နှင်းကေသရာချစ်တဲ့ သူရဲကောင်း - ချစ်ဦးညို
၁၉၇၉ဘဝမှာလေ ထူးထူးခြားခြားသက်ရောက်မှုတွေ
ရှိခဲ့တဲ့ စာအုပ်တွေအကြောင်းပြောတဲ့အခါ ချန်
ခဲ့လို့မရတာက နှင်းကေသရာချစ်တဲ့သူရဲကောင်း ပဲ။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို စိတ်ဝင်စားစေခဲ့တဲ့ ဒီစာအုပ်ကို ကိုယ်
ဖတ်မိချိန်က ၉ တန်းကျောင်းသူဘဝမှာပါ။ဘာမှန်းမသိပါဘဲ ဆွဲကိုင်ခဲ့မိတဲ့စာအုပ်က စိတ် ဝင်စားဖို့ကောင်းလွန်းလို့ အဆုံးထိ တစ်ထိုင်တည်း ဖတ်ဖြစ်ခဲ့တာ မှတ်မိတယ်၊ ပြီး
တော့ ဇာတ်လမ်းပါအကြောင်းအရာတွေက စိုးမိုးလွန်းလို့ အချိန်အကြာကြီးထိ မမေ့နိုင်ခဲ့ဘူး။
ဆယ်တန်း မြန်မာစာမှာ စီးချင်းတိုက်ပွဲအကြောင်း ပါတဲ့အခါ ဗညားနွဲ့နဲ့ ဗျည်းနွဲ့ကို ရောထွေးစရာမလိုဘဲ စာလည်းမကျက်လိုက်ရပါဘဲ စကားပြေပြန်ရေးနိုင်ခဲ့တာ ဒီစာအုပ်ဖတ်ဖူးလို့ပဲ။ တိုက်ဆိုင်တာပြောရရင် ကိုယ်တို့
နှစ် ဆယ်တန်းစာမေးပွဲမှာ ရန်ကုန်တိုင်းမေးခွန်း
က အဲဒီ စီးချင်းတိုက်ပွဲစကားပြေ မေးသွားတာပဲ။ဒီဇာတ်လမ်းဟာ စာရေးဆရာ ချစ်ဦးညိုအတွက် အပင်ပန်းရဆုံး အားထုတ်ခဲ့ရပါတယ်
လို့ အမှာစာမှာတွေ့ရတယ်။ ဆရာချစ်ဦးညိုရဲ့
အားထုတ်မှုတွေကို စာတစ်လုံးစီမှာသိသိသာသာ မြင်ရပါတယ်။ ရှည်လျားရှုပ်ထွေးတဲ့ ရာဇဝင်ဇာတ်ကြောင်းကို အခန်းတွေခွဲပြီး ဆွဲငင်ယူလာနိုင်တဲ့ပညာကို တကယ် လေးစားရတာပါပဲ။အခန်း ၁ ၊ မတ်သံလုံ၊ နှင်းပန်းခိုင်
အခန်း ၂ ၊ မွေ့ကေသာ၊ စောသံမုံ
အခန်း ၃ ၊ မတ်သံလုံ ၊ မွေ့ကေသာ
အခန်း ၄ ၊ လဂွန်းအိန် ၊ နှင်းကေသရာ
အခန်း ၅ ၊ နှင်းကေသရာချစ်တဲ့ သူရဲကောင်းဆိုတဲ့ အခန်း ၅ ခန်းကို နာမည်ပေးထားပုံကိုက
စိတ်ဝင်စားဖို့ကောင်းနေခဲ့တယ်။မြန်မာရာဇဝင်မှာ တကယ်ရှိခဲ့တဲ့ ရာဇာဓိရာဇ်
အရေးတော်ပုံကာလနောက်ခံနဲ့ သူ့ရှင် ရာဇာဓိရာဇ်ခေတ် နိုင်ငံရေးစစ်ရေးတွေကြားမှာ သစ္စာရှိ စစ်သူကြီး မတ်သံလုံနဲ့ ဘုရားပန်းရောင်းတဲ့ သာမန် အရပ်သူမိန်းကလေးကနေ သူ့ရှင်သစ္စာ တော်ခံ တော်ဝင်မိန်းကလေးဖြစ်လာခဲ့တဲ့ မွေ့ကေသာ တို့အကြောင်းကို ခမ်းခမ်းနားနားရေး ထားတဲ့ ဇာတ်လမ်းပါပဲ။ သူတို့နှစ်ယောက်လုံးမှာ ချစ်ရသူတွေကိုယ်စီရှိခဲ့ဖူးတယ်၊ ချစ်ရသူတွေကို ကိုယ်စီဆုံးရှုံးရဖူးတယ်။ ဒဏ်ရာတွေနဲ့
နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့
မှီတွယ်ရာဖြစ်လာကြတဲ့ အချစ်ဇာတ်လမ်းလေး
လည်းဖြစ်သေးရဲ့။ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ မင်းကန်စီ၊
အမတ်ဒိန်၊ အရီးတော်မဟာဒေဝီ စတဲ့ ဇာတ်ကောင်တွေအပြင် ရာဇာဓိရာဇ်ရဲ့ မိဖုရား
တွေအကြောင်းပါ တစွန်းတစ သိရဦးမှာပါ။
ကြမ်းတမ်းလွန်းတဲ့ ရာဇာဓိရာဇ်မင်းသားရဲ့ နောက်တော်ပါးမှာ ငယ်စဉ်ကနေ ရှိပေးခဲ့တဲ့ မိဖုရားဟာလည်း ဘိသိက်ခံချိန်မှာတော့ တခြား
မိဖုရားအသစ်တစ်ပါးကို ရှုံးနိမ့်ခဲ့ရပုံတွေ။
နောက်ပြီး သစ္စာရေသောက်ပြီး သွေးသောက်ဖွဲ့
တဲ့ကြားက သစ္စာဖောက်ဖို့လုပ်တာတွေ၊ စစ်ရဲ့ ပရိယာယ်တွေ၊ ငြိမ်းချမ်းရေးအယူအဆတွေ
အများကြီးပါပဲ။စစ်ကိုစစ်နဲ့ချုပ်ငြိမ်းစေတယ် ဆိုတဲ့ အယူအဆ
တွေဟာ အခုအသက်အရွယ် ခေတ်ကာလအတွက် မဆန်းသစ်ပေမဲ့ စဖတ်ဖူးတဲ့ ၉ တန်း အရွယ်မှာတော့ ထူးဆန်းလွန်းနေခဲ့တယ်။မြန်မာရာဇဝင်တွေမှာ စိတ်ဝင်စားဖွယ်တွေအများကြီးရှိပါတယ်၊ ဒါပေမဲ့ ဒီစာအုပ်လို ခမ်းနားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြန် ထွက်ပေါ်လာတာတော့ ရှားတယ်လို့ မြင်တယ်။
ရာဇဝင်နောက်ခံဇာတ်လမ်းတွေ မကြိုက်တဲ့သူ
တွေတောင်မှ ဒီစာအုပ်ကိုဖတ်မိရင်ကြိုက်သွားမှာပါ။အားလုံးပဲ ကြည်သာသော နေ့ရက်လေးဖြစ်ပါစေ။
ESTÁS LEYENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။