6🍂

2.5K 181 41
                                    

Unicode

ခြံတံခါးဝ​ရှေ့ရပ်ကာ လွယ်အိတ်က​လေးရဲ့ကြိုးစကိုခပ်တင်းတင်းကိုင်ရင်း စိတ်လှုပ်ရှား​နေသည့်ဟန်ဖြင့် ​အောက်နှုတ်ခမ်းပါး​လေးကိုလဲ သွားဖြင့်တတိတိကိုက်​နေ​တော့သည်။
​ကျောင်းမှပြန်​ရောက်​တာကြာနေပြီဖြစ်​သော်ငြား ယခုချိန်ထိအိမ်​ရှေ့ခြံဝမှာတင်ကုတ်ကုတ်က​လေးရပ်​နေကြတာပင်။

ချိန်းကြိုးတစ်ခြား၊ဘီးတစ်ခြားဖြစ်​နေသည့် စက်ဘီး​လေးဟာလဲ နံ​ဘေး​တွင်​ထောက်ထားလျှက်သား။

" ​ဂျောင်ဂု .. မင်းအရင်ဝင်လိုက်ပါလား "

သူ့နည်းတူငြိမ်ငြိမ်က​လေးရပ်​နေသည့်​ကောင်​လေးကို တံ​တောင်နဲ့ဖွဖွတို့ကာ​ပြောလိုက်​​သည်။

" ကင်မ်ထယ် .. ဘာလို့လဲ "

ခြံတံခါး​ပေါက်ကို​ကျော်ကာ ​ခြေ​ကြွလျှက်အိမ်ထဲသို့ကြည့်လိုက် ​တွေ​ဝေလိုက်ဖြင့် အတန်ကြာသည်အထိထိုအတိုင်းရပ်​နေဆဲ။

" ဟ ဘာဖြစ်ရမှာလဲကွာ .. ပထမဆုံးစီးရတဲ့ရက်မှာတင် စက်ဘီးချိန်းတစ်ခုလုံးရစရာရှိ​မနေတာ။ ဖွား​တွေ့​သွားရင် ငါ့ကိုဆူ​​တော့မှာ "

​ကျောင်းပထမဆုံးတက်သည့်​​နေ့ကို အသစ်စက်စက် စက်ဘီးက​လေးနင်းသွားချိန်မှာပဲ ပထမဆုံးချိန်းကြိုးပျက်လာရသည်တဲ့လား။
ဘယ်လို​တောင် ​သောက်ကျိုးနဲမှုကြီးလဲ ..။

'ဂရုစိုက်​နော်'လို့ ဖွားကအတန်တန်မှာလိုက်ရဲ့ကြားကဖြစ်လာသည်မို့ ထယ်​ယောင်းအဆူခံရ​မှာမလွဲဧကန်။

" ကျွန်​တော်ရှိတယ်​လေ "

" မင်းရှိတာသိတယ်​လေ .. ဖွားကဆူရင်ငါ့ကိုဆူမှာ "

​အောက်နှုတ်ခမ်း​လေးကိုကိုက်ရင်း ဝင်ရနှိုးမဝင်ရနှိုးစဥ်းစား​နေရင်း ​လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်​တော့သည်။

" ဟင်မ်းး .. "

ရှည်လျားလွန်းတဲ့သက်ပြင်းချသံကပါတစ်ပါထဲတွဲလာပြီး​တဲ့​နောက် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည့်ပုံဖြင့် နံ​ဘေးမှသူ့နည်းတူမလှုပ်မယှက်ရပ်​နေသည့် ​ကောင်​လေးကိုကြည့်ရင်း ..

Way Back Home ( Completed )Where stories live. Discover now