တွဲနံပါတ် - ၈ - သဲဆုမွန်
ဒီစာအုပ်က ထွက်တာရက်ပိုင်းပဲရှိဦးမယ်။ Facebook ပေါ်က အညွှန်းတစ်ခုကိုဖတ်မိရင်းနဲ့
စာအုပ်မှာတော့ ထည့်မှာဖြစ်လိုက်တာ။ စာအုပ်
လေးက ပါးပါးလှပ်လှပ်ကလေး။ စာမျက်နှာ ၁၁၄ မျက်နှာပဲရှိတယ်။ ဒါပေမဲ့ တွေးစရာတွေက မီးခိုးတန်းလိုကျန်ခဲ့တာ။ တော်တော်နဲ့မပျောက်ဘူး။
ဘုန်းသစ်၊ ညိုမီ၊ ခက်ဝေ၊ မြင့်မြတ်ပိုင် နဲ့ မေသွယ် ဆိုတဲ့သူငယ်ချင်း ၅ ယောက်က ရထားနဲ့
ပုဂံခရီးသွားဖို့ထွက်လာကြတယ်။ ဘဝနောက်ခံ
မတူညီတဲ့ ၅ ယောက်က စိတ်ဖိစီးမှု မွန်းကျပ်မှု
ပူလောင်မှုကိုယ်စီ သယ်ပိုးထားရင်း စိတ်ပြေလက်ပျောက် ထွက်လာကြတာ။ တနေရာအရောက်မှာတော့ ရထားက တခုခုဖြစ်သွားပြီး
သူတို့အားလုံး ကိုယ်စီ သီးသန့်ကမ္ဘာတစ်ခုစီကိုရောက်ရှိသွားကြတယ်။ စိတ်ရဲ့ပြဿနာတွေကို
အဖြေရှာတွေ့နိုင်တဲ့ ကမ္ဘာတစ်ခုပေါ့။ လွယ်လွယ်နဲ့တော့မဟုတ်ခဲ့ဘူး။ ပြဿနာတွေရဲ့အရင်းအမြစ်ကို ကိုယ်တိုင်ဝင်ခံစားရင်း တခြား
သူရဲ့ရှုထောင့်ကနေ ကြည့်ရင်း ကိုယ်တိုင်အဖန်
တလဲလဲ အားထုတ်ရင်းနဲ့ အဖြေကိုယ်စီတွေ့လာ
ကြတာ။
အစကနေ ပြန်ပြောရရင်
ဘုန်းသစ် က စာရေးဆရာတစ်ယောက်။ သူ့မှာ
အိပ်မက်တွေရှိတယ်။ ဒါပေမဲ့ သူ့ကိုယ်သူထက်
သူများတွေကို ဦးစားပေးလွန်းတဲ့ စိတ်အခံကြောင့် ကိုယ်တိုင်က ခက်ခဲကျပ်တည်းလာရ
တယ်။ တပါးသူကို မငြင်းဆန်တတ်သူ။ တစ်နည်းအားဖြင့် People Pleaser တစ်ယောက်။
ငွေကြေး၊ အလုပ်အကိုင်၊ လူမှုဘဝ၊ မိသားစု ဘာမှ အဆင်ပြေမနေတော့တဲ့အဆုံး "သေချင်တယ်" လို့ သူငယ်ချင်းတွေကိုရင်ဖွင့်မိသူ။
ညိုမီကတော့ လောဘ၊ဒေါသ၊ မောဟ အပြည့်နဲ့ စီးပွါးရေးသမား။ အမေနဲ့ညီမအတွက် ပိုက်ဆံရှာရမယ် ဆိုတဲ့ခေါင်းစဉ်နဲ့ တခြားသူတွေကို မစာနာနိုင်တော့ဘဲ ပိုက်ဆံကို အငမ်းမရရှာဖွေသူ။
အပူစာတွေစားနိုင်သူ။ အမေက စိတ်ပျက်စွာနဲ့ ပြောဆိုခံရပြီး နောက်ဆုံး အမေက ဆုံးပါးသွား
တဲ့နောက် ညိုမီဟာ အဝေးတနေရာမှာ စိတ်ဖြေကြဖို့ သူငယ်ချင်းတွေကို အကြံပြုလိုက်သူ။
ВЫ ЧИТАЕТЕ
Random Thoughts on BOOKS
Документальная прозаဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
