အဆိပ် - ထင်လင်း (The Judas Tree - A.J.Cronin)

54 2 0
                                        

အဆိပ် - ထင်လင်း
The Judas Tree - A.J.Cronin
1981

ကိုယ့်ဟာကိုယ်ဆို ဖတ်ဖြစ်မယ်မထင်ခဲ့တဲ့ ဒီစာအုပ်က လက်ဆောင်ရခဲ့တာ။ ဖတ်ပြီးတဲ့အချိန်မှာလည်း တော်တော်ကိုတွေးစရာတွေရသွားခဲ့တယ်။ ဒါပေါ့၊ သာမန်စာအုပ်မဟုတ်
တာတော့ သိတာပေါ့လေ။ ဒါပေမဲ့ ဆရာသော်တာဆွေ အမှာစာရေးထားသလိုပဲ "စာအုပ်
ကောင်းတွင် အသက်ဝိညာဉ်ရှိ၏" ဆိုတာရယ်
စာကောင်းပေမွန်ရယ်ဆိုတာကို ဒီစာအုပ်ပါးပါး
ကလေးမှာ အသေအချာအမိအရကိုခံစားမိတော့တာပဲ။

ဇာတ်လမ်းထဲက ဒေးဗစ်မိုရေး ဆိုတဲ့ ဆရာဝန် က ဆင်းရဲနုံချာတဲ့ဘဝကနေ ကံကောင်းလွန်းစွာ
နဲ့ရော ကိုယ်တိုင်က နေတတ်ထိုင်တတ်နေရာယူ
တတ်တာရောနဲ့ အခွင့်အလမ်းကောင်းတွေကြုံခဲ့
တယ်။ သူ့အတွက်တော့ သူရခဲ့တာတွေဟာ အခွင့်အလမ်းကောင်းတွေပဲ။ ဒါပေမဲ့ သူစွန့်လွှတ်ခဲ့
ရတဲ့ သစ္စာတရားတွေ၊ ရည်ရွယ်ရင်းတွေ၊ ယုံကြည်မှုတွေပါလာရင်တော့ သူဟာ အဆိပ်
တွေကိုပဲ ရွေးချယ်မိရက်သားဖြစ်နေတယ်။
မိုရေးက IQ မြင့်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ EQ ကတော့ မရှိသလောက်ပါပဲ။ ကျိကျိတက်
ချမ်းသာသွားတာတောင်မှ ပျော်ရွှင်မှုအစစ်အမှန်ကိုသူမရခဲ့ဘူး။ ရလာတော့လည်း
သူကိုယ်တိုင်ပဲ လက်နဲ့ပုတ်ထုတ်ခဲ့ပြန်တယ်။
စိတ်ပျော့လွန်းတဲ့ ယိမ်းယိုင်လွယ်တဲ့ အမှားတွေ
ချည်း ထပ်ခါထပ်ခါပြုလုပ်နေတဲ့ အဆိပ်သင့်
လူသားတစ်ယောက်အကြောင်းကို ယုဒသစ်ပင်
မှာ ရေးပြသွားတယ်။

ဒီအကြောင်းအရာကို ပါပီယွန်လားမသိ တစ်
ယောက်ယောက်က စာထဲပြန်ထည့်ရေးတာ ဖတ်
ဖူးသလိုပဲ။ မေရီဆိုတဲ့နာမည်နဲ့ မိုရေးရဲ့ဘဝကို
တော်တော်ရင်းရင်းနှီးနှီးသိနေတယ်။ ဘယ်စာအုပ်ထဲကလဲတော့ မပြောတတ်တော့ဘူး။ မေ့နေ
ပြီ။

ဒီစာအုပ်ဖတ်ရင်း အမှတ်တရကတော့ ကိုယ်ကဇာတ်လမ်းဘယ်လိုဖြစ်မလဲ ကြိုသိပေမဲ့ ဘာဖြစ်မယ်လို့ တိတိကျကျသိတာမဟုတ်လေတော့
ခန့်မှန်းကြည့်တာပေါ့။ ဇာတ်လမ်းရဲ့ ပလော့တွစ်စ်က ဒီလိုလာလေမလားပေါ့လေ။ ခက်တာက
စာရေးသူက အေဂျေခရိုနင်လို ဆရာကြီးလေ။
ကိုယ်က မတတ်တခေါက်သွားခန့်မှန်းတာ။ အေဂျေခရိုနင် လုပ်ချပစ်တဲ့ ပလော့တွစ်စ်ကမှ တကယ် ပိုရက်စက်တာ။ ကိုယ်တွေးထားတာက
တောင် ကိုရီးယားကားဆန်နေဦးမယ်။

ဆွစ်စ်ကရွှမ်ဆီးရယ်၊ စကော့တလန်က ဘူတာရုံ
လေးရယ်၊ ချစ်သူတို့ရဲ့မြို့ ဗီယင်နာကိုလည်း
သွားလည်ချင်သွားတယ်။

ယုဒသစ်ပင်ကိုလည်း အပြင်မှာတွေ့ဖူးချင်တယ်။ နောင်တတရားနဲ့အပြစ်ရှိစိတ်တို့ရဲ့ သင်္ကေတ၊ ဝိညာဉ်ပျောက်ဆုံးသူတို့ရဲ့သစ်ပင် တဲ့။
ဒီစာအုပ်လေးကတော့ ဘဝမှာ အမြဲတမ်းထူးခြားနေတော့မှာပါပဲ။

P.S : အခုမြန်မာပြည်ရဲ့အခြေအနေမှာ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့မေးခွန်းတွေ ရွေးချယ်ကြ
တာတွေ မြင်တဲ့အခါ အေဂျေခရိုနင်ရဲ့ ယုဒသစ်ပင်ကို ပြေးမြင်တာပါပဲ။

#အဆိပ်
#ထင်လင်း

Random Thoughts on BOOKSМесто, где живут истории. Откройте их для себя