¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ် အကျိုးအပဲ့လေး - ပါပီယွန်
ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် အောက်တိုဘာ ၂၀၁၉
အုပ်ရေ ၁၀၀၀
တန်ဖိုး ၂၅၀၀ ကျပ်
စာမျက်နှာ ၁၁၂
မျက်နှာဖုံး တေးခက်
ဝိုင်းမော်စာအုပ်တိုက်
ပါပီယွန် စာအုပ်တွေက တစ်အုပ်နဲ့တစ်အုပ် ဆက်စပ်နေတာ များတယ်။ တကယ်ရှိခဲ့လား မရှိခဲ့လားဟာ စာဖတ်သူတွေ သိဖို့ မလိုအပ်တဲ့အရာပေမဲ့ တကယ်လားလို့ သိချင်လာအောင် သူ့ကလောင်စွမ်းကထက်လွန်းတယ်။
ဒီစာအုပ်ကလည်း အဲဒီလိုပါပဲ။ ပါပီယွန်ရဲ့ထုံးစံအတိုင်း စာအုပ်တွေ၊ ရုပ်ရှင်တွေကို Reference လုပ်ထားပြီးတင်စား ရေးထားတာ တကယ် ဖတ်ရတာအရသာရှိတယ်။ တချို့နေရာတွေလည်း ရယ်မိတယ်။ တချို့နေရာတွေလည်း ဇာတ်လိုက်နဲ့အပြိုင် ရင်မောမိတယ်။ ဇာတ်အိမ် က တအားထူးခြားနေတာ မဟုတ်ပေမဲ့ သွက်လက်တဲ့ သူ့အရေးအသားက စာဖတ်သူတွေကို ဆွဲခေါ်သွားတယ်။ ပြီးတော့ ကိုယ်တွေ မကြုံခဲ့ဖူးတဲ့ ဘဝတစ်ခုထဲကိုထဲထဲဝင်ဝင်ရေးပြသွားတယ်။
မြန်မာပြည်ကနေ အင်္ဂလန်က အလယ်အလတ်တန်းစား တက္ကသိုလ်ကို ကျောင်းသွားတက်တဲ့ အသက်ကြီးကြီး (၃၀ ကျော်လောက်ဖြစ်မယ်ထင်တယ် သူကတော့ အိုကြီးအိုမ လို့ ရေးထားတာပဲ) အစ်ကို ဆိုတဲ့သူနဲ့ အင်္ဂလန်မှာ အသက် ၈ နှစ်ထဲက နေလာပြီး ထိပ်တန်း အိုင်ဗီလိဂ် တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရထားတဲ့ သိပ္ပံပညာရှင်မလေး ဒေါ်နန်းမေမေကြည် ရဲ့ အကြောင်းပေါ့။ စာထဲမှာ ကျနော် လို့သုံးထားတဲ့ ဇာတ်ကြောင်းပြောသူဟာ သူများလို ပေါ်ကြော့ ကျောင်းတက်ရတာ မဟုတ်ဘူး။ သွားကထဲက ပေါင် ၁၀၀၀ ပဲပါသွားတယ်။ အဲဒါကလည်း အဆောင်လခသွင်းပြီးတော့ ၁၅၀ လားပဲကျန်တော့တယ်။ ပိုက်ဆံကို အချိန်မှီရှာ၊ကျောင်းလခ အဆောင်လခ သွင်းရင်း ဘဝကို ဖြတ်သန်းရတာ။ တချို့ရက်တွေမှာ ရေသောက်ဗိုက်မှောက်နေရတဲ့ ဘဝ။ ဒါပေမဲ့ သိပ်မာနကြီးပြီး သိပ်ကြီးကျယ်တဲ့လူပေါ့။
