Unicode
လေးပင်နေတဲ့ခြေလှမ်းတွေကိုအားယူရင်း လမ်းမကြီးတစ်လျှောက်ပြေးလွှားနေခဲ့သည်။
ကျန်နေခဲ့သည့်စက်ဘီးလေးကိုလဲမယူဖြစ်တော့။
ဘာကိုမှသတိမရနိုင်တော့ပဲ သူဒီအတိုင်းပြေးထွက်လာမိတာ။စိတ်တွေဟာရှုပ်ထွေးနေခဲ့ပြီး ခြေဦးတည့်ရာကိုသာပြေးလွှားနေခဲ့မိသည်။
မောပန်းလာတဲ့ရင်အစုံကိုလဲလျစ်လျူရှုရင်း၊ နာကျင်လာတဲ့ခြေထောက်တွေကိုလဲ ဂရုမပြုမိရင်း ..။ခြေခွင်ကာလဲကျမလိုဖြစ်တိုင်းမှာလဲ ရပ်တန့်လိုက်ဖို့စိတ်ကူးမရှိပဲပြေးလွှားနေမိတာ။
ဘယ်တွေရောက်နေခဲ့တာလဲ၊ဘယ်ကိုဆက်သွားနေမိမလဲသူမတွေးချင်။
အလိမ်ညာတွေများလွန်းတဲ့ ထိုလူတွေနဲ့အဝေးဆုံးဆိုတဲ့နေရာကိုသာ ရောက်ချင်သည်။
သူဦးတည်နေခဲ့သည်ဟာလဲ အိမ်ပြန်လမ်းလေးကိုမဟုတ်ပဲ ရှင်းလင်းနေသည့်ဂူဟွာရပ်ကွက်လေးတစ်ဖက်ခြမ်းမှ လမ်းကလေးဆီကို ..။မောဟိုက်နေသည့်တိုင်၊ ခြေအစုံဟာယိုင်လဲတော့မည့်တိုင် .. သူဆက်ပြီးထွက်ပြေးမိနေဆဲ။
တိတ်ဆိတ်နေပြီး တစ်စုံတစ်ယောက်မှရှိမနေသည့် ထိုနေရာရောက်မှသူ့ခြေလှမ်းတွေဟာ အလိုလိုရပ်သွားရသည်။
နံဘေးကိုဝေ့ဝဲကာကြည့်လိုက်မိတော့ ယိမ်းနွဲ့နေသည့် စိမ်းစိုစိုသစ်ပင်တွေကလွဲ သူ့အနီးမှာတစ်ဦးတစ်ယောက်မှရှိမနေ။
ထိုတော့မှ .. ထိုအချိန်ရောက်မှ အားလျှော့ကာပြိုလဲချင်လာသည့်ခြေလှမ်းတွေကိုသူလွပ်လပ်စွာပြိုလဲခွင့်ပေးလိုက်သည်။
လမ်းမထက်မှာရောက်နေခဲ့သည့်တိုင်ဂရုမပြုမိပါပဲ ထိုနေရာမှာတင် သူဟာအရုပ်ကြိုးပျက်လဲကျလိုက်သည်ဟာ ခြေပြစ်လက်ပြစ်။လဲကျလျှက်သားအနေအထားဖြင့် မြေပြင်ကိုသာတွေတွေကြီးငေးကြည့်နေရင်း မျက်ဝန်းတွေဟာအမည်ဖော်မရ။
ခပ်ကြမ်းကြမ်းလေတစ်ချက်တိုးအဝှေ့မှာ .. ဆံနွယ်တွေပါယိမ်းယိုင်သွားခဲ့ပြီး ခေါင်းငုံ့လျှက်သားအနေအထားဖြင့် မျက်နှာပြင်ကိုရှင်းလင်းစွာမြင်နေရသည်။
နေထိုင်လာခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာ တစ်ကြိမ်တစ်ခါလေးတောင် မဖြစ်ပေါ်ဖူးတဲ့ မျက်နှာထားမျိုးဟာ ယခုမှာတော့ သူ့ထံတည်ရှိနေခဲ့သည်။
YOU ARE READING
Way Back Home ( Completed )
Romanceဆယ်ကျော်သက်အရွယ်မှာမက်ခဲ့ရတဲ့ နွေဦးအိပ်မက်လှလှကလေးတစ်ခု ..