ချစ်သူရေးတဲ့ ကျွန်မ၏ညတွေ - ဂျူး

47 6 0
                                    

တကယ်လို့ ချစ်သူရေးတဲ့ကျွန်မ၏ညတွေ စာအုပ်မှာ နိဂုံးဟာ တခြားတစ်ခုခုဖြစ်နေရင် အခုလောက် စွဲလမ်းဖို့ကောင်းပါဦးမလားလို့ အမြဲတွေးကြည့်မိဖူးတယ်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.




တကယ်လို့ ချစ်သူရေးတဲ့ကျွန်မ၏ညတွေ စာအုပ်မှာ နိဂုံးဟာ တခြားတစ်ခုခုဖြစ်နေရင် အခုလောက် စွဲလမ်းဖို့ကောင်းပါဦးမလားလို့ အမြဲတွေးကြည့်မိဖူးတယ်။

ဥပမာ - ဇာတ်လမ်းအစတုန်းကပြောပြနေခဲ့တဲ့
လပြည့်ညကုန်ဆုံးသွားတာမျိုးဖြစ်ဖြစ်၊ နေသန်
မဟုတ်တဲ့ လူတစ်ယောက်ရှိနေတာဖြစ်ဖြစ်၊ ပြတင်းတံခါးပိတ်လိုက်တာဖြစ်ဖြစ် စာအုပ်နိဂုံး
အတွက် ဖြစ်နိုင်ခြေပေါင်းတွေများစွာရှိပါတယ်။

ဒါပေမဲ့ စာရေးဆရာအဆုံးသတ်ပေးလိုက်တဲ့နိဂုံး ဆိုတဲ့ စာမျက်နှာတစ်ဝက်စာလေးက ကိုယ်တို့ရဲ့စိတ်ခံစားချက်တွေ၊ အတွေးတွေ
ကို အတောမသတ်နိုင်တော့အောင်၊ တစ်နည်းအားဖြင့် ရတနာနဲ့အတူ ညတွေဆီက ရုန်းမထွက်နိုင်တော့အောင် ပြုစားလိုက်တော့တာပဲလို့ ကိုယ်ထင်တယ်။

"အဲသည်တုန်းက ကျွန်မ တကယ်ရယ်မောခဲ့ဖူးပါသည်" ဆိုတဲ့စာသားထဲမှာ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ် ဆိုတဲ့ အချိန်ကာလတရားတွေပါတယ်။ လွတ်လပ်ပေါ့ပါးမှုကနေ နာကျင်မွန်းကျပ်မှုအဖြစ် ပြောင်းလဲသွားတာပါတယ်။
လူနှစ်ယောက်အတူရှိနေခဲ့ရာကနေတစ်ယောက်တည်းဖြစ်သွားတဲ့ ဝမ်းနည်းမှုအကြောင်းပါတယ်။ ထပ်မရွေးချယ်ဖြစ်တော့ပေမဲ့ စိတ်ထဲကတမ်းတမှုတွေပါတယ်။ မ
ရယ်မောနိုင်တော့တဲ့ မျက်ရည်တွေတောင်ပါဦး
မယ်။

ရိုဒင်နဲ့ ကမီးကလော်ဒဲအကြောင်းကိုလည်း သိချင်စိတ်ဖြစ်စေခဲ့တယ်။ ကလော်ဒဲဟာ အသက်
၁၉ နှစ်မှာ ရိုဒင့်တပည့်ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ ရိုဒင်က ၄၂ နှစ်။ နှစ်ရှည်လများ အဖော်ပြုပေးလာတဲ့ အမျိုးသမီးလည်းရှိနေခဲ့
တယ်။ ကလော်ဒဲရဲ့အနုပညာထူးချွန်မှုက သူ့ကို
ရိုဒင့်ရဲ့တပည့်၊ Muse နဲ့ ချစ်သူအဖြစ်ကိုပါရရှိ
လာစေခဲ့တယ်။ ကလော်ဒဲနဲ့ ရိုဒင်တို့ နှစ်ကိုယ်တူ
ပန်းပုလက်ရာတွေ ဖန်တီးခဲ့ကြတယ်။ ချစ်ကြိုက်ကြပေမဲ့လည်း ကလော်ဒဲက ရိုဒင့်ရဲ့
လွှမ်းမိုးမှုအောက်က ထွက်ပြေးဖို့ကြိုးစားခဲ့သေးတယ်။ နွေဦးရာသီတစ်ခုလောက် အင်္ဂလန်
ပြည်မှာသွားနေလိုက်တယ်။ သိပ်မကြာပါဘူး၊
ပြန်လာပြီး ရိုဒင့်ကို စာချုပ်တစ်ခု သဘောတူခိုင်းတယ်။ သူ့အပြင် ဘယ်မိန်းကလေးတပည့်မှ မထားဖို့ရယ် သူ့ကိုကာကွယ်ပြီးသစ္စာရှိဖို့ရယ်ပါ
တယ်။ ရိုဒင်ကတော့ လက်မှတ်ထိုးခဲ့ပေမဲ့ အဲဒီ
အချက်အလက်တွေကို အသိအမှတ်မပြုခဲ့ဘူးလို့လည်းဆိုကြတယ်။ တဖြည်းဖြည်းနဲ့ နှစ်
ယောက်သားဝေးကွာကြပြီးနောက် ကလော်ဒဲ
က ပန်းပုရွှံ့စေးတောင်မကိုင်နိုင်တော့ဘူး။ သူ့
လက်ရာတွေကိုလည်း ကိုယ်တိုင်ဖျက်ဆီးပစ်
လာတယ်။ ရိုဒင်ကိုလည်း စွပ်စွဲမှုတွေလုပ်လာခဲ့တယ်။ နောက်ဆုံးတော့ ကလော်ဒဲက စိတ်ကျန်းမာရေးဆေးရုံမှာပဲ နှစ်ရှည်လများ နေထိုင်သွားရပြီးအဲဒီမှာပဲ ကွယ်လွန်သွားခဲ့တယ်။ ရိုဒင်ကတော့ကလော်ဒဲလက်ရာတွေကို ဂုဏ်ပြုပေးပြီး ဆေးရုံမှာရှိစဉ် ငွေကြေးလည်းထောက်ပံ့ပေးခဲ့တယ်လို့ဆိုတယ်။ ရိုဒင်က ကိုယ်ပိုင်လက်ရာတွေအတွက် ပြတိုက်ပြုလုပ်ပြီးရင် ကလော်ဒဲအတွက်သီးသန့်
ပြခန်း ရှိစေချင်တယ်လို့ ထုတ်ဖော်ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒါကတော့ မဖြစ်မြောက်လိုက်ပါဘူး။ ကလော်ဒဲရဲ့လက်ရာပေါင်း ၉၀ လောက်ပဲ အခုထိ ကျန်ခဲ့တယ်တဲ့။

နိဂုံးပြီးတဲ့နောက်မှာ ကိုယ်တို့ဟာ မောလျကျန်ရစ်ခဲ့တယ်။ အဲဒီလောက်ကို မှော်ဆန်တဲ့
ချစ်သူရေးတဲ့ ကျွန်မ၏ညတွေ ပါပဲ။

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora