လေနံရံ - ဝေယံဘုန်း

572 21 0
                                        

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.


"လေနံရံ"

စာရေးသူ - ဝေယံဘုန်း

ခုနှစ် - ၂၀၂၃

ထုတ်ဝေသည့်တိုက် - ကံ့ကော်ဝတ်ရည်စာပေ

လေနံရံ ကို စကြေငြာကတည်းက စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပြဿနာက ဈေးနှုန်းနည်းနည်းများတယ်လို့ ထင်နေတာနဲ့ တန်းမဝယ်ဖြစ်သေးဘူး။ လျှော့ဈေးပေးတုန်းကလည်း မဝယ်ဖြစ်ဘဲ မထင်မှတ်တဲ့အချိန်မှလက်ထဲရောက်လာခဲ့တဲ့ စာအုပ်ပေါ့။

ဘီသိုဗင်ရဲ့ ဆိုနာတာရယ်၊ နဝဒေးကြီးရဲ့ ရတုတွေရယ်နဲ့ ဆိုတော့ စိတ်ဝင်တစားဖတ်ကြည့်ခဲ့ပြီး အစပိုင်းမှာ နည်းနည်းလေး လေးတယ်လို့ခံစားရတယ်။ လေးတယ်ဆိုတာထက် ရှင်းပြချင်တာများနေပုံလိုမျိုး။ (စကားမစပ် အမှာစာကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ အမှာစာကြောင့်သာ ဆက်ဖတ်ဖြစ်ခဲ့တာပဲ။ ဆရာတော်ကောင်းမင်းရဲ့ အမှာစာနဲ့ စာရေးသူကိုယ်တိုင်ရဲ့အမှာစာ)

ဒီလိုနဲ့ ဇာတ်လမ်းကိုဖတ်ကြည့်ပြီး ပထမ အပိုင်း ၁ ပိုင်းအပြီးမှာ ခဏရပ်ထားဦးမယ်ဆိုပြီး လုပ်လိုက်တာ တစ်လကြာသွားတယ်။ ပြန်ဖတ်ကြည့်ဦးမယ်ဆိုပြီး ကိုင်တော့လည်း လက်ကမချစတမ်းကို ဆွဲဆောင်နိုင်သွားတာပဲ။

မြင်နေတွေ့နေကြမဟုတ်တဲ့ သမားရိုးကျကနေ ကွဲထွက်နေတဲ့ တက္ကသိုလ်ဆရာ ဇာတ်ကောင်ကို အဓိကဇာတ်လိုက်အဖြစ် ထားထားတယ်။ ဆရာ ဦးမင်းဟန် ဆိုတာ ရန်ကုန်တက္ကသိုလ်က မြန်မာစာ ကထိကတစ်ယောက်။ ကျန်းမာရေးလိုက်စားလွန်းလို့လူငယ်ကျောင်းသားတွေနဲ့အပြိုင် နုပျိုပြီး အားကျနေရတဲ့လူမျိုး။ ဒီလူက ဘဝကို ရတဲ့နည်းနဲ့ ကျေနပ်အောင်နေနေတဲ့လူမျိုး။ ဘာသာမဲ့ တစ်ယောက်အဖြစ် ဘာသာတရားတွေကို မယုံကြည်ပေမဲ့ တပါးသူက ကိုးကွယ်နေတာပါဆိုတော့လည်း ကန့်ကွက်တာမျိုးမလုပ်တဲ့သူ။ ဒီလူဟာ (အနည်းဆုံးတော့ အဲဒီဝတ္ထုအခြေတည်ထားတဲ့ ခုနှစ်ကာလ အပိုင်းအခြားက) မြန်မာပြည်ရဲ့ တက္ကသိုလ် ဆရာ ဆိုတဲ့အလုပ်နဲ့ သိပ်မကိုက်ညီချင်တဲ့လူမျိုးပဲ။ အိမ်ထောင်ကွဲကိုမှ သမီးလေးတစ်ယောက်ရှိပေမဲ့ မိန်းမကခေါ်သွားတာမို့ သူက လူလွတ်လိုပဲနေခွင့်ရတယ်။ တကယ်လည်း နေတယ်။ မိန်းမတွေနဲ့ ပတ်သက်တယ်။ ဝီစကီလေးအရသာခံလိုက် ပီယာနိုလေးတီးလိုက် စာလေးဖတ်လိုက်နဲ့ လောကကြီးကို "ကြည့်ကြပ်လုပ်" ရင်းနေပျော်အောင်နေသူပေါ့။

Random Thoughts on BOOKSМесто, где живут истории. Откройте их для себя