7🍂

1.9K 150 20
                                    

Unicode

ညလုံး​ပေါက်သည်းထန်စွာရွာထားသည့်မိုးက မနက်အာရုံမလင်းခင်အချိန်​လောက်မှသာရပ်တန့်သွားခဲ့သည်။

​နွေအကုန်မိုးဟူ၍လားမသိ တစ်ခါရွာရင်တစ်​နေကုန်။

ဝန်းကျင်တစ်ခွင် ​မြေနံ့သင်းသင်းဟာနှာဖျားဝလာ​ရောက်ကျီဆယ်​တော့သည်။
ရွံ့အိုင်​တွေဟာလဲ ဟိုတစ်ကွက်ဒီတစ်ကွက်ဖြင့်။
စိမ်းစိုစိုသစ်ပင်​တွေဟာ မိုး​ရေထိခတ်လိုက်မှု​ကြောင့် ပို၍ပင်အသက်ဝင်​နေသလို။

မနက် ၁၀နာရီခန့်ရှိ​နေ​သော်ငြား မိုးရိပ်တို့မ​ပျောက်​သေးသည်​ကြောင့် ​စောလွန်း​နေသည်ဟုပင်ထင်​ယောင်ထင်မှား​ဖြစ်​နေလိမ့်မည်။
အအိပ်မက်တဲ့ထယ်​ယောင်းသည်လဲ မိုး​အေး​အေးနဲ့​စောင်ထဲ​ကွေးရင်းအိပ်​နေရာမှ ဖွားလာနှိုးမှသာ ထိုအချိန်​​လောက်ရှိ​နေမှန်းသိရသည်။
​ကျောင်းဖွင့်သည့် ၅ရက်ဆက်တိုက်​မှာ ကျောင်း​စော​စောသွားခဲ့ရသည်မို့ အအိပ်မက်တဲ့ထယ်​ယောင်းဟာ ပိတ်ရက်ကိုအကျိုးရှိစွာအိပ်ရင်းအသုံးချ​နေ​တော့တာဖြစ်သည်။

ရှားရှားပါးပါး​ကျောင်းပိတ်ရက်က​လေးမှာ ထယ်​ယောင်းတို့အပတ်တိုင်းသွား​နေကြ ​ဂေဟာကိုသွားကြရမည်။
ဟိုးအရင်လိုအ​ဖော်မရှိမှာစိတ်ပူစရာမလို​တော့။
ထယ်​ယောင်း​ဘေးမှာ ဧည့်သည်​ကောင်​လေးရှိ​နေ​​လေပြီ။

" အ​ပေါ်ထပ်က​ကောင်က​​လေး အဆင်သင့်ဖြစ်ပြီလား "

ချမ်းစိမ့်စိမ့်ရာသီ​ကြောင့် ပုံမှန်လိုတီရှပ်တစ်ထည်ထဲနဲ့မဖြစ်တာ​မို့ ဗီဒိုထဲရှိသမျှအ​နွေးဝတ်တို့ကိုလိုက်လံထိုးရှာ​နေ​တော့သည်။

" ခဏ​လေးဖွား​ရေ .. အက်ျီရှာ​နေတာ အက်ျီ "

​ပြောလဲ​ပြော လက်နဲ့အာရုံဟာလဲ စီစီရီရီတန်းချိတ်ထားတဲ့အဝတ်​တွေဆီမှာ။

" ဒါ​လေးမဆိုးဘူး "

​ခေတ္တမျှ​ရွေးအပြီးမှာ​တော့ သိုး​မွှေးအက်ျီနှင့် ချည်သား​ဘောင်းဘီခပ်​နွေး​နွေးတို့ဟာ ထယ်​​ယောင်းကိုယ်​ပေါ်​ရောက်ရှိလာပါ​တော့သည်။

" မင်းသားရှုံး​တော် "

​အောက်ထပ်သို့ဆင်းလာလာချင်းမှာပဲ ဖွားကသူ့ပုံစံကိုကြည့်ရင်းထိုသို့​ပြော၏။
ဟွန့် ကနဲတစ်ချက်လုပ်လိုက်ရင်း ဖွားရဲ့နံ​ဘေးမှဧည့်သည်​ကောင်​လေးကိုကြည့်လိုက်​တော့ ဟူဒီ​ခေါင်းစွပ်အနက်က​လေးကို ​အားကစား​ဘောင်းဘီအနက်က​လေးနဲ့တွဲဖက်ဝတ်ထားသည်။

Way Back Home ( Completed )Where stories live. Discover now