15🍂

2K 188 12
                                    

Unicode

" ​မြေး​ရေ .. ဖွားကို​ကော်ဖီ​လေးသွားဝယ်​ပေးပါအုံးကွယ် "

​စာ​ရေးခုံ​ပေါ်ထိုင်ကာ ​ဆေးပညာနဲ့ပတ်သတ်သည့်စာတမ်း၊မှတ်စုတို့ကို​လေ့လာ​နေရင်း ဖွားရဲ့​ခေါ်သံ​ကြောင့် တပ်ထားတဲ့နားကြပ်တစ်ဖက်ကိုဖြုတ်ကာ ​ခုံ​ပေါ်သို့တင်လိုက်သည်။
​အောက်ထပ်သို့ဆင်းလာခဲ့သည့်တိုင် ကျန်​နေခဲ့သည့်နားကြပ်​က​လေးဆီမှာ​တော့ သီချင်းသံဟာဆက်၍ထွက်​ပေါ်​နေဆဲ။

" ​​ကော်ဖီ​လျှော့​သောက်ပါဆို "

ဧည့်ခန်းထဲ​ရောက်​ရောက်ချင်းဆူပူသလိုသူ့ရဲ့အ​ပြောကို ဖွားကသဲ့သဲ့ရယ်သည်။

" ဖွားလဲ တစ်ရက်နေမှတစ်ခါပဲသောက်ဖြစ်တာပါ "

" တစ်ရက်တစ်ခါ​သောက်လို့ကို​ပြော​နေရတာ​လေဖွားရဲ့။ အဲ့လို​​နေ့တိုင်း​သောက်​နေ​​တော့ပုံမှန်ကြီးလိုဖြစ်သွားပြီးစွဲသွားရင်မ​ကောင်းဘူး။ ​နောက်ဆို​ဖွားကတစ်ရက်​​ကော်ဖီ​မ​သောက်ဖြစ်ရင် ​ခေါင်းမူးတာ​တွေ၊အိပ်မရတာ​တွေပါ ဖြစ်လာနိုင်တယ် "

သူ့ရဲ့လူကြီးဆန်ဆန်အ​ပြောကို ဖွားကသ​ဘောကျသလို။
ရယ်သံသဲ့သဲ့ကို ​နားဝင်ချိုစွာကြား​နေရပါသည်။

" ဟုတ်ပါပြီဆရာလေးရယ် ​နား​ထောင်ပါ့မယ်။ အခု​တော့သွားဝယ်လိုက်ပါအုံး​နော် .. တစ်လက်စထဲမီယူးဆီပါဝင်ခဲ့။ ဖွားလာခိုင်းလိုက်တာ​လို့​ပြော "

​ခေါင်း​လေးညိမ့်ကာနားလည်​ကြောင်းလုပ်ပြလိုက်​တော့ ဖွားကသူ့ဆံနွယ်​လေး​​​တွေကိုဖွဖွပွတ်သပ်​​ပေးသည်။
နူးညံ့တဲ့လက်ဟာ​ခေါင်းထက်မှာ​ရောက်ရှိ​နေတာမို့ ထိုအ​နွေးဓါတ်ကိုပါးပြင်​ဆီကိုပါကူးစက်​စေရန်​နေရာ​ရွေ့လိုက်​တော့ ဖွားရယ်သံတို့မ​ပျောက်မပျက်ထွက်​ပေါ်လာပါ၏။

" ဒီ​ကောင်​လေး​တော့ အသက်ကပဲ ၂၁ရှိ​နေပြီ က​လေးလုပ်တုန်း "

ထိုအ​ပြော​ကြောင့် သူပြုံးလိုက်မိသည်။

ဟုတ်သည် .. သူ့အသက် ၂၁ နှစ်ရှိ​နေခဲ့ပြီ ..။
အချိန်​တွေဟာ ၅နှစ်​တောင်ကြာသွားခဲ့ပြီ ..။

Way Back Home ( Completed )Where stories live. Discover now