စိတ်ကူးထဲကခြေသံ - ပြည့်

97 4 3
                                        

စိတ်ကူးထဲက ခြေသံ - ပြည့်

၂၀၁၉

ဒီစာအုပ်က ပါးပါးလှပ်လှပ်ကလေး။ ဝတ္ထုတို ၃ ပုဒ်နဲ့ ဝတ္ထုလတ် (ဝတ္ထုတိုထက်နည်းနည်းလေးပို
ရှည်တာ) ၁ ပုဒ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယုံ။ ဒီ
စာအုပ်ထဲက ဝတ္ထုတွေက တခါဖတ်ပြီးရင် မေ့
ပျောက်ဖို့ခက်နေပါလိမ့်မယ်။

ဝတ္ထုတိုဆိုတာတွေက ဇာတ်ကြောင်း ဇာတ်လမ်း
ပြောပြလို့ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ ကိုယ်တိုင်ခံစားကြည့်ရမယ့် ရသတွေပါပဲ။

ဝတ္ထုလေးပုဒ်ထဲမှာ တတိယမြောက်တစ်ပုဒ်ဖြစ်
တဲ့ "အချစ်မှာ အကြောင်းပြချက်လိုအပ်တယ်"
ဆိုတာကတော့ အံ့ဩဖို့ကောင်းလောက်အောင် စွဲလန်းစရာပဲ။ ပြီးတော့ အမျိုးသမီးချင်းကြားက ပတ်သက်ဆက်နွှယ်မှုကို ရေးတဲ့အထဲတွေတော့ လက်တွေ့အကျဆုံးလို့ မြင်တယ်။ (တစ်ကိုယ်တည်းအမြင်ပါ၊ အမြင်ကွဲလွဲနိုင်ပါတယ်) ၂၀၁၉ ကာလများလောက်က ကိုယ်ဆိုရင် အဲဒီဝတ္ထုတိုထဲက စာသားတွေကို Facebook ပေါ်တင်လွန်းလို့ အကောင့်ထဲကလူတွေပါ အလွတ်ရတဲ့အထိပဲ။

(စကားမစပ် အဲဒီဝတ္ထုတိုကိုပဲ Audiobook ဖတ်ပြထားတာရှိတယ်။ ကိုယ်က Audiobook ကို တော်တော်ကြေးများတဲ့ထဲပါပေမဲ့ ဒီဝတ္ထုတို
ကို ဖတ်ထားတဲ့ Audiobook ကိုတော့ နောက်ခံ ဆူညံသံတချို့ပါတာတောင် တော်တော်ကြိုက်လို့ တစိုက်မတ်မတ် ထပ််ခါထပ်ခါ နားထောင်ဖြစ်ခဲ့သေးတယ်။ ခံစားမှု အသက်ဝင်
လို့လေ)

နောက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ ပထမခြေသံ ကတော့
ဝတ္ထုရှည်ဖြစ်သင့်တဲ့ တစ်ပုဒ်ပဲ။ (တကယ်လည်း
သူက တခြား ၃ ပုဒ်ထက်တော့ပိုရှည်တယ်) ဇာတ်လမ်းရဲ့အလှည့်အပြောင်းဟာ ရိုးရှင်းစွာနဲ့
ကို ရင်ထဲတောက်လောင်သွားစေတယ်။ စာရေး
ဆရာ တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးချသွားတဲ့ Plot Twist ပါပဲ။ ပထမတခါ ဖတ်ပြီး ဒုတိယတခါဖတ်တဲ့အခါ တနုံ့နုံ့ဖြစ်နေ
တော့တာ။ ပထမတခါကို သေချာဖတ်ဖြစ်ခဲ့လို့
ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေးဇူးတင်တယ်။
ဘာလို့ဆို နောက်ပိုင်းပြန်ဖတ်တိုင်း ဇာတ်အလှည့်အပြောင်းကိုသိပြီးသားမို့လို့လေ။ ဒါပေမဲ့ ပထမဆုံးအကြိမ်ဖတ်ရတဲ့ ပထမခြေသံက ပေး
တဲ့ ရသကို သဘောအကျဆုံးပါပဲ။

မိုက်ကယ်ဂျက်ဆင်ရဲ့ You are not alone ကို
နားထောင်တိုင်း ဒီ ပထမခြေသံကို ပြေးမြင်မိတဲ့
အထိပဲဆိုပါတော့လေ။

ဒီစာအုပ်လေးကလေ အခုထက်အများကြီး အညွှန်းခံရသင့်တဲ့ လက်ရာကောင်းတစ်ခုပါ။ ဆရာမ ပြည့် ရဲ့ ဒုတိယတစ်အုပ်ကိုလည်း နောက်ကြုံရင် ညွှန်းပေးပါဦးမယ်။ ဒီ စိတ်ကူးထဲကခြေသံလေးကိုတော့ တကယ်ဖတ်ကြည့်
သင့်ပါတယ်လို့ပဲ ညွှန်းပါရစေ။

Random Thoughts on BOOKSOnde histórias criam vida. Descubra agora