ဆားပုလင်းနှင်းမောင် စာအုပ်များ

102 9 2
                                        

"ငယ်ဘဝမှာ လွှမ်းမိုးမှုရှိခဲ့တဲ့ ဆားပုလင်းနှင်းမောင် ဝတ္ထုတွေ"

ဒီနေ့က စာအုပ်တစ်အုပ်ကိုညွှန်းပေးတာမျိုးထက် ငယ်ဘဝကို တခါပြန်သွားမိစေတဲ့ စာအုပ်
တွေအကြောင်း ပြောသွားမှာမျိုးပဲ။ (ဆရာ) မင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင် စာအုပ်တွေပေါ့။
ဒါပေမဲ့ ဆားပုလင်းနှင်းမောင် မဟုတ်တဲ့ တခြားသော စာအုပ်တွေလည်း စွဲစွဲမြဲမြဲကြိုက်ခဲ့ရသေးတာပါ။ မ တတ်ပါ့ တို့၊ မနုစာရီ တို့၊ ပုဏ္ဏားဘကွန်း တို့ပေါ့။

ဟိုတလောကထဲက ဒီစာအုပ်တွေအကြောင်း ရေးဦးမှလို့ စိတ်ထဲဖြစ်မိပေမဲ့ မေ့မေ့ပျောက် ပျောက်နေနေတာ။ ဒီနေ့တော့ ကွန်ပျူတာထဲက ဖိုင်တွေပြန်စီရင်း ဖတ်လက်စဖြစ်နေတဲ့ ပါပီယွ
န်ရဲ့ အဝါရောင်နှင်းဆီပွင့်များ ဖိုင်ကိုပြန်တွေ့ရ
တယ်။ ၂၀၂၁ က ထုတ်ဝေဖို့လုပ်ခဲ့ပြီး E-Book ပဲ ထွက်လာခဲ့တဲ့စာအုပ်ဖြစ်မယ်။ အဲဒါကို အပြီးထိ မဖတ်ရသေးပေမဲ့ ပထမဆုံးတစ်ပုဒ်ကိုတော့
ဒုတိယအကြိမ်ပြန်ဖတ်ရင်း ဒီပို့စ်ရေးဖြစ်သွား
တာပဲပေါ့။ "ငါတို့ခေတ်ရဲ့ဆူပါဟီးရိုးများ" တဲ့။
ငယ်ဘဝက ဇာတ်ကောင်တွေအကြောင်း ရေးသွားတာ။ ကိုယ်ပါ စီးမျောနစ်ဝင်သွားတယ်။

တကယ်လည်း ဆားပုလင်းနှင်းမောင် အပါအဝင် (ဆရာ) မင်းသိင်္ခရဲ့ဇာတ်ကောင်တွေ
က စာဖတ်သူတွေအပေါ်လွှမ်းမိုးမှုအများကြီးရှိ
ပါတယ်။ ဘယ်လိုပဲဝေဖန်ကြပါစေဦး၊ ကိုယ်ဆို
လည်း ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊
မြိုင်မဟာမမြလေး၊ ပရော်ဖက်ဆာဆိတ်ဖွား၊
မိုးသီး စတဲ့ ဇာတ်ကောင်တွေကိုစွဲလန်းနေခဲ့တာပဲလေ။ ငယ်ငယ်က အသက်ကွာတဲ့ အစ်ကိုနဲ့
ကြီးပြင်းလာရတော့ သူဖတ်သမျှဝတ္ထုတွေယူဖတ်ရင်း ကိုယ်အစောဆုံးဖတ်ခဲ့တဲ့စာအုပ်တွေက အောက်က စာအုပ်တွေပဲ။

စုံထောက်၊ သုဘရာဇာ၊ ဘိန်းစား၊ ထောင်ထွက်၊ အငြိမ့်သမ၊ လူရွှင်တော်၊ ကျောက်စာသမား၊ ကူလီ၊ ဆန်ကုန်သည် စသဖြင့် ဘာတွေပဲဖြစ်နေပါစေဦး။အင်္ဂလိပ်စာလေယူလေသိမ်း သိပ်ကောင်းပြီး မတော်တာမရှိတဲ့ ပြီးပြည့်စုံလွန်းတဲ့ဇာတ်ကောင်များပေါ့။

အထူးသဖြင့်တော့ မြိုင်မဟာမမြလေး ဆိုရင် ကိုယ်အကြိမ်ကြိမ် မရေမတွက်နိုင်အောင်ဖတ်ခဲ့ပြီး အမြဲတမ်းသဘောကျနေရတာ။ တရုတ်ကား
ဆန်ဆန်ပဲ၊ တစ်လောကလုံးက ဝိုင်းယုတ်မာတာ
ခံရတဲ့ မမြလေးဟာ အစွပ်စွဲခံဘဝနဲ့ တကျွန်းပို့ခံရ၊ သင်္ဘောပျက်ပြီး ကျွန်းတကျွန်းပေါ်ရောက်ရာ
ကနေ အတတ်ပညာအစုံအလင် သင်ပေးမယ့်
သီလရှင်ကြီးနဲ့ သွားတွေ့ပြီး ချမ်းသာတဲ့ စိန်တိုက်ပိုင်ရှင် မြိုင်မဟာမမြလေး ဖြစ်လာတော့တာ။ ပြီးတော့ တစ်ယောက်စီကို လက်စားလိုက် ချေတာ။ အငြိမ့်ကရင်း အဆိပ်ပါတဲ့ စိန်ဆံထိုးနဲ့
လှမ်းပစ်တာတို့ဘာတို့။ တကယ့်ကျွတ်ဆင်ကြီး။
သူက Sign Language တွေဘာတွေလည်း တတ်သေးတာ။ သိုင်းကားတွေကြည့်ပြီး သိုင်း
သင်ချင်စိတ်ကနောက်မှ၊ မြိုင်မဟာမမြလေးရဲ့
ဆံထိုးပစ်နည်း တတ်ချင်လိုက်တာ ဆိုတဲ့စိတ်က
ပိုအားသာတယ်။

နောက်ပြီး ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဆိုလည်း ဘဝတွေနဲ့ချီပြီး လက်စားချေကြတာမျိုး။  နှစ်အုပ်တွဲကြီး အားရပါးရဖတ်ရတာ။ ဆားပုလင်းနှင်းမောင် အမှုလိုက်တာထက် နောက်ခံဇာတ်လမ်းကြီးက ပိုကောင်းနေတာ။
ဒဏ္ဍာရီဆန်ဆန် ဇာတ်ကြောင်းတွေနဲ အခုထိ မေ့မရတဲ့ စာအုပ်တွေပေါ့။

ပါပီယွန် ရေးသလိုပါပဲ။ "ယနေ့အရွယ်ရောက်လာတဲ့အခါမှာ အဲဒီစာအုပ်တွေ
ဟာ စာကြီးပေကြီးမဟုတ်တဲ့အတွက် မင်းတို့
ရယ်ပွဲဖွဲ့ကောင်းဖွဲ့လိမ့်မယ်။" ဒါပေမဲ့ ငါတို့ခေတ်
ရဲ့ ဆူပါဟီးရိုးတွေဖြစ်ခဲ့တာ အမှန်ပါပဲ။

Random Thoughts on BOOKSWo Geschichten leben. Entdecke jetzt