အမျိုးသမီး စာဆိုတော်များ - ဒဂုန်ခင်ခင်လေး

93 5 3
                                        

အမျိုးသမီး အနုပညာရှင်များ - ဒဂုန်ခင်ခင်လေး

မြန်မာစာ၊ မြန်မာဘာသာစကားမှာ သိပ်လှတဲ့ရတု၊အိုင်ချင်း၊ဧချင်း စတဲ့ ကဗျာတွေရှိတယ်။
ရတုဘုရင် နတ်သျှင်နောင် တို့ နဝဒေးကြီးတို့လို
လူစာဆိုတွေအပြင် ရှင်မဟာရဌသာရ၊ ရှင်မဟာ
သီလဝံသ အစရှိတဲ့ ရဟန်းစာဆိုတွေအကြောင်း
လည်း ကိုယ်တို့ကျောင်းသင်ခန်းစာတွေကနေ ရော၊ စာပေတွေကနေတဆင့်ပါ သိရတာပဲ။ ဒါပေမဲ့ အမျိုးသမီးစာဆိုတွေရဲ့အခန်းကဏ္ဍက
တော့ ထင်သလောက်မပေါ်လွင်ခဲ့ဘူးလို့ ပြောရ
မယ်။ တကယ်တမ်းတော့ ကိုယ်တို့ဟာ အမျိုးသမီးစာဆိုတွေရဲ့စာတွေကတဆင့် အဲဒီခေတ်က မိန်းမသားတွေရဲ့ခံစားချက်ကိုသိကျွမ်းလေ့လာခွင့်ရခဲ့တယ်။ ပဒေသရာဇ်ခေတ်ကာလမှာ ပညာသင်ခွင့်ရပြီး ကဗျာတွေစာ
တွေ မှတ်တမ်းကျန်ခဲ့တာကတော့ အများစုဟာ
နန်းတွင်းနဲ့ မှူးကြီးမတ်ရာ အသိုင်းအဝန်းကအမျိုးသမီးတွေတော့ များပါတယ်။ ဒါပေမဲ့လည်း တောင်တွင်းရှင်ငြိမ်းမယ် တို့လို အရပ်သူ မိန်းကလေးတွေရဲ့ ခံစားချက်တွေကို စပ်ဆိုပုံ
ဖော်ထားကြတာ ရှိတာပါပဲ။

ဆရာမ ဒဂုန်ခင်ခင်လေး ရဲ့ အမျိုးသမီးအနုပညာရှင်များ စာအုပ်ဟာ မြန်မာစာပေထဲက အမျိုးသမီးစာဆိုတော်များရဲ့လက်ရာနဲ့ အတ္ထုပ္ပတ္တိအတွက် တော်တော်ကို ပြည့်စုံတဲ့ ကျမ်းတစ်စောင်လိုပါပဲ။ သက္ကရာဇ် ၁၅၀ ခန့်လောက်က အိမ်ရှေ့မိဖုရား စောပြည့်ညိုရဲ့ လက်ရာ က စပြီး သီပေါမင်းခေတ် စာဆိုတွေအထိ အမျိုးသမီး စာဆိုတော်တော်များများကို ထည့်သွင်းဖော်ပြထားပါတယ်။ သူတို့လက်ရာတွေကိုလည်း (အကုန်မဟုတ်တောင်) ပြည့်ပြည့်စုံစုံဖော်ပြထားတယ်။ အတ္ထုပ္ပတ္တိတွေ အကျဉ်းချုပ်နဲ့ တွဲပြီး ဖတ်ခွင့်ရတဲ့အခါ သူတို့ရဲ့
လက်ရာ ရတုတွေ အိုင်ချင်းတွေက ပိုပြီး သက်ဝင်လှုပ်ရှားလာတယ်။

ရာဇဓိရာဇ်ကတော် ရဲ့ သုံးထောင့်အိုင်ချင်းတို့၊
ရဝေရှင်ထွေးရဲ့ရတုတို့၊ မမြလေးရဲ့ပတ်ပျိုး၊ မယ်ခွေရဲ့အဲချင်း၊ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်း၊ လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ် စ
သဖြင့် လက်ရာကောင်းတွေပါတယ်။

ကိုယ့်မှာ ဒီစာအုပ်ကို စ ဖတ်တုန်းက စိတ်လှုပ်ရှားမှုကို အခုထိမှတ်မိသေးတယ်။ ၂၀၁၇ မှာပြန်ထုတ်ထားတာပေမဲ့ ဒီစာအုပ်က ၁၉၄၈
ကထဲက ရှိလာတာတဲ့။ ကိုယ်ဝယ်ဖြစ်တာလည်း
၂၀၁၈/၂၀၁၉ လောက်ပဲဖြစ်မယ်ထင်တယ်။
ဒီစာအုပ်လေးက ကိုယ်အမြတ်တနိုးထားရတဲ့
ကျမ်းစာအုပ်လေးလိုပဲ။ ချစ်ရသူတွေကို ဒီထဲက
ရတုလေးတွေကူးရေးပေးရတာ အမော။ အဲဒီလောက်ထိ သဘောကျတာ။ အခုထိလည်း စာအုပ်လေးကို အနားမှာထားပြီး ပြန်လှန်ရှာဖတ်ဖြစ်တုန်းပဲ။ (နေပြောက်သစ်ပင် စ ရေးတော့လည်း ဒီထဲကနေအများကြီးကိုးကားခဲ့ရတယ်။ )

ဒီထဲမှာ စာဆိုတော်တွေအပြင်ကို ဇာတ်သဘင်
လောကက အမျိုးသမီးအနုပညာရှင်တွေအကြောင်းလည်း ဒုတိယပိုင်းအနေနဲ့ပါတာမို့
စိတ်ဝင်စားသူတွေ လက်မလွတ်သင့်တဲ့စာအုပ်ပါပဲ။

ဒီစာအုပ်နဲ့ပတ်သက်လို့ အမှတ်တရကတော့ ကိုယ် အကြိုက်ဆုံးစာအုပ်ထဲကတစ်အုပ်ဖြစ်တဲ့
ချစ်သူလား စံကားတစ်ပွင့်ပွင့်ခဲ့တယ် စာအုပ်ထဲ
မှာပြောထားတဲ့ ကျွမ်းထိုးကောင် အကြောင်းကို
ဒီထဲမှာ ရာဇဓိရာဇ်ကတော်ရေးတဲ့ သုံးထောင့်အိုင်အဖြစ် လေ့လာခွင့်ရလိုက်တာပါပဲ။ ♥️

Random Thoughts on BOOKSWhere stories live. Discover now