နာနီယာမှ မှတ်တမ်းများ (ကေသရာဇ်၊ ကဝေဖြူ နှင့် အဝတ်ဗီရို) - ဒီဇမ်မြူး
Original work- The Chronicles of Narnia The Lion, The Witch and The Wardrobe - C.S.Lewis
ခရစ္စမတ်ပိတ်ရက်တွေရောက်ပြီဆိုပေမဲ့ ကိုယ်
ကတော့ တက္ကသိုလ်ဘက်က ကိစ္စတွေနဲ့ ပိုပြီး
အလုပ်ရှုပ်ဖြစ်တဲ့ ကာလမို့ စာအုပ်အကြီးကြီးတွေ တွေးခေါ်ရတာတွေ မဖတ်နိုင်သေးဘဲ ကလေးစာအုပ်လေးတွေဘက် ပြန်လှည့်ဖြစ်နေတာ။ အဲဒီမှာပဲ အချိန်ကိုက်ရောက်လာတာက 12.12 sales မှာဈေးတန်တန်နဲ့ရလိုက်တဲ့ နာနီယာ စာအုပ်တွေပေါ့။ ငယ်ဘဝကို Nostalgic ဖြစ်သွားစေတဲ့ ဇာတ်လမ်းလေ။နှိုင်းယှဉ်တာမျိုးမဟုတ်ပေမဲ့ တခြားသော နာမည်ကြီးဇာတ်လမ်းတွေလိုပဲ နာနီယာက သူ့နည်းသူ့ဟန်နဲ့ လွှမ်းမိုးမှုရှိခဲ့တယ်လို့ ဆိုရမယ်။
ခြင်္သေ့ကြီး အက်စ်လန်နဲ့ နာနီံယာရဲ့ ဘုရင် ဘုရင်မ လေးယောက်ဟာ ကိုယ်တွေမှတ်ဉာဏ်မှာအတော်စွဲမြဲနေစေတာ။ မှတ်မိပါသေးတယ်၊ ကိုယ်က အမြဲ ဆူဇန့်ကိုကြိုက်ခဲ့တာမို့ သူရတဲ့ ဘွဲ့နဲ့သရဖူကို အားကျပြီး ဘုရင်မ ဖြစ်ချင်ခဲ့သေးတာ။အဲဒီလိုဆိုပေမဲ့ နာနီယာရုပ်ရှင်ပဲကြည့်ဖူးတဲ့ ကိုယ်က စာအုပ်တွေတော့ မဖတ်ဖြစ်မိဘူးပဲ ပြောရမယ်။ အခုအသက်ကြီးလာမှ အခွင့်အရေးရလို့ ဖတ်တော့လည်း စာအုပ်က စာအုပ်
ဟန်အတိုင်း ဆွဲခေါ်သွားတာပါပဲ။ဇာတ်လမ်းကတော့ မောင်နှမလေးယောက်သား
တူတူပုန်းတမ်းကစားရင်း အဝတ်ဗီရိုကြီးကနေ တဆင့် နာနီယာ ဆိုတဲ့ဒဏ္ဍာရီတိုင်းပြည်ကို ရောက်သွားကြတာပါပဲ။ ဖြစ်ချင်တော့ နာနီယာ
မှာ ရက်စက်ကောက်ကျစ်တဲ့ ကဝေဖြူက အုပ်ချုပ်နေပြီး တကယ့်နာနီယာအကြီးအကဲက
တော့ အက်စ်လန်လို့ခေါ်တဲ့ခြင်္သေ့ကြီးပေါ့။ ကဝေဖြူရဲ့မှော်အတတ်တွေကို မလွန်ဆန်နိုင်တဲ့
နာနီယာပြည်သားတွေဟာ ဟောတမ်းတစ်ခုကိုပဲ
စောင့်နေကြရတယ်။ အဲဒါကတော့ အာဒမ်ရဲ့သားတော်တွေနဲ့ ဧဝရဲ့သမီးတော်တွေက ပလ္လင်
ထက်မှာ နေရာယူပါမှ ဆိုးယုတ်တဲ့အချိန်တွေ ကုန်ဆုံးလိမ့်မယ်တဲ့။ဒီတော့ အူကြောင်ကြောင်နဲ့ နာနီယာထဲရောက် သွားတဲ့ ပီတာ၊ ဆူဇန်၊ အက်ဒ်မန်နဲ့လူစီတို့ မောင်နှမ လေးယောက်က ဟောတမ်းထဲကအတိုင်း နာနီယာကို ကယ်တင်ဖို့ ကြိုးပမ်းကြရ
တော့တယ်။ ဒါပေမဲ့ ကဝေဖြူကလည်း လှည့်ဖျားတတ်တာဆိုတော့ သူတို့ ဘာလုပ်ကြမလဲ။သူများတွေတော့မသိ၊ ကိုယ်တော့ ဒီဇာတ်လမ်း အကျဉ်းလေးပြန်ရေးရင်းတောင် ပျော်လာပြီး စိတ်ထဲတက်ကြွလာတယ်။ နာနီယာ ရုပ်ရှင်ကား
ကြည့်ဖူးရင်လေ တံပိုးသံတွေနဲ့ စစ်တိုက်ကြတာ
တွေ သိပ်ခမ်းနားတာပဲ။ငယ်ဘဝထဲ ပြန်နစ်မြုပ်ချင်သူတွေအဖို့ အခွင့် ကောင်းဖြစ်သလို မသိဖူး မဖတ်ဖူးတဲ့လူတွေဆို
လည်း ဖတ်သင့်တဲ့ လက်ရာတစ်ခုပါပဲ။ ကိုယ်က
ရုပ်ရှင်ကြည့်ဖူးပြီးသားမို့ စာအုပ်ထဲက ရသကို ထင်သလောက်မရနိုင်ဘူးထင်ခဲ့တာတောင် စာအုပ်ကလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။အခုလိုခရစ္စမတ်ရာသီနဲ့အလိုက်ဆုံး ဇာတ်လမ်း တွေထဲကတစ်ပုဒ်ဆို နာနီယာပဲပေါ့။
ကိုယ်တော့ စာအုပ်ဖတ်ပြီးပြီဆိုတော့ နာနီယာရုပ်ရှင်ပြန်ကြည့်ရင်း ဘုရင်မ အဖြစ်စိတ်ကူးယဉ်လိုက်ပါဦးမယ်။ 💕
![](https://img.wattpad.com/cover/356321473-288-k124666.jpg)
VOCÊ ESTÁ LENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။