ကံကြမ္မာကို မယုံကြည်ကြသူများ - ဂျူး

94 6 2
                                        

ကံကြမ္မာကို မယုံကြည်ကြသူများ - ဂျူး

ဆရာမ ဂျူးရဲ့လက်ရာတွေထဲမှာ ကိုယ့်အတွက်
အကြွေးကျန်သလို ခံစားရတဲ့ စာအုပ်တစ်အုပ်ရှိ
နေခဲ့ပါတယ်။ အကြိမ်ကြိမ်ဖတ်ဖို့ ကြိုးစားခဲ့ပြီး
အစပိုင်းမှာတင် အာရုံပြောင်းသွားလို့ မဖတ်ဖြစ်
ခဲ့တဲ့ စာအုပ်ပါ။ ဆရာမ နဲ့ တွေ့ဆုံဆွေးနွေးချိန်
မှာ တခြားစာအုပ်တွေအတွက် တက်တက်ကြွကြွ ဆွေးနွေးနိုင်ခဲ့သလောက် ဒီတစ်အုပ်
အကြောင်းကို မပြောနိုင်ခဲ့တော့ အားမလိုအားမရဖြစ်စွာနဲ့ စိတ်ထဲ ဒီကွက်လပ်ကို
ဖြည့်ရမယ်လို့ တွေးဖြစ်ခဲ့သေးတယ်။

တကယ်တမ်း ဖတ်ကြည့်လိုက်ချိန်ကကျတော့
ကိုယ့်စာတမ်းကိစ္စနဲ့ ဆက်စပ်နေပြန်တယ်။ အစ
အဆုံး ဖတ်ပြီးချိန်မှာ ဒီစာအုပ်ဟာ ဆရာမ ဂျူး
ရဲ့ တခြားလက်ရာတွေလိုပဲ ကိုယ့်ရဲ့ အကြိုက်ဆုံးစာရင်းထဲ ရောက်လာပါတယ်။

ဒီစာအုပ်ကို ဘာဖြစ်လို့အစနဲ့ လှည့်ထွက်ခဲ့တာ တွေများတာလဲဆိုတာကိုလည်း အဖြေရှာတွေ့ခဲ့
တယ်။ ကံကြမ္မာကိုမယုံကြည်ကြသူများ ဟာ ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူဘဝ
ကနေ အထူးကုဆရာဝန်ဖြစ်လာတဲ့အထိ သူငယ်ချင်း ၈ ယောက်အုပ်စုရဲ့ဘဝတွေ သံယောစဉ်တွေ ရှုပ်ထွေးတဲ့ခံစားချက်တွေ အကြောင်းပါ။ လုံးဝ ရှောင်လို့မရတာကတော့
ဆေးပညာအသုံးအနှုန်းတွေ၊ ဆေးပညာဆိုင်ရာ
ရောဂါတွေ ကေ့စ်တွေ၊ နောက်ပြီး ဆေးလောက
ရဲ့နိုင်ငံရေးတွေပဲ ဖြစ်ပါလိမ့်မယ်။

ဇာတ်လမ်းအစမှာ ကလေးအထူးကု ဆရာဝန် ဖြစ်တဲ့ မြရွက်ညို ရဲ့ဆေးရုံက တနေ့တာနဲ့စဖွင့်
ထားခဲ့တယ်။ ဒေါက်တာမြရွက်ညို အိမ်ပြန်ရောက်လာတော့ ခင်ပွန်းဖြစ်သူ အောင်မိုးနဲ့ သိပ်
အဆင်မပြေတဲ့ အေးစက်စက်ဆက်ဆံရေးကို
ရင်ဆိုင်ရတယ်။ အောင်မိုးဟာ သဘောထားသေးသိမ်သူ တစ်ယောက်ဖြစ်ပေမဲ့
မြရွက်ညိုက စွဲစွဲလမ်းလမ်းကို ချစ်နေသေးတာ။
အောင်မိုးက မြရွက်ညိုကို မြင့်မိုရ် ဆိုတဲ့လူတစ်
ယောက်နဲ့ သမုတ်ချင်နေတယ်။ မြင့်မိုရ်ကို တိုက်ရိုက်ဖုန်းမဆက်ချင်တဲ့ မြရွက်ညိုက သူငယ်ချင်း ခင်လှဝေကို လှမ်းပြောလိုက်ရတယ်။ စိတ်ကျန်းမာဆရာဝန် ခင်လှဝေကတော့
သူငယ်ချင်းတွေကြားထဲက အရှုပ်ထုပ်ကြီးကို
တွေးရင်း ဘယ်နေရာတွေမှာ မှားယွင်းခဲ့တာလဲလို့ အဖြေရှာဖို့ အတိတ်ကိုပြန်ပြောင်းတွေးတော့
တယ်။ မန္တလေးဆေးတက္ကသိုလ်နေ့ရက်ဆီကိုပေါ့။

Random Thoughts on BOOKSМесто, где живут истории. Откройте их для себя