25🍂

2.2K 193 24
                                    

Unicode

နေ​ရောင်ခြည်တစ်စွန်းတစ်စဟာ ကွင်းပြင်ကျယ်ကြီးထဲမှတစ်ဆင့် tent ​လေးထဲအိပ်​ပျော်​နေခဲ့သည့်​ကောင်ငယ်​လေးနှစ်​ယောက်ဆီတိုးဝင်လာခဲ့သည်။
Tent ​လေး​ပေါ်အုံ့မှိုင်းစွာကျ​ရောက်​နေသည့် သစ်ပင်စိမ်း​စိမ်း​​တွေဆီနားခို​နေကြသည့် ​ကျေးဌက်တို့၏ ကျီကျီကျာကျာ​​အော်မြည်​နေသံဟာလဲ တိတ်ဆိတ်​နေသည့်ပတ်ဝန်းကျင်တွင် နားထဲသို့အတိုင်းသားကြား​နေရပါသည်။

​​အေးချမ်းစွာအိပ်စက်​နေခဲ့သည့်အချိန်​​တွေက ယခုမှာ​တော့​စုံလင်လှတဲ့ထိုအသံတို့ကြောင့် အာရုံ​တွေဟာ အိပ်မက်​နေသည့်အချိန်​တွေမှကွယ်​ပျောက်ရင်း လက်ရှိသို့​ရောက်လာကာ tent ​လေးထဲမှခန္ဓာကိုယ်​တစ်ခုဟာလူးလွန့်လာခဲ့သည်။
​ကော့ညွှန့်​နေသည့်မျက်​တောင်​လေး​တွေဟာ မျက်ဝန်းတို့ပွင့်မလာ​သေးသည့်တိုင် လှုပ်ခတ်​နေခဲ့သည်။
အိပ်စက်သည်တိုင်း လက်သီးဆုတ်က​လေးဆုတ်ထားတက်သည့်​ကောင်​ငယ်​လေးဟာ ယခုအချိန်မှာလဲ ထိုပုံစံလေးအတိုင်းပင် ​လေးပင်​နေတဲ့မျက်ဝန်းတို့ကိုပွင့်ဟလာ​အောင် ပွတ်သပ်​နေခဲ့သည်။

" အင့် .. "

လက်နှစ်ဖက်ကို​မြှောက်ကာ အ​ကျောဆန့်ခြင်းကိုပြုလိုက်တော့ အလိုအ​လျှောက်ထွက်​ပေါ်လာသည့်အသံ​သေး​သေးဟာထို tent က​​လေးထဲချစ်စဖွယ်။

ဆန့်ထုတ်ထားသည့်လက်ကိုတစ်ဖက်သို့ပြန်ချလိုက်​တော့ ထိကပ်သွားရသည့်ခပ်​နွေး​နွေးအရာတစ်ခု။

" ဟမ် "

အိပ်ချင်မူးတူးဖြစ်​နေသည့်မျက်ဝန်းတို့ကိုအတင်းကာ​ရောပွတ်သပ်ကာ လှဲ​နေရာမှအလျှင်အမြန်ထကြည့်လိုက်​တော့ သူ့နံ​​ဘေးမှာ ဟီချွန်းယူကမလှုပ်မယှက်အိပ်​နေသည်။

" သူက .. ဘယ်လို "

​ခြေပြစ်လက်ပြစ်နဲ့ပက်လက်လှန်ကာ ပါးစပ်ကြီးဟရင်းအိပ်​နေသည့်ချွန်းယူကိုကြည့်ရင်း ထယ်​ယောင်းငူငူငိုင်ငိုင်။

" ​ချွန်းယူ .. ထအုံး .. ​ဟေ့​ရောင် "

အိပ်​နေဆဲချွန်းယူခန္ဓာကိုယ်ကိုတွန်းရင်း၊သူ့ဆီပြန်ဆွဲရင်းဖြင့် နှိုး​နေ​တော့သည်။
ဒါကို​တောင်သူကနိုးလာပုံမရပဲ တစ်ဖက်သို့ပင်​ကျော​ပေးပြီးလှည့်အိပ်သွားသည်။

Way Back Home ( Completed )Where stories live. Discover now