14🍂

2K 177 10
                                    

Unicode

နေ့​​တွေ၊ည​တွေဟာ ​ပုံမှန်အတိုင်းပြောင်းလဲသွားခဲ့​ပေမဲ့ မ​ပြောင်းလဲသွားသည်က​တော့ ထယ်​ယောင်းနံ​ဘေးဧည့်သည်​ကောင်​လေးရှိမ​နေခဲ့သည်ပါပဲ။
​ရုတ်တရက်ပျောက်ကွယ်သွားတဲ့သူကို စက္ကန့်မလပ်​စောင့်ဆိုင်း​နေမိခဲ့တာ တစ်ပတ်​ဆိုတဲ့အချိန်ကိုကျော်လွန်​နေခဲ့ပြီ ..။

အားလုံးက ဒါကိုအိပ်မက်လို့​ပြောကြတယ် ..။
ဧည့်သည်​ကောင်​လေးဆိုတာ ကျွန်​တော်တစ်ဦးတည်းဖန်တီးထားခဲ့တဲ့ပုံပြင်​လေးတစ်ပုဒ်ပါပဲတဲ့ ..။

' ​ဂျောင်ဂု​ရေ .. မင်းဘယ်မှာလဲ '

​မှောင်မိုက်​နေတဲ့​ကောင်းကင်ပြင်ကြီး​အောက် ကျွန်​တော်တစ်​ယောက်ထဲ​ပြေးလွှား​နေခဲ့ရင်း တစ်စုံတစ်​ယောက်ကိုရှာ​ဖွေ​နေမိသည်။

' ​​ဂျောင်ဂု .. ငါ​ခေါ်​နေတယ်​လေ .. '

အ​မှောင်ထုကလွဲ၍ ကျွန်​တော့်အနားဘာတစ်ခုမှရှိမ​နေ။

' ​ဂျောင်ဂု .. ဟင် '

အဖြူ​ရောင်အရိပ်က​လေးဟာ တ​ရွေ့​ရွေ့နဲ့ကျွန်​​တော့်အနားဆီလက်က​လေးကိုလှမ်း​ပေး​နေခဲ့တယ်။

' ​ဂျောင်ဂု .. ​ဂျောင်ဂု! မသွားပါနဲ့ .. '

လက်လှမ်းလို့မှီခါနီးဆဲဆဲမှာပဲ ​တ​ရွေ့​ရွေ့နဲ့​ဝေးကွာသွားပြန်တယ်။
​ပြေးလိုက်ခဲ့မိတဲ့​ခြေလှမ်း​တွေနဲ့အတူ ထပ်ပြီး​ပျောက်ကွယ်သွားခဲ့တယ် ..။

" ​ဂျောင်ဂု!! "

အလန့်တကြားနိုးထလာခဲ့ရသည့်အခိုက်အတန့်​​တွေမှာ ကျွန်​တော့်တစ်ကိုယ်လုံးဟာ မျက်ရည်​တွေလား ​ချွေးစ​တွေလားမသဲကွဲခဲ့။
ညစဥ်မက်​နေခဲ့တဲ့အိပ်မက်​တွေထဲ ဧည့်သည်​ကောင်​လေးတစ်ဦးထဲကသာ​နေရာယူ​နေခဲ့တယ် ..။

အိပ်​ပျော်​နေတဲ့အချိန်​တွေမှာ​တောင် အိပ်မက်ထဲအထိကျွန်​​တော်ဟာသူ့ကိုလိုက်ရှာ​နေမိတယ် ..။

ဖွား​ပြောခဲ့သည်ဟာမှန်​နေခဲ့ပါ၏။
ထို​နေ့ကကျွန်​တော် ဝရံတာ​လေးဆီမှာလဲကျ​နေခဲ့တာ ..။
ကျွန်​တော့်မှတ်ဥာဏ်​တွေက ဒါကိုမှတ်မိ​နေခဲ့ပါသည်။

Way Back Home ( Completed )Where stories live. Discover now