အပြင်ကလူ - ကြည်အေး၁၉၇၁ (ကိုယ့်မှာရှိတာကတော့ ၂၀၁၆ ထုတ်ပါ)
အပြင်ကလူ ကို စဖတ်မိတာ တော်တော်နောက်
ကျမှဖတ်ဖြစ်ခဲ့တာ။ ကြည်အေးရယ်လို့ သိလာ
ရပြီးနောက် အကြောင်းကြောင်းကြောင့် အပြင်ကလူကို ဖတ်ချိန်မှာ ၂၀၁၆ ဝန်းကျင်လို့ ထင်တယ်။ မှတ်မှတ်ရရ အပြင်ကလူ စာအုပ်ရဲ့ အဆက်အကြောင်း တင်တဲ့ပို့စ်ကြောင့် လူတစ်
ယောက်နဲ့ ခင်မင်ရင်းနှီးသွားခဲ့ဖူးတယ်။ ဆိုတော့
ကြာတော့ကြာခဲ့ပါပြီပေါ့။အပြင်ကလူ ကို ဒီတခါပြန်ဖတ်ချိန်မှာ လုံးဝ ဆုံး
ဖြတ်ထားတာတစ်ခုရှိတယ်။ အေးရဲ့ဖွင့်ဟဝန်ခံ
ချက် ကို လုံးဝမဖတ်သေးဘဲ ပထမတစ်ပိုင်းမှာ
တင် ခံစားရသမျှအရင် စဉ်းစားမယ်၊ ချရေးမယ်၊ ပြီးမှ အဆက်ကိုဖတ်မယ်ပေါ့။ အဲဒါကြောင့်လည်း ဒီတခါပိုအရသာရှိတယ်လို့ထင်တယ်။
အပြင်ကလူ ဟာ တကယ်ကို စည်းအပြင်ကလူ ပါပဲ။ ဘယ်လောက်ထိများ စည်းအပြင်ရောက်
သလဲဆိုတော့ မှတ်ပုံတင်တောင်မရှိ၊ မလုပ်ဖူးပါ
ဘူးတဲ့။ အမည်နာမဟာ အရေးကြီးလို့လားတဲ့။
ခေါင်းစဉ်တွေ မတပ်ချင်သူရယ်လို့ တွေးမိတယ်။ ဇာတ်လမ်းဟာ စကားပြောနဲ့သွားပေမဲ့
မင်္ဂလာဆောင်တစ်ခုကို တည်ပြီး ပြောချင်ရာ ပြောနေတဲ့ လူနှစ်ယောက်ပဲ။ အေး ဆိုတဲ့ ဆရာဝန်တစ်ယောက်ရှိမယ်၊ ပြီးတော့ "သူ" ရယ်
လို့ နာမည်မသိရပါတဲ့ ပန်းချီဆရာလိုလို ဆွေမျိုးပဲတော်သလိုလို ဘယ်လိုပတ်သက်မှုမျိုး
ရယ်မသိရတဲ့လူရယ် မင်္ဂလာဆောင်ပွဲတက်တဲ့ ကြေးရတတ်လူတန်းစားတွေရယ် နောက်ပြီးတော့ ရေကူးကန်အလုပ်သမားရဲ့ကလေးလေးရယ်။အရာရာက စနစ်ထဲ အံမဝင်ဘဲ လွဲချော်နေတယ်။ အဲဒါဟာရယ်လည်းရယ်ရပြီး တွေးစရာ
လည်းအတော်ပေါက်တယ်။အဲဒီလူ - အပြင်ကလူ ဟာ လူအများစု ဆောက်
တည်ထားတဲ့ လူမှုစံနှုန်းတွေနဲ့ လားလားမှ မအပ်စပ်ဘူး။ ချစ်လို့ယူတယ်လို့သူပြောထားတဲ့ မိန်းမနဲ့တောင် မအပ်စပ်လို့သာ ကွဲခဲ့ကြတာပဲ။ ကွဲပြီး ၁၅ နှစ်လောက်မှာလည်း သတင်းတစ်ချက်တောင်မမေးခဲ့ဘူးတဲ့။ ဒါပေမဲ့သူပြောတာ
