သူ မင်းကို ဘယ်တော့မှ - ဂျူး
ဒီစာအုပ်ကို သူ့ရဲ့အဖုံးကြောင့်ရော၊ ထူးခြားတဲ့ တင်ဆက်ပုံကြောင့်ရော အမြဲမှတ်မှတ်ရရရှိနေခဲ့
တယ်။ ပိုပြီး အမှတ်တရဖြစ်ရတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ခေတ်စားခဲ့တဲ့ နာမည်ကြီး Fanfic ကောင်း တစ်ပုဒ်မှာလည်း ဒီ settingsကို ကြိုက်လို့ အင်တာဗျူး အမေးအဖြေပုံစံထည့်ဖြစ်ခဲ့တယ်လို့ ပြောထားဖူးတော့
ဒီစာအုပ်က ထူးထူးခြားခြားလေးပေါ့။ဇာတ်လမ်းရဲ့အစကို ယာဉ်တိမ်းမှောက်မှုတစ်ခုနဲ့
စဖွင့်ထားတယ်။ အေးငြိမ်းမေ ဟာ ပညာသင်ဆု
အင်တာဗျူးကိုသွားတဲ့လမ်းမှာ စီးလာတဲ့ဘတ်စ်
ကား မတော်တဆမှုနဲ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ သူ
အရောက်သွားနိုင်ခဲ့တယ်။ ကူညီသူတွေနဲ့တွေ့ခဲ့
ပြီး အင်တာဗျူးကိုလည်း နောက်ဆုံးဖြေဆိုသူ
အနေနဲ့ဝင်ခွင့်ရခဲ့တယ်။ နိုင်ငံခြားသားတွေပါဝင်
တဲ့ မေးခွန်းမေးသူတွေက အေးငြိမ်းမေကိုရိုးစင်းတဲ့ မေးခွန်းတွေကစလို့ အဖြေတွေပေါ်မူ
တည်ပြီး ဆင့်ပွါးမေးခွန်းတွေတဆင့်ချင်းမေးသွားတယ်။ အေးငြိမ်းမေက သူ့ဘဝထဲက အကြောင်းအရာတွေကို ကြိုးစားဖြေဆိုရင်း
ဇာတ်ကြောင်းပြန်လှန်ပြောပြသွားတဲ့ပုံစံမျိုး။အေးငြိမ်းမေ က ဆင်းရဲလွန်းတဲ့ ရွာငယ်
လေးက လာခဲ့တာ။ ၇ တန်းမှာ ကျောင်းထွက်ပြီး
မြို့ပေါ်ကလေးထိန်းသွားလုပ်ရဖို့ဖြစ်လာတယ်။
သူနဲ့ရွယ်တူတွေအကုန်နီးပါးကလည်း ရွာမှာ ကျောင်းထွက် ပိုက်ဆံရှာနေရပြီ။ ပညာသင်ချင်
စာဖတ်ချင်တဲ့ အေးငြိမ်းက မြို့ကအလှူရှင်တွေနဲ့တိုးပြီး ပညာသင်စရိတ်ထောက်ပံ့ခံရပြီး ကျောင်းဆက်တက်ခွင့်ရခဲ့တယ်။ အေးငြိမ်းရဲ့
ပညာသင်ယူနိုင်တဲ့ အလားအလာတွေကို မြင်ပြီး ထောက်ပံ့ပေးခဲ့တဲ့သူက ထင်လင်း။ သူက NGO
တစ်ခုမှာ အလုပ်လုပ်နေသူ။ NUS ကနေတောင်
မဟာဘွဲ့ရခဲ့သူ။ ထင်လင်းက အေးငြိမ်းကို စာအုပ်တွေပို့ပေးတယ်၊ ပညာတတ်တစ်ယောက်
ဖြစ်ပြီး ရပ်ရွာကိုကူညီဖို့ အမြဲသွန်သင်ခဲ့တယ်။အေးငြိမ်းရဲ့စိတ်ထဲမှာ ထင်လင်းဟာ ကျေးဇူးရှင်တစ်ယောက်သာ မကတော့တဲ့အထိ အရေးကြီးလာတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ချိန်မှာ အေးငြိမ်းက သုတ ဆိုတဲ့ သူငယ်ချင်းနဲ့ ရည်းစားဖြစ်သွားကြတယ်။
သုတကို ချစ်တယ်လို့ အေးငြိမ်းကထင်ခဲ့တယ်။
BẠN ĐANG ĐỌC
Random Thoughts on BOOKS
Phi Hư Cấuဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။