ဖြေသိမ့်ရာကုန်စုံဆိုင် - ဖြိုးကျော်

240 13 4
                                        

ဖြေသိမ့်ရာကုန်စုံဆိုင် - ဖြိုးကျော်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ဖြေသိမ့်ရာကုန်စုံဆိုင် - ဖြိုးကျော်

၂၀၂၂

ဒီနေ့အတွက် ညွှန်းချင်တဲ့စာအုပ်ကတော့ ဘာသာပြန်စာအုပ်တစ်အုပ်ပါ။ ဖြေသိမ့်ရာကုန်စုံဆိုင် ဆိုတဲ့ ဂျပန်ဝတ္ထုတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီစာအုပ်ကို မနှစ်က Pre-Order ကတည်းက ဝယ်ထားတာ ဘာသာပြန်သူလက်မှတ်ပါပါသေးတယ်။ ဒါပေမဲ့ ဒီတလောမှ ဖတ်ကြည့်ပြီး နောက်ကျမှဖတ်မိလေခြင်းလို့ နောင်တရရတဲ့အထိ သဘောကျမိသွားတာပါ။

မူရင်းရေးသူ Keigo Higashino အကြောင်းလည်း စာအုပ်အစမှာဖော်ပြထားတော့ မဖတ်ရသေးခင်ကတည်းက ဒီစာရေးသူက ခေသူမဟုတ် ဆိုတာ ကြိုခန့်မှန်းမိပါပြီ။ ဆုတွေအများကြီးရထားတဲ့အပြင် စာပေအဖွဲ့အစည်းတွေရဲ့အကဲဖြတ်ဒိုင်၊ ဥက္ကဌ စသည်ဖြင့်လည်း လူသိများထင်ရှားသူပါ။

ဇာတ်လမ်းက တော်တော်လေးရှုပ်ထွေးတဲ့ ဇာတ်ကောင်တွေနဲ့ပေမဲ့ အဲဒါကို ရှင်းလင်းစွာ မြင်ယောင်နိုင်အောင် ရေးထားတဲ့ စာရေးသူကို မချီးကျူးဘဲ မနေနိုင်တာပါ။ ခေတ်နှစ်ခေတ်ရဲ့မတူညီတဲ့သဘာဝတွေ လူသားတွေရဲ့ ကိုယ်စီရင်ဆိုင်ရမှုတွေကို ရှင်းလင်းပြတ်သားနေအောင်ရေးပြနိုင်တာ တကယ်မိုက်တယ်။ ဘာသာပြန်သူရဲ့ ဘာသာပြန်ကလည်း ဖတ်ရတာ ထောက်မနေဘဲ ချောမွတ်လှပါတယ်။

ကိုယ်တော့ တစ်ထိုင်တည်းကိုဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်က စိတ်ဝင်စားဖို့ကောင်းလွန်းတာလည်းပါပါတယ်။

သူခိုးလေး ၃ ယောက်ဟာ ညကြီးမိုးချုပ်မှာ နာမီယာကုန်စုံဆိုင် ဆိုတဲ့ ကုန်စုံဆိုင်အဟောင်းကြီးဆီမှာ တည်းခိုမိသွားတယ်။ အဲဒီဆိုင်ဟာ ပြဿနာဟူသမျှကို ဖြေရှင်းအကြံပေးပေးနိုင်တဲ့ဆိုင်လည်းဖြစ်ခဲ့တာပါတဲ့။ အဲဒီကနေ သူခိုးလေး ၃ ယောက်က ဘယ်လိုပါဝင်ပတ်သက်မိသွားမလဲ၊ သူတို့ဘာတွေအကြံပေးမလဲ။ နာမီယာ ကုန်စုံဆိုင်က တကယ်တော့ ဘယ်လိုနေရာလဲ။

ပုံမှန်ဆိုရင် ကိုယ်က ဇာတ်ကြောင်းအသေးစိတ်ရေးပြလေ့ရှိပေမဲ့ ဒါကရေးပြလိုက်ရင် အရသာပေါ့သွားမှာစိုးလို့ကိုယ်တိုင်ဖတ်စေချင်ပါတယ်။

လူ့သဘာဝတွေအများကြီးကို ကိစ္စပေါင်းစုံကနေ ရှုမြင်ခွင့်ရမှာဖြစ်သလို ရယ်ရ၊ပြုံးရ၊ ငိုရ၊ ကြေကွဲရတာတွေလည်း အများကြီးပါပဲ။

တခြားသူတွေကို နားထောင်ပေး၊ အကြံပေးလေ့ရှိတဲ့ သူတွေ (Professional မဟုတ်တဲ့သူတွေ) ဆို ပိုဖတ်သင့်ပါတယ်။ ဒီထဲက အဆုယာ တို့ ခံစားခဲ့ရတာတွေကို ကိုယ်တိုင်လည်း Email မှာခံစားဖူးတာမို့လို့ပါပဲ။ ကိုယ့်အတွက်တော့ တက်ကျမ်းတွေထက် ဒါမျိုးစာတွေကနေ ပိုပြီး Motivation ရလေ့ရှိလို့လားမသိဘူး၊ ဒီနှစ်ဖတ်ခဲ့သမျှထဲအကြိုက်ဆုံးစာအုပ်ပါပဲ။

ကံ့ကော်ဝတ်ရည်စာပေ က ထွက်ရှိထားပြီး တန်ဖိုးကတော့ ၁၂၀၀၀ ကျပ်ပါ။

အားလုံးပဲ ဖြေသိမ့်ရာကုန်စုံဆိုင်ကနေ ဖြေသိမ့်နိုင်ကြပါစေ။

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora