ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ - မိုးမိုး (အင်းလျား)
၁၉၈၁
အင်မတန် မြန်မာဆန်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်းပေါ့။ ပြန်ဖတ်တိုင်းလည်း ကြေကွဲ
နာကျင်ရတဲ့ စာအုပ်ကလေး။
ဆရာမ မိုးမိုး (အင်းလျား) ရဲ့စာအုပ်တွေထဲမှာ အများအားဖြင့် အချစ်ဟာ ဘဝရုန်းကန်ရပ်တည်ရေးတွေကြားထဲ ပျောက်ဆုံးသွားတတ်
တယ်လို့ ဖော်ပြလေ့ရှိတယ်။ ဒီစာအုပ်ကတော့
အချစ်ကို ဦးစားပေးချင်ခဲ့လို့ လွဲချော်သွားခဲ့တဲ့
ကံကြမ္မာအကြောင်းလို့ ပြောချင်တယ်။ ဆရာမ
မိုးမိုး (အင်းလျား) ရဲ့ကလောင်စွမ်းကြောင့် ဒီ ကြေကွဲဖွယ်ပုံပြင်လေးက ပိုပြီး အသက်ဝင်လာ
ခဲ့တယ်။ ကိုယ့်အတွက်တော့ အမြဲတမ်းအတွက်
မမေ့နိုင်တဲ့ ဝတ္ထုတစ်ပုဒ်လို့ဆိုရင်မမှားပါဘူး။
ဇာတ်လမ်းက မြန်မာဆန်တယ်။ ဒီနေရာမှာ မြန်မာဆန်တယ် ဆိုတာ ကောင်းတဲ့နည်းနဲ့ ဆန်တာလား၊ ဆန့်ကျင်ဘက်အားဖြငိ့ ဖော်ညွှန်း
တာလား လို့စဉ်းစားစရာပဲ။ ကိုယ်တော့ အစွနိး
နှစ်ဖက်မလွတ်စွာပဲ မြန်မာဆန်တာလို့ ပြောလိုက်ချင်တော့တယ်။
လင်းလင်း ဆိုတဲ့ တက္ကသိုလ်ကျောင်းပြီးစ မိန်း
ကလေးက မိဘတွေပြန်ခေါ်လို့ မိုးကုတ်ကို ရောက်လာခဲ့တယ်။ လိမ္မာရေးခြားရှိတယ်၊ မိဘ
စကားနားထောင်တယ်၊ ကိုယ်တိုင်လည်း သိမ်မွေ့တဲ့ မိန်းကလေး လင်းက တက္ကသိုလ်မှာ
အချစ်ဆိုတာကို မရှာဖွေကြည့်ခဲ့ဖူးဘူး။ စိတ်မဝင်စားတာလည်းဖြစ်ကောင်းဖြစ်မယ်။ လင်းမှာ
စေ့စပ်ထားတဲ့ ကိုကိုကြီး လို့ခေါ်ရတဲ့လူတစ်
ယောက်ရှိနှင့်နေခဲ့တယ်။ အခုမိဘတွေပြန်ခေါ်
တာကလည်း ကိုကိုကြီးနဲ့ လက်ထပ်ပေးဖို့ပေါ့။
ကိုကိုကြီးမှာက ကိုဇော်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိတယ်။ ငယ်ကတည်းက အိမ်နီးချင်း
တွေဖြစ်တာမို့ ဒီညီအစ်ကိုတွေနဲ့ လင်းက ရင်းနှီး
လာပြီးသား။ ကိုကိုကြီးက အေးဆေးလွန်းတဲ့ အပြင် အသက်လည်း လင်းထက် ဆယ်နှစ်လောက်ကြီးသေးတယ်။ ကိုဇော်ကတော့ ဒီလို
မဟုတ်၊ သွက်လက်တယ် ပုန်ကန်ချင်စိတ်လေး
နဲ့ ခပ်ပွေပွေ ခပ်ပေါ့ပေါ့လူမျိုး။
လင်းက ကိုဇော့်ကိုရင်ခုန်မိသလိုရှိတယ်။ ဒါပေမဲ့ ကိုကိုကြီးအပေါ်ထားတဲ့ စိတ်ကိုလည်း
မဆုံးဖြတ်နိုင်ဘူး။
ဇာတ်လမ်းအကျဉ်းကတော့ အဲဒါပါပဲ။ မြန်မာ ဆန်တယ်လို့ ဘာဖြစ်လို့ပြောရသလဲဆိုတာက
တော့ - နံပါတ် ၁ အချက်က လူကြီးမိဘတွေနဲ့ ပတ်ဝန်းကျင်ပေါ့။ လူကြီးတွေကိုယ်တိုင်ကိုက
နှလုံးသားထက် ဖြစ်သင့်တာဦးစားပေးလို့ အဆင်ပြေနေရတာ ဆိုတဲ့ လမ်းကြောင်းကို သိသိသာသာထိုးပေးတယ်။ ပတ်ဝန်းကျင်က
လည်း ဒီကောင်မလေးက ကိုဇော်နဲ့ကြိုက်နေမှာ ပေါ့ ဆိုတာမျိုးတွေ ကောက်ချက်ချတယ်။ အဲဒါ
တွေကြားထဲမှာ လင်းလင်းရဲ့နှလုံးသားက ယိမ်း
ယိုင်သွားခဲ့တာ။ တကယ်ဆိုဘာမှမဟုတ်တဲ့
ကားနဲ့လိုက်ပို့ပေးတာ၊ စကားရပ်ပြောတာကအစ မသင်္ကာရိပ်နဲ့ကြည့်ပြီး စွပ်စွဲပြောဆိုတတ်
တဲ့ လူ့အဖွဲ့အစည်းဟာ နှလုံးသားတစ်စုံကို ကွဲ အက်စေခဲ့တာပဲ။
နံပါတ် ၂ အချက်ကတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ။ မိန်းကလေးဖြစ်လို့ အနေအထိုင် အပြောအဆို ခံစားချက် ထိန်းသိမ်းရမယ် ဆိုတဲ့
အောက်မှာ Timing တွေလွဲချော်ခဲ့ကြရတယ်။
တကယ်တော့ ပွင့်လင်းခဲ့ကြရင် ပျော်ရွှင်စရာ
အဆုံးသတ်လေးဖြစ်ခဲ့ကြမှာလေ။
အားမလိုအားမရခြင်းတွေနဲ့ ဒီစာအုပ်မှာက လင်း ဘက်ကရေးထားတာဖြစ်လို့ တချို့နေရာ တွေမှာ လင်းနဲ့ထပ်တူခံစားရတယ်။ မွန်းကျပ်ရ
တယ်၊ စိတ်ရှုပ်ရတယ်၊ အဲ.. ကိုကိုကြီးက စကား
လေးတွေပြောလာတဲ့အခါကျတော့လည်း လင်း
နဲ့ထပ်တူ ရင်ခုန်ရပြန်တယ်။ လင်းကို ညီမလေးရယ် ညီမရယ် ကလေးရယ် လို့ခေါ်တတ်တဲ့ ကိုကိုကြီးက တကယ်သန့်စင်ကြင်နာတတ်တဲ့ အမျိုးသားပါပဲ။
လက်ထပ်ဖို့အရေးမှာ အချစ်ဆိုတာကို စူးစမ်းချင်မိတဲ့ လင်း ...။
ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေခဲ့ရတာကတော့
နှလုံးသား ထင်ပါရဲ့။
ESTÁS LEYENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
