ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် - ဂျူး
၂၀၀၂
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
"ပြောလိုက်ပါမေ.. စကားပင်ပေါင်း သုံးရာတစ်ဆယ့်ခုနစ်ပင်ရှိတယ်..လို့"
အိပ်မက်ဆန်ဆန် ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောချင်တယ်။
ကိုယ့်ဘဝမှာ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ကို ပြောပါဆိုရင် ဒီ စာအုပ်ထဲက ကိုခွန်သာကိုပဲ ပြောပြဖြစ်လိမ့်မယ်။ ဒီစာအုပ်ကို ဘယ်နှခါတောင်ဖတ်ခဲ့မိသလဲ မသိဘူး။ မရေမတွက်နိုင်အောင်ပဲ။ နိုင်ငံခြားသွားရရင်တောင် မဖြစ်မနေယူသွားခဲ့တဲ့အထိ စွဲလမ်းခဲ့ရတဲ့ စာအုပ်။ ဆရာမဂျူးရဲ့ အရေးအသားနဲ့ ဇာတ်ကောင်တည်ဆောက်ပုံကို လေး စားအားကျမိတဲ့ စာအုပ်။
ဒီစာအုပ်ကို လွန်ခဲ့တဲ့နှစ်ပိုင်းက ပြန်ထွက်လာတော့ ကိုယ်ဝယ်စရာတောင်မလိုလိုက်ဘဲ ချစ်ရ တဲ့သူတွေက လက်ဆောင်ဆိုပြီး အသီးသီးပေးကြလို့ ၄ အုပ်တောင်ရှိတယ်။ ပြန်ဖတ်တိုင်း လည်း နာကျင်ရတဲ့၊ ကြည်နူးရတဲ့၊အတုယူအားကျရတဲ့ ခံစားချက်တွေနဲ့ ပြည့်နေတတ်တယ်။
နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းတာလေ။ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် တဲ့။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် မေဇော်နု ဆိုတဲ့ မိန်းကလေးက စာကြည့်တိုက်ပညာ ဘွဲ့လွန်စကော်လာလျှောက်ထားတာ။ ပြင်သစ်စာလည်းတတ်သလို ပြင်သစ်ကိုလည်း သွားရ ဖို့ ပြင်နေတာ။ ဒါပေမဲ့ သူက မြဦးမေ ဆိုတဲ့ နာမည်ကြီးစာရေးဆရာမရဲ့ အတ္ထုပတ္ထိကို ပြုစု ချင်နေတယ်။ မြဦးမေကို အစောဆုံး Feminist တစ်ယောက်အဖြစ် မေဇော်ကလက်ခံထား တယ်။ မြဦးမေရဲ့ဘဝကို သူလေ့လာချင်တယ်။ သူ့ကို အမြဲကူညီပေးတဲ့ သူကလည်း crush နေတဲ့ မင်းညိုစင် ဆိုတဲ့ သူငယ်ချင်း တားနေတဲ့ကြားက သူက မြဦးမေရဲ့နေရပ်ကိုသွားပြီး လေ့လာခဲ့တယ်။ မြဦးမေက ဆုံးသွားတာကြာပြီဆိုပေမဲ့ မြဦးမေရဲ့အိမ်က စကားပင်တွေ ရာချီရှိတဲ့ ဧကပေါင်းများစွာရှိတဲ့ ရုက္ခဗေဒဥယျာဉ်တစ်ခုဖြစ်နေတာကို သူတွေ့လိုက်ရတယ်။ စကားဖြူပန်းတွေ အများကြီးရှိတဲ့အရပ်မှာ မေဇော်ဟာ ပုံပြောဆရာတစ်ယောက်နဲ့တွေ့ဆုံခဲ့ တယ်။ ပုံပြောဆရာဆိုတာက စကားပန်းတွေအကြောင်းကို စီကာပတ်ကုံး ပြောပြတတ်တာမို့ လို့လေ...။
ВЫ ЧИТАЕТЕ
Random Thoughts on BOOKS
Документальная прозаဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
