၁၃ ထပ်မှာ အစ်ကို့ကို စောင့်နေဆဲ - ခေတ်ရှေးညို

115 4 0
                                    

၁၃ ထပ်မှာ အစ်ကို့ကိုစောင့်နေဆဲ - ခေတ်ရှေးညို

၂၀၂၃

ဆရာမ ခေတ်ရှေးညိုကို နရသူ စာအုပ်နဲ့ စသိခဲ့
ပေမဲ့ နရသူကိုလည်း အမိအရ ပို့စ်ကတ်ပါအပါ ဝယ်ခဲ့ပေမဲ့ ပြီးအောင်မဖတ်ခဲ့ရဘူး။ ဒီလိုနဲ့ နရသူ စာအုပ်ကို စာအုပ်စင်မှာ တင်ထားရင်းကနေ
ပဲ ဟိုရက်ကတော့ ဝန်ကြီးများရုံးက The Latern
မှာ ဒီစာအုပ်လေးတွေ့လို့ နာမည်ကိုစိတ်ဝင်စား
တာနဲ့ ဝယ်လာဖြစ်ခဲ့တယ်။

အစကတော့ ကဗျာတွေများလား လို့ထင်ခဲ့ပေမဲ့
အမြည်း ဖတ်ကြည့်တော့ သွားစိမိသွားတယ်။ ဒီလို အကြောင်းအရာကို ဖတ်ဖို့ အသင့်ဖြစ်ရဲ့လား
ဆိုတာ ပြန်ဆန်းစစ်ကြည့်ရတယ်။

ဒီညတော့ စာလုပ်စရာတွေလည်းပြီးပြီမို့လို့ စိတ်
က အနားယူချင်ခဲ့တယ်။ ရုပ်ရှင်စီးရီးစ်တစ်ခုခု ကြည့်ရမလား တွေးနေတုန်း စာအုပ်အသစ်လေး
က ခေါင်းထဲရောက်လာတာနဲ့ ဖတ်ဖြစ်ခဲ့တာ။
ကိုယ့်ဟာကိုယ် အထင်ကြီးစွာနဲ့ အချိန်တောင် တွက်လိုက်သေးတယ်၊ စာအုပ်လေးက သိပ်မထူ
ပါဘူး။ ညဘက် ဘုရားမရှိခိုးခင် ပြီးတယ် ဆိုပြီး
အစီအစဉ်တွေတောင် ချနေခဲ့သေးတာ။

စ ကိုင်လိုက်ချိန်မှာတော့ ကိုယ်ပါ ၁၃ ထပ်ကို
ရောက်သွားခဲ့ပြီး ၁၃ ထပ်က ပြုတ်ကျသွားခဲ့တာလည်း အညိုတင်မက ကိုယ်တိုင်လိုပါပဲ။

အစ်ကို ဆိုတဲ့အမျိုးသားနဲ့ အညိုဆိုတဲ့ စာရေးဆရာမ ကလေးတို့က သိပ်ကြည်နူးဖို့ ကောင်းတဲ့ အားကျဖို့ကောင်းတဲ့ စုံတွဲလေးအဖြစ် အစပြုထားတယ်။ သူတို့က မြစ်ပြင်ကို လှမ်းမြင်ရတဲ့ ၁၃ ထပ်မှာနေတယ်။ သူတို့ ၁၃ ထပ်မှာ ဓာတ်လှေကားမရှိဘူး။

အစ်ကိုမရှိဘဲ အညိုဟာ ဘာကိုမှ မလုပ်တတ် မကိုင်တတ်ထိအောင် အစ်ကို့ပေါ်စွဲလန်းပြီး မှီခိုခဲ့
ရတယ်။ အဲဒီလို အစ်ကိုက ဝရန်တာမှာ ဆေးလိပ်သောက်ဦးမယ် ဆိုပြီး ထွက်သွားတာကနေ ပြန်ရောက်မလာတော့ဘူး။

အညို ဆိုတဲ့ ဂမုန်းနွေ ဟာလည်း ၁၃ ထပ်ပေါ်က ခုန်ချမှုနဲ့ Factitious Center ဆိုတဲ့ စိတ်ကျန်းမာ
ရေး ဝန်ဆောင်မှုဌာနတစ်ခုကိုရောက်သွားခဲ့တယ်။ မူးယစ်ဆေးတွေနဲ့ ဂမုန်းနွေဟာ အစ်ကို့ အကြောင်းကို ဝေဝါးဝါးမှတ်ဉာဏ်ထဲကနေ အဖြေပြန်ရှာရတော့တယ်။

