ပင်လယ်နှင့်တူသော မိန်းမများ - ဂျူး
ဆရာမ ဂျူးရဲ့လုံးချင်းဝတ္ထုတွေထဲမှာ အကွဲပြား
ဆုံး တစ်အုပ်ဆိုရင် ကိုယ်တော့ ဒီစာအုပ်ကိုပြေး
မြင်တာပဲ။ ပင်လယ်နှင့်တူသော မိန်းမများ ဆိုတဲ့ ခေါင်းစဉ်မှာကိုက အားကောင်းတဲ့ အစွမ်းသတ္တိတစ်မျိုး ခံစားရတယ်။
ဆရာမ ဂျူး ကို အရေးအသား အပြင် လေ့လာမှုအား ကောင်းတာကို ချီးကျူးကြတယ်ဆိုရင် ဒီစာအုပ်က တခြားဝတ္ထုတွေထက် ပိုပြီးတောင် အသိအမှတ်ပြုခံရသင့်တဲ့လက်ရာတစ်ခုပါ။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ဦး နဲ့ နှောင်းပိုင်း မြန်မာပြည်ကို မိန်းမသား မျိုးဆက် ၃ ဆက်နဲ့ပုံဖော်သွားခဲ့တယ်။
အစကနေ အဆုံးမှာ ဟင်္သာ ဆိုတဲ့လူက ဇာတ်ကြောင်းပြောသူ။ ဒါပေမဲ့ သူ့ဘဝက ရှင်ရက်နဲ့ သေဆုံးခဲ့ပြီးပြီ။ ဘာအတွက်ရယ်လို့ ရည်ရွယ်ရှင်သန်ရမှန်းလည်းမသိတော့တဲ့ ဟင်္သာ ဟာ မြစ်ပြင်ကျယ်မှာ မော်တော်စက်လှေတွေပေါ် လွင့်မြောရင်းနဲ့ပဲ
ဖြတ်သန်းနေရတယ်။ သူ့မှာ အနေဝေးတဲ့ သမီးတစ်ယောက် သားတစ်ယောက်ရှိတယ်။
အဲဒီ သမီး နဲ့ သားကို အဘွားဖြစ်သူရဲ့ နောက်ဆုံးအချိန်လိုက်ပို့ဖို့ ပြန်တွေ့ကြရင်း ဟင်္သာက ရှည်လျားရှုပ်ထွေးတဲ့ ဇာတ်ကြောင်းကြီးကိုပြောပြခဲ့တယ်။ ဟင်္သာ ကိုယ်တိုင်က ပါဝင်ပတ်သက်သူဆိုပေမဲ့ ဒီဇာတ်ကြောင်းဟာ ငွေအိမ်ရယ် ခင်မင်းမေရယ် အိမ်စိုးမေရယ် ဆိုတဲ့ မိန်းမသားတွေ အကြောင်းပဲ။
ဒါဆို ငွေအိမ်၊ ခင်မင်းမေ နဲ့ အိမ်စိုးမေ က ဘယ်သူတွေလဲ။
ငွေအိမ်ဟာ အင်္ဂလိပ်ခေတ် ဘီအိုစီ ရေနံတွင်းရဲ့ ရေနံတွင်းလုပ်သားက မွေးတဲ့ အလုပ်သမလေးပဲ။ ငွေအိမ် ချစ်မိသူကကျ
အဲဒီ ရေနံတွင်းပိုင်ရှင်ရဲ့သား အရာရှိလောင်း
လျာ မင်းခေါင်။ အဆင့်တွေကျော်ခဲ့ပြီးမှ မင်းခေါင်က အရာရှိအိပ်မက်ပျက်မှာစိုးလို့ ငွေအိမ်ကို ပစ်ပယ်ခဲ့တယ်။
ကိုယ်ဝန်တစ်ခုနဲ့ အရာအားလုံးဆုံးရှုံးသွားတဲ့ ငွေအိမ်ကို သတ္တိရှိရှိနဲ့ ကလေးမွေးဖွားဖို့
အစစအရာရာကူညီထောက်ပံ့ခဲ့တာကတော့ မင်းခေါင်ရဲ့ အစ်မ သူဌေးသမီး ခင်မင်းမေ။
YOU ARE READING
Random Thoughts on BOOKS
Non-Fictionဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
