К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
မိညီမ - မင်းလူ
၂၀၂၃
ကံ့ကော်ဝတ်ရည်စာပေ
မိညီမကို နာမည်ကြောင့် ဝယ်ဖတ်ဖြစ်တာ။
ပထမအကြိမ်ကို ၁၉၈၄ ကထွက်ခဲ့တဲ့ ဒီစာအုပ်ကို အရင်က ဆရာမင်းလူစာအုပ်တွေ ငှါးဖတ်ခဲ့ရတဲ့အချိန်မှာတောင် သိပ်မသိခဲ့ဘူး။ ညွှန်းတာလည်း ရှားသလိုပဲ။ ဒါပေမဲ့ ကိုယ်တော့ ဖတ်ပြီးချိန်မှာ ဆရာမင်းလူလက်ရာထဲ တော်တော်ကြိုက်မိတာပဲ။ (အကြိုက်ဆုံးကတော့ ငှက်ကလေး)
မိညီမ ဆိုတာက သန်းသန်းဝင်း ဆိုတဲ့ကောင်မ လေးရဲ့ အိမ်နာမည်။ မိညီမမှာ မိဘတွေမရှိတော့ပေမဲ့ အစ်ကို ၃ ယောက်ရှိတယ်။ ကျော်ဝင်း၊ မော်ဝင်း၊ ဇော်ဝင်းပေါ့။ အရက်သောက်၊ ဖဲရိုက်၊ အလှကြိုက် ဝါသနာစုံကြပေမဲ့ အငယ်ဆုံးလေး
ကိုတော့ တုန်နေအောင်ချစ်ကြတဲ့အစ်ကို ၃ ယောက်ပေါ့။ မိညီမ ဘွဲ့ယူတာနဲ့ ဇာတ်လမ်းကို စ ထားတယ်။ ဘွဲ့နှင်းသဘင်နေ့မှာပဲ ဝေမိုးအောင် နဲ့ စတွေ့ခဲ့တယ်ပေါ့လေ။ ဝေမိုးအောင်က ဘွဲ့ရစ
အလုပ်ရှာနေတဲ့ ချို့ချို့တဲ့တဲ့ရိုးရိုးသားသား ကောင်လေး။ ဝေမိုးအောင်က သန်းသန်းဝင်းကို ဘွဲ့တက်ယူတာမြင်ပြီးချစ်ခဲ့ရပေမဲ့ အဲဒီခေတ်က ထုံးစံ ဘယ်ရှာလို့ရှာရမှန်းမသိ၊ ရှာတော့လည်း လွဲနေတာတွေပေါ့။ တကယ်တွေ့တော့ကျ အလုပ်ဝင်ခွင့်အတွက် ပြင်ဆင်ပေးတဲ့ ကျူရှင်တစ်ခုမှာ။ ဝေမိုးအောင်ကလည်း ရိုးရိုးလေးပဲ လိုက်တယ်၊ သန်းသန်းဝင်းကလည်း ရိုးရိုးလေးပဲ ပြန်ချစ်ခဲ့တယ်။
အစ်ကို ၃ ယောက်မသိ အောင် ခိုးချစ်ကြရင်း အလုပ်လည်းရှာနေရင်း ဝေမိုးအောင်က အဲဒီအစ်ကို ၃ ယောက်ကို ကပ်ဖို့ ကြိုးစားတာလေးတွေဆို ချစ်လည်းချစ်စရာ။ အစ်ကိုတွေက တစ်ယောက်တစ်မျိူးစီ။ မိညီမကို ထိရင်တော့မရဘူးပဲ။ အဲဒါနဲ့ တစ်ရက်တော့ ဝေမိုး
အောင်တို့အတွဲကို ကိုဇော်ဝင်းက ရုပ်ရှင်ရုံမှာတွေ့လိုက်ရတာကနေ ပွဲတွေဖြစ်ကြသတည်းပေါ့။
မြန်မာဆန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုမှ ၁၉၈၀ ခေတ်ကာလကဆိုတော့ ကိုယ့်အတွက်
တော့ ချစ်ဖို့ကောင်းတဲ့အဆန်းလေးတွေပေါ့။
ဝေမိုးအောင် အလုပ်ရှာတာ အလုပ်ရဖို့ကြိုးစား
တာတွေ ဖတ်ရင်း ဘွဲ့ရအလုပ်လက်မဲ့ အကြောင်း ဆရာမင်းလူက ကောင်းကောင်းကြီး
ရေးသွားတယ်။ နောက်ပြီးတော့ ဒီထဲမှာက သန်းသန်းဝင်းရဲ့ အထီးကျန်မှုပေါ့။ အစ်ကို ၃ ယောက်နဲ့ ကြီးတော်ကြီးရှိပေမဲ့ အထီးကျန်လွန်း
နေတဲ့ သန်းသန်းဝင်းက ဝေမိုးအောင်ကို စိတ်ဝင်စားပြီး ချစ်မြတ်နိုးသွားတာလေး အမိအရရေးထားတာ ရင်ခုန်ဖို့ကောင်းတယ်။ စာရေးတဲ့ဟန်က ဝေမိုးအောင်ဘက်ကဆိုပေမဲ့ စာရေးဆရာက အကုန်သိ အကုန်ပြောပြနေတဲ့ပုံမျိုးဆိုတော့ ပိုသွက်တယ်။
နောက်ဆုံး ဝေမိုးအောင် သိပ်လိုချင်နေတဲ့ ရမှဖြစ်မယ့် အလုပ်ရသွားသလား။ မိညီမ နဲ့ရော
အစ်ကိုတွေသဘောတူသွားသလား။
ဆရာမင်းလူကတော့ ဆရာမင်းလူပါပဲလေ။
အဲဒီခေတ်ကအလုပ်ခွင်ဝင်ရင် အင်တာဗျူးတွေမှာဘာမေးလဲဆိုတာလည်း မှတ်သားလိုက်ရ။ ကိုယ်တွေခေတ်လို Soft skills Hard skills ထက် အထွေထွေဗဟုသုတကိုကျူရှင်ခေါ်သင်ကြရတာကိုး။ နောက်ပိုင်းခေတ် အစိုးရအလုပ်တွေတော့ ဒီလိုပဲလားမသိ။ ၂၀၂၃ မှဖတ်ရတဲ့ ကိုယ့်
အဖို့တော့ အလုပ်ဝင်ခွင့်မေးခွန်းတွေက ရယ်ချင်စရာ မောချင်စရာပါပဲ။ ဒါပေမဲ့လည်း အဲဒီခေတ်နဲ့အခုခေတ်တူနေတာကတော့ ဘွဲ့ရ အလုပ်လက်မဲ့တွေပဲပေါ့။
#မင်းလူ #မိညီမ
ВЫ ЧИТАЕТЕ
Random Thoughts on BOOKS
Документальная прозаဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