ဒီ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးဖတ်ပြီးမယ်ထင်
ခဲ့တာ အမှားကြီးမှားသွားတယ်။ ကိုယ့်အတွက်
တော့ ဖတ်လိုက် နားလိုက်နဲ့ အချိန်တော်တော်ယူ
လိုက်ရတယ်။

အကြောင်းအရာတွေကို ဒီထက်ပိုပြောပြချင်ပေမဲ့ မဖတ်ရသေးသူတွေကို ရသ အပြည့်ခံစားစေ
ချင်တော့ ဆက်မပြောတော့ပါဘူး။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ရယ် ထင်ယောင်ထင်မှားနဲ့
ဖန်တီးယူထားမှုတွေကြားထဲက နံရံအလွှာပါးလေးကို စာရေးသူက ထိတွေ့ထားတာ။

Factitious Center က စိတ်ကျန်းမာရေးဆရာဝန် မဟုတ်တဲ့ (သူ့အပြောအရ အထူး လေ့ကျင့်သင်ကြားပေးခံရတဲ့ ) ပညာရှင် ဆိုသူနဲ့
ဂမုန်းနွေ တို့ နှစ်ယောက် ယုံကြည်မှုတည်ဆောက်သွားကြတာလေးက ဇာတ်လမ်း ဆန်ပေမဲ့ ဒီစာအုပ်မှာတော့ အဲဒါကိုကအရသာ
ဖြစ်နေသလိုပါပဲ။ ဆိုလိုတာက ဒါကြီးက စိတ်ကူးယဉ်လွန်းအားကြီးတယ် ဘာညာ ပြောလို့မရတဲ့အထိ သူ့အဖွင့်က လှထားပြီးသားမို့
ဇာတ်လမ်းဆန်နေသည့်တိုင် လိုက်လံစီးမြောနေ
မိတာပါ။

Comic Relief လို ချစ်စရာဇာတ်ကောင်အနေနဲ့
တော့ ၁၄ ထပ်က Gamer ကောင်လေးကို ထည့်
ထားတာ တကယ် ကျေနပ်စရာပါ။ သူ့အခန်း ၂ ခန်းလောက်ပဲပါပေမဲ့ ဇာတ်ရှိန်ကိုမြှင့်ပေးခဲ့တယ် ပြောရမယ်။

ဒီစာအုပ်ရဲ့ အစကို ဖတ်မိသူတိုင်းဟာ ဘာဖြစ်မလဲ ခန့်မှန်းပြီးသားတစ်ခုခုရှိမှာပါ။ ဒါပေမဲ့ စာရေးသူရဲ့ လှည့်ကွက်ကတော့ ပိုပြီး ဆန်းကြယ်ခဲ့ပါတယ်။

ဒီလိုပါပဲ.. ဟိုဒီတွေးမိတာက ဒါမျိုးလေးကို ရုပ်ရှင်အဖြစ် (ခေတ်ကောင်းရင်) အရည်အသွေးရှိရှိ ရုပ်ရှင်ကားအနေနဲ့ မြင်ရရင် မဆိုးဘူးလို့ ထင်တာပါပဲ။ မတူပေမဲ့ Gone Girl
ကိုတောင် သတိရမိသွားတယ်။ ထပ်ပြောပါမယ်၊ နည်းနည်းမှ မတူပါဘူး။

ကိုယ်တော့ ဒီတစ်အုပ်ကြောင့် ဆရာမ ခေတ်ရှေးညို စာတွေပြန်ရှာဖတ်ဖြစ်ပါတော့မယ်။ (ဇာတ်လမ်းထဲမှာ အညိုက ခေတ်ရှေးညို ဆိုတဲ့ စာရေးဆရာမ ဖြစ်ပြီး စာအုပ်တွေ အကြောင်းပြောထားလို့လည်းပါမယ်)

၁၃ ထပ်အကြောင်းကတော့ အချိန်တော်တော်ကြာအထိ ကိုယ့်အာရုံထဲက ထွက်တော့မယ်မထင်ပါဘူးလေ။

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora