28🍂

2.2K 195 38
                                    

Unicode

ကံကြမ္မာဟာ သူ့အတွက်​ပျော်ရွှင်မှု​​တွေကိုတမင်ယူ​​ဆောင်လာမ​ပေးတာလား ..။
ဒါမှမဟုတ် .. သူ့ကံကြမ္မာကပဲဆိုးရွားလွန်း​နေခဲ့တာလား ..။

​ဆေးရုံမဆင်းခင်အ​ခြေအ​နေမှာ ​ဒေါက်တာတစ်​ယောက်ကသူ့ကိုထိုသို့​မေးခဲ့၏။
'ခွဲစိတ်မှုပြုချင်သလား' တဲ့​လေ။

ခွဲစိတ်မှုတစ်ခုအတွက် ဖြစ်လာမည့်အကျိုးဆက်​တွေကိုသူနားလည်လိုက်သည်။
ကုသမှုမပြုရင် သူ့​ရောဂါကပိုဆိုးလာနိုင်သည်။
ခွဲစိတ်ခဲ့ရင် သူ့ဦး​နှောက်က ရှင်သန်လည်ပတ်လာခဲ့တဲ့ဒီအတိတ်ကို​​မေ့​သွားနိုင်ဖို့ရာခိုင်နှုန်းများသည်။

သူဘာဆက်လုပ်သင့်လဲ ..။
နာကျင်ရလွန်းတဲ့ဒီလိုအ​ခြေအ​နေမှာ၊ ဒီအတိုင်းပဲဆက်​ရှင်သန်​နေပြီး ​​သေပြစ်လိုက်ရမလား။
ဒါမှမဟုတ် .. အရာအားလုံးကို​​မေ့သွားနိုင်​အောင် ခွဲစိတ်မှုပြုလိုက်သင့်လား ..။

နှလုံးသားကနာကျင်​နေ​ပေမဲ့ တကယ်တမ်းမှာသူဒီအချိန်​တွေကိုမ​မေ့ရက်နိုင်ခဲ့ပါဘူး။
​သေ​လောက်​အောင်နာကျင်​နေ​ပေမဲ့၊ သူ့ကိုအားလုံးဝိုင်းလိမ်ထားကြ​ပေမဲ့ .. သူစိတ်မနာနိုင်​ခဲ့ပါဘူး။
ဒီအတိုင်းပင်ပန်းလွန်းလို့ အချိန်ခဏ​လောက်ပဲ​ဖြစ်ဖြစ်​မေ့ပြစ်လိုက်ချင်ရုံပါ။

ဧည့်​သည်​ကောင်​လေးရယ်၊ဖွားရယ် ပြီး​တော့ ဟွာရန်းတို့သုံး​ယောက်ရယ်။
​လူနာကုတင်​ပေါ်မျက်ဝန်း​သေ​တွေနှင့် ရှိ​​နေခဲ့သည့်ထယ်​ယောင်းကိုကြည့်ရင်း ​အပြစ်လုပ်ထားခဲ့သည့်အပြစ်သားတွေလို ဟွာရန်းတို့သုံး​​ယောက်လုံးကငြိမ်သက်ရင်း ​ပြောစရာစကားရှာမ​တွေ့ဖြစ်​နေခဲ့တာ။
အယုံကြည်ရဆုံးလူ​တွေရဲ့ လိမ်ညာထားခြင်းခံခဲ့ရသည့်အ​ကြောင်းကိစ္စ​တွေကိုသိသွားပြီမို့ ထယ်​ယောင်းသူတို့ကိုလဲစကားပြန်မ​ပြောချင်​သေးခဲ့ပါ။

မကြာခဏအတိတ်ကမှတ်ဥာဏ်​တွေ​ပျောက်ဆုံးပြီး၊ အကြိမ်​ပေါင်းမနည်း​​မေ့​မြောလာတက်တဲ့အ​ဖြေဟာ Amnesia ပါတဲ့ ..။
ရယ်ချင်စရာမ​ကောင်းဘူးလား .. သူကျမှ၊ သူ့ကိုကျမှ ..။

​လေ​ပြေနုနုတိုး​ဝှေ့​နေတဲ့အခိုက်မှာ သူ့ဆံနွယ်​တွေပါထို​လေနဲ့အတူလွင့်​မြော​နေခဲ့သည်။
သစ်ပင်သစ်ရိပ်တို့အုံ့မှိုင်း​နေသည့် နှစ်ထပ်တိုက်ပု​လေးရဲ့အ​ပေါ်ထပ်က​လေး။
ဝရံတာပြင်​ပေါ်ထိုင်​နေရင်း အ​​တွေးတို့ဟာ ဟိုတစ်စသည်တစ်စပြန့်ကျဲလို့ ..။

Way Back Home ( Completed )Where stories live. Discover now