18🍂

2.1K 189 24
                                    

Unicode

မကျဥ်းမကျယ်ကော်ဖီဆိုင်​က​လေးထဲ ​ဆိုင်ထောင့်စွန်းဝိုင်းက​လေးမှာ ​ကောင်​ငယ်​လေး​လေး​ယောက်ဟာ စကားတစ်တွတ်တွတ်​ပြောရင်းရှိ​နေခဲ့သည်။

​လေး​ယောက်အတူရှိ​နေ​သော်ငြား တူညီ​မ​နေသည်က​တော့ မျက်နှာထက်မှအမူအရာ​တွေပါပဲ။
ထိုထဲမှတစ်​ယောက်က​ ကျန်သုံး​ယောက်ကိုတစ်လှည့်၊မှာထားတဲ့​သောက်စရာခွက်တို့ကိုတစ်လှည့်ကြည့်ရင်း မျက်နှာဟာရှစ်​ခေါက်ချိုး။
​ကော်ဖီဆိုင်သို့လာသည်ဖြစ်​သော်ငြား မှာယူထားသည့်စားပွဲခုံ​ပေါ်မှာ​တော့ ​ကော်ဖီနှင့်တူတာတစ်ခွက်ပင်ရှိမ​နေ။
အ​ခြေအ​နေကိုသ​​ဘောမ​ပေါက်သည့်သူတို့က​တော့ စကား​​ပြောမပျက်​။

" ငါ့လခွမ်းထဲမှ .. ​ဒါနဲ့များ​ကော်ဖီဆိုင်ထိုင်​နေ​သေးတယ် "

အ​အေးခွက်ကိုယ်စီကိုင်ရင်း ​သောက်ချိန်မှာ​တော့ ဟွာရန်း၏သည်းမခံနိုင်​​တော့ပဲထ​ပြောသည့်အ​ပြော​ကြောင့် ကျန်သုံး​ယောက်ကမျက်​စောင်းတထိုးထိုး​။

" မထိုင်ချင်ထသွားဟစ်​​ရောင် "

" ငါ့ဖင်နဲ့ငါထိုင်တာ ဘာဖြစ်လဲ "

" ​အေး အဲ့တာဆို ဖင်​ရောပါးစပ်​ရောပိတ်ပြီးထိုင်​နေ "

ဟွာရန်းစကားကိုဟီး​ဂျောင်ကနည်းနည်း​လေးမှအ​ကြောမခံ။
ဟွာရန်းကတစ်ခွန်းဆို ဟီး​ဂျောင်ကနှစ်ခွန်းသုံးခွန်း​ပြန်​ပြောပြစ်တာမျိုး။
ဒါကသူတို့​တွေ့တိုင်း အမြဲဖြစ်​နေကြပြဿနာ​လေးတစ်ခုပါပဲ။

အခုဆို ထယ်​ယောင်းတို့​သူငယ်ချင်းလေး​ယောက်ဟာအလုပ်ကိုယ်စီဖြင့်။
ထယ်​ယောင်းက အ​ခွေဌားဆိုင်​လေးဖွင့်ထားသလို ချွန်းယူက​တော့ တစ်ဖွဲ့မှာတစ်​ယောက်ထွန်းတဲ့နာမည်ရစာ​ရေးဆရာက​လေးဖြစ်​​နေခဲ့ပြီ။
ဟွာရန်းနဲ့မတည့်အတူ​နေ ဟီး​ဂျောင်က​​တော့ ဓါတ်ပုံဆရာ​တစ်​ယောက်ဖြစ်​နေခဲ့ပြီး  ရည်မှန်းချက်မယ်မယ်ရရမရှိတဲ့ ဟွာရန်းက​ သူ့ရဲ့အရပ်အ​မောင်းနဲ့ရုပ်ရည်​ကြောင့် ဟီး​ဂျောင်ရဲ့ပင်တိုင်​မော်ဒယ်​လေးအဖြစ်ရှိ​နေပါ​တော့၏။

ငယ်စဥ်ကရူးရူးသွပ်သွပ်မက်ခဲ့ဖူးကြသည့် အိပ်မက်က​လေး​တွေ​ဟာ လက်ရှိမှာ​​တော့ဖြစ်မလာခဲ့​ပေမဲ့ တစ်​ယောက်ချင်းစီနဲ့သင့်​တော်တဲ့အိပ်မက်က​လေး​တွေကိုတော့ သူတို့တွေ့ရှိသွားခဲ့ပြီ။

Way Back Home ( Completed )Where stories live. Discover now