရရင်မ​နေနိုင်သည့်အထိစွဲလမ်း​​နေမိခဲ့​တော့သည်။
ရေဒီယိုထက်မှထွက်​ပေါ်လာမည့် ထယ်​ယောင်းအနှစ်သက်ဆုံးဖြစ်သည့် ထိုအမည်မသိသီချင်းတစ်ပုဒ်ကိုနား​ထောင်ဖို့အတွက် အဆင်သင့်​အေး​ဆေးစွာ​စောင့်​မျှော်​နေမိ​တော့သည်။

Way Back Home ( Completed )Where stories live. Discover now