မြန်မာဆိုလို့ တစ်ယောက်မှမရှိတဲ့ မြို့မှာ အလုပ်ရှာဖို့စုံစမ်းရင်း ဆံတိုဗမာမလေး ညီမလေး ဒေါ်နန်းမေမေကြည် နဲ့ စတွေ့ခဲ့တယ်ပေါ့။ သူက ကျောင်းသူမလေးလို့ ထင်ခဲ့တဲ့ ညီမလေးက တကယ့် ဂရိတ်ဆိုတဲ့ ကျောင်းက စီနီယာသိပ္ပံပညာရှင် မကြီး ဖြစ်နေတယ်။ ပိုက်ဆံဆိုလို့ စီးကရက် (သူ့အရေးဆစ်ကလက်) ဖွာဖို့တောင် နပ်မမှန်တဲ့သူ့ကို ညီမလေး ဒေါ်နန်းမေမေကြည် က ပြုစုစောင့်ရှောက်ပေးပြီးလိုတာတွေလည်း အကုန်လုပ်ပေးခဲ့တာပေါ့။ တော်တော်ဝေးကွာတဲ့ မြို့
နှစ်မြို့ကြား ရထားနဲ့လာ၊ စားစရာတွေ လုပ်ပေး၊ ထားပေးခဲ့တဲ့အပြင်အလုပ်တွေလုပ်ရလွန်းလို့ ပင်ပန်းနေတဲ့သူ့ကို နင်းနှိပ်ပေးသွားရတာနဲ့။ တခါသား ပိုက်ဆံတစ်ပြားမှ မရှိတော့တဲ့ အစ်ကို့ဖို့ ဒေါ်နန်းမေမေကြည်က ၂၀ တန်လေးတွေ ဟိုနား ဒီနား ထိုးထည့်ပေးသွားသေးတာ။
ဒါကိုလည်း မာနကြီးတဲ့သူကပေါက်ကွဲသေးရဲ့။ ပိုက်ဆံကို မသုံးတာလား ဆိုတော့လည်း မဟုတ်။ ဒေါ်နန်းမေမေကြည် ဟာ သိပ်တော်တဲ့ မိန်းမတစ်ယောက်။ သူ့အပေါ် ဘယ်လောက်များ လွှမ်းမိုးနိုင်သလဲဆိုရင် လက်ချာမှန်မှန်မတက်တဲ့သူ့ကို စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကိုယ်တိုင် မောင်းဝာာ။ တကယ်လည်း အဲဒီစာမေးပွဲမှာ သူက အမှတ်ပြည့်ရခဲ့တယ်။ ဒါပေမဲ့ အဲဒီလွှမ်းမိုးမှုတွေကပဲ နောင်အခါမှာ ပြဿနာတက်လာစေတော့ဝာာပဲ။
*Spoiler*
ဒီဇာတ်လမ်းမှာ ဘာတွေ့ရလဲဆိုတော့ အထင်သေးမှု၊ အထင်ကြီးမှုတွေက ဆက်ဆံရေးတစ်ခုမှာ ဘယ်လောက်တောင် အရေးကြီးသလဲ ဆိုတာပဲ။ ဇာတ်လိုက်ဖြစ်သူက ဂီတာ တီးတတ်တယ် ဆိုတုန်းက ဒေါ်နန်းမေမေကြည်က အထင်ကြီးခဲ့ဖူးတယ်။ အဲဒါကိုပဲ ဇာတ်လိုက်ဖြစ်သူက ကျေနပ်နေခဲ့မိတယ်။ ဒါပေမဲ့ စာမေးပွဲမှာ အမှတ် နည်းနည်းလေး နည်းသွားလို့ ဆူတာပြောတာကျတော့ ဇာတ်လိုက်ဖြစ်သူက မခံနိုင်ရှာဘူး။ သူကိုက မာနခပ်ကြီးကြီးကိုး။ မာနတွေသာ မထားခဲ့ရင်... ဇာတ်လမ်းကတစ်မျိုး ပြောင်းသွားခဲ့မှာပေါ့။
ဒါပေမဲ့နောက်ဆုံးတော့ သူဟာ အဝါရောင် ဝက်ဝံရုပ် အကျိုးအပဲ့လေးပါပဲ။ ဒါပါပဲ။
ဇီးကွက်ချောင်းတံတား ဆိုတာဘာလဲ ဆိုတဲ့အကြောင်းလည်း အစနဲ့ အဆုံးမှာ ရှင်းပြသွားပါတယ်။ တကယ်ကို ဖတ်ရတာ တန်တဲ့စာအုပ်တစ်အုပ်ပါပဲ။
မဖတ်ရသေးသူတွေလည်း စာအုပ် မြည်းစမ်းဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
ESTÁS LEYENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