တွေဟာ မမှားလှပြန်ဘူး။အဲဒါက အဓိကဇာတ်ကောင်ဖြစ်နေလို့ မဟုတ်ပါ
ဘဲ အခုအချိန်မှာ သူပြောတာတွေကို နားလည်နိုင်လို့သာဖြစ်မယ်။ နားလည်နိုင်တာပဲရှိတာပါ
သူ့လိုတော့ မကျင့်သုံးနိုင်ပါဘူး။အပြင်ကလူ ဟာ အင်းယားလိတ်ဟိုတယ်ရဲ့ ရေကူးကန်ကိုလှမ်းမြင်ရတဲ့ မှန်တံခါးကနေ ထွက်ချင်နေတာ ပွဲစကတည်းကပဲ။ တကယ်လည်း အခွင့်ကြုံချိန်မှာသူထွက်သွားတယ်။ မင်္ဂလာဘိသိက်သွန်းချိန်မှာမှ မှန်ကိုခွဲပြီး အပြင်
ကိုထွက်သွားပစ်တယ်။ သူခွဲခဲ့တာက မှန်တစ်ချပ်ထက်အများကြီးပိုတဲ့ စည်းတွေပဲ။လူသားဆန်မှုအကြောင်း ပြောကြတဲ့အခါ အမှား
တရားဖြစ်တဲ့ "လူကပြည့်စုံတာမရှိတာမို့ အမှား
လုပ်မိမှာပေါ့" ဆိုတာကပဲနေရာယူနေကြချိန်မှာ
တကယ့် ဖြစ်တည်တဲ့ လူသားဆန်မှုက သူ့ရင်ထဲ
ရှိနေတယ်။သူ့ကလေးကိုအုပ်ထိန်းချင်ပုံ၊ သူ့ရဲ့လူ့ဘဝအပေါ်အမြင်၊ သူ့ရဲ့လူတွေအပေါ်အမြင်ဟာ စိတ်ဝင်စားဖို့အရမ်းကောင်းတယ်။ မီ ထက်ပိုပြီး
စိတ်ဝင်စားဖို့ကောင်းတဲ့ ပဟေဠိရှင်ဟာ ဒီလူပဲ လို့ ကိုယ်ထင်တယ်။(ဒီအထိက အပြင်ကလူ သီးသန့်ကိုဖတ်ပြီးတဲ့ အတွေးပါ)
သူ့ရဲ့ အဆက်ဖြစ်တဲ့ အေးရဲ့ဖွင့်ဟဝန်ခံချက်ကို
ဖတ်ပြီးနောက်မှာ အမြင်က ပြောင်းထွက်သွား
တယ်။ သူဆိုတာ ဘယ်သူလဲသိလာရပြီ၊ ဘာတွေဖြစ်ခဲ့ကြသလဲသိလာရပြီ။ အေးရဲ့အတွေး တွေ၊ သူ့ရဲ့အတွေးတွေ။ ဒီကြားထဲမှ အဖျက် လို့
ခေါ်ရမယ့် နုနုရဲ့လုပ်ရပ်တွေက ပေါ်လာပြန်
တယ်။ အေးရဲ့ဖွင့်ဟဝန်ခံချက်မှာက အေးကိုပါ
ပထမတစ်ပိုင်းနဲ့ကွဲထွက်စေခဲ့ပြီး အပြင်ကလူ
နှစ်ယောက်ဖြစ်လာစေတယ်။အားလုံးကိုတစုတစည်းထဲဖတ်ပြီးရင်တော့ စိတ်
ထဲမှာ ဘယ်လိုကျန်နေခဲ့မလဲ မဖော်ပြတတ်အောင်ကိုပဲ နောက်တခါပြန်ဖတ်ချင်သွားပါလိမ့်မယ်။
ESTÁS LEYENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။