ချစ်သူရေးတဲ့ ကျွန်မ၏ညတွေ - ဂျူး
ပန်းချီကားလို အနုပညာတွေဟာ မမြင်ဖူးသေးသူအတွက် မြင်ယောင်ကြည့်နိုင်အောင် ရေးသားဖော်ပြနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ဆရာမ ဂျူးကတော့ ၂၀၀၀ ခုနှစ်မှာပဲ ချစ်သူရေးတဲ့ ကျွန်မ၏ညတွေ စာအုပ်နဲ့ သူ့ရဲ့လေ့လာရေးသားနိုင်စွမ်းကို သက်သေပြခဲ့ပြီးပါပြီ။ တကယ်ပါ၊ ဒီစာအုပ်ဟာ ဆရာမ ဂျူး ရေးတဲ့ထဲ
အိပ်မက်အဆန်ဆုံး ဇာတ်လမ်းပါပဲ။
ဒီနေ့လို လပြည့်ညအတွက်တော့ အဖတ်သင့်ဆုံး
စာအုပ်ဟာ ချစ်သူရေးတဲ့ကျွန်မ၏ညတွေ စာအုပ်ပဲပေါ့။ ပထမဆုံး အဖွင့်နိဒါန်းမှာတင်
ခံစားချက်တွေတစ်ခုစီကို ရောယှက်ရေးသားသွားတာ ကိုယ်ပါ နာကျင်တမ်းတလွမ်းဆွေးသွားမိတဲ့အထိပဲ။ လပြည့်ညရဲ့လကို ငေးကြည့်
ရင်း ကမ္ဘာတစ်ဖက်ခြမ်းက ချစ်ရသူကို တမ်းတ
နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ရင်တွင်းခံစား
ချက်တွေကို စာနာနိုင်ရုံမက သူ့နေရာမှာကိုယ်ပါ
ရောက်သွားသလိုပါပဲ။
အဲဒါပြီးတော့ "ဗင်းဆင့်ဗန်ဂိုးနဲ့ ကြယ်စုံည" တဲ့။
စာအုပ်ခေါင်းစီးအတိုင်းပဲ မတူညီတဲ့ညတွေ အကြောင်းကို ကမ္ဘာကျော် အနုပညာလက်ရာ တွေနဲ့ ပုံပမာပြောသွားတာ။ "ပေါလ်ကလီးနဲ့ လပြည့်ည" "ဂျူအန်းမီရိုနဲ့ တိမ်ပြာည" "ဖရီဒါခါလိုနဲ့ နွယ်မျှင်ည" "ဂျက်ဆန်ပေါ့လော့က်နဲ့ မျက်ရည်ည" စသဖြင့် တစ်ပိုင်းစီရဲ့ခေါင်းစဉ်
တွေကိုက ရင်ခုန်စရာကောင်းနေတာမျိုး။
ဂန္ဓမာတက္ကသိုလ် ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ပညာသင်ဆုရထားတဲ့ "ရတနာ" ဆိုတဲ့ စာရေးဆရာ သုတေသီ အမျိုးသမီးဟာ ဂန္ဓမာပြတိုက်မှာရှိတဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ အိုင်းရစ်ပန်းများ ပန်းချီကားကြောင့် ကြယ်ကလေးလို့ သူ
တင်စားတဲ့ လူတစ်ယောက်နဲ့ စတင်ဆုံစည်းခဲ့ရ
တယ်။ လက်ထောက်ပြခန်းမှူး နေသန် တဲ့။ ဗန်ဂိုးရဲ့ ပန်းချီကားတွေအကြောင်း စိတ်ပါလက်ပါ ရှင်းပြပေးခဲ့တဲ့ နေသန် နဲ့ ဒုတိယအကြိမ် တွေ့ဆုံချိန်မှာတော့ ဗန်ဂိုးပန်းချီကား တွေအကြောင်း စာအုပ်လက်ဆောင်ရရှိခဲ့သလို
ရတနာ့ကိုလည်း နေသန်က ကားနဲ့အဆောင်ကို
ပြန်လိုက်ပေးခဲ့တယ်။ ဒီလိုနဲ့ ဂန္ဓမာတက္ကသိုလ်
ကနေ လက်ချာတွေပြီးရင် နေသန့်ကားနဲ့ ကားကြုံလိုက်ရင်း ပုံပြင်တွေပြောရင်း ပန်းချီဆရာ တွေအကြောင်း ဆွေးနွေးရင်း ရတနာ နဲ့ နေသန်
တို့ရဲ့ရင်းနှီးမှုက အဆင့်တက်လာကြတယ်။
YOU ARE READING
Random Thoughts on BOOKS
Non-Fictionဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
