ကိုယ်ကိုစတေး၍ - ဖြိုးကျော်

428 7 0
                                        

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


စာအုပ်အညွှန်း

ကိုယ်ကိုစတေး၍ - ဖြိုးကျော်

The Devotion of Suspect X - Keigo Higashino

၂၀၂၃

စာရေးသူ ဖြိုးကျော်ရဲ့ ဘာသာပြန်လက်ရာနဲ့  မူရင်းရေးသူ Keigo ရဲ့တွေးခေါ်နိုင်စွမ်းအားကို

ပထမဆုံးစာအုပ် ဖြေသိမ့်ရာကုန်စုံဆိုင် မှာကတည်းက သိခွင့်ရခဲ့ပါတယ်။ အဲဒါကြောင့် လည်း ဒီမူရင်းရေးသူနဲ့ ဒီဘာသာပြန်ဆရာ ရဲ့အတွဲအဖက်ဆိုရင်တော့ မဖြစ်မနေ ဖတ်ရတော့မှာလို့ တေးထားမိတဲ့အထိပါပဲ။ ကိုယ်ကိုစတေး၍ စာအုပ်ကို ဖတ်မိပြီးချိန်မှာလည်း ဟာ ဆိုပြီး တသသနဲ့ဖြစ်ကျန်ခဲ့ရပြန်ပါတယ်။ ဒီလိုလက်ရာမျိုးတွေ ဖတ်လို့ကုန်သွားမှာကိုတောင် စိတ်ပူလာမိတဲ့အထိပဲ။

ပထမဆုံးပြောရရင် ကိုယ်ကိုစတေး၍ က မှုခင်းဇာတ်လမ်းပါ။ ကိုယ်ဖတ် လေ့ရှိတဲ့ ပုံစံမဟုတ်ပေမဲ့ Keigo လက်ရာကို (ဆရာ)ဖြိုးကျော် ဘာသာပြန်ဆိုတာနဲ့တင် ရွေးလာခဲ့ပါတယ်။ ရီဗျူးတချို့ဖတ်ဖူးပြီးသားမို့ Spoiler သိထားတာတောင် ဖတ်ချိန် ရသမပျက်တာလည်း တကယ်မိုက်တာပါ။

ဂျပန်နာမည်တွေနဲ့ မြို့နာမည်တချို့က ဖတ်စမှာရှုပ်ထွေးတယ်လို့ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းသွားကို မြှုပ်ထားပုံက ရှေ့ဆက် သိချင်စေတာမို့ ဆက်တိုက်ဖတ်ဖြစ်ခဲ့တယ်။ အံ့ဩဖို့ကောင်းတာက ဒီဇာတ်လမ်းမှာ တရားခံ ဘယ်သူလဲ ဆိုတာကနေ စထားတာပါ။ ဆိုတော့ တင်ဆက်ပုံ ကောင်းလွန်းတာမို့ ရဲတွေ တရားခံ မိသွားတော့မလားလို့ ရင်တထိတ်ထိတ်နဲ့ဖတ်ရတာပါပဲ။ ဉာဏ်ပြေးလွန်းတဲ့ Genius ဆိုတဲ့လူ နှစ်ယောက်ရဲ့အားပြိုင်မှု၊ ချစ်ခြင်းမေတ္တာ၊ သိပ္ပံ၊ မှုခင်း၊ သင်္ချာ၊ လူသားဆန်မှု၊ တရားမျှတမှု...။

ဇာတ်အလှည့်အပြောင်းကတော့ ဖတ်ဖူးသမျှထဲတော်တော်ကြမ်းလွန်းတဲ့ twist လို့ဆိုရမယ်။ ဟာ ဆိုပြီးဖြစ်သွားတာမျိုး။

အိရှိဂါမိ က ဘာဖြစ်လို့ ယာစုကို ကို ဒီလောက်ထိ ကူညီရသလဲဆိုတာရဲ့ အဖြေကို စာရေးဆရာဟာတစ်မျက်နှာလောက်ပဲပေးထားခဲ့ပေမဲ့ သိပ်ကိုလှပလွန်းပါတယ်။ဒီလိုစာအုပ်မျိုးက အညွှန်းပေးရတာ "ကောင်းလွန်းတယ်" ဆိုတာထက် ဘာမှထပ်ပြောနေစရာ ကိုမရှိပါဘူး။

အခု ကံ့ကော်ဝတ်ရည် စာပေက လျှော့ဈေးပေးတုန်း ဝယ်သိမ်းသင့်တဲ့ စာအုပ်ပါပဲ။ ကိုယ်လည်းဆရာဖြိုးကျော်ရဲ့ တခြားစာအုပ်တွေဝယ်ဖို့ရှိပါတယ်။ ဖြေသိမ့်ရာကုန်စုံဆိုင် ရော အခု ကိုယ်ကိုစတေး၍ ရော တကယ်အချိန်ပေးရတာ တန်လွန်းတဲ့ စာအုပ်တွေလို့ညွှန်းပါရစေ။

(ကိုယ်ကတော့ စမ်းချောင်း အောင်သပြေလမ်းက ထင်ပေါ်စာပေ ကနေ ငှါးလာခဲ့တာပါ။ )

ဖြည့်စွက် - စာအုပ်ခေါင်းစီးက တကယ်လှတယ်လို့ခံစားမိတယ်။ The Devotion of Suspect X ဆိုတာရော ကိုယ်ကိုစတေး၍ ဆိုတာရော။

Random Thoughts on BOOKSWhere stories live. Discover now