မရှိမဖြစ်မိုး - ဂျူး

104 13 0
                                    

မရှိမဖြစ်မိုး - ဂျူး

ဆရာမဂျူးရဲ့စာအုပ် အားလုံးနီးပါး ကို ဖတ်ခဲ့ဖူးပေမဲ့ ပထမဆုံးတခါ First Impression မှာ "ဟင်" ဆိုပြီး မကြိုက်မိတဲ့စာအုပ်က ဒီ မရှိမဖြစ်မိုး ပဲ။ စစဖတ်ဖူးတဲ့ တခါကလွဲပြီး လုံးဝ ပြန်မဖတ်ဖြစ်ခဲ့တဲ့ ဒီစာအုပ်ကို ၁၀ နှစ်လောက်နေမှ စိတ်ကူးပေါက်ပြီး ပြန်ဖတ်မိတယ်။ ဆယ်ကျော်သက်အရွယ်က မကြိုက်ခဲ့ရ
သလောက် အခုချိန်ပြန်ဖတ်တော့ ကြိုက်သွား
ပါတယ်။

ဆရာမဂျူးက လုံးချင်းတွေရေးတော့မယ်ဆိုရင် နောက်ခံ Theme ကိုယ်စီနဲ့ရေးလေ့ရှိတယ်လို့ပြောကြတယ်။ ဒီ မရှိမဖြစ်မိုး ရဲ့ နောက်ခံ Theme ကတော့ စိမ်းပြာရေညှိ စပီရူလိုင်းနား ထုတ်လုပ်မှုပေါ့။ အပင်တွေရဲ့ဇီဝဖြစ်စဉ်တွေက
ပထမဆုံးအကြိမ်ဖတ်တုန်းက ကိုယ့်ကို မဆွဲဆောင်နိုင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီတခါ ပြန်
ဖတ်ချိန်မှာတော့ စိတ်ဝင်တစားနဲ့ သေချာလိုက်
ကြည့်မိတယ်။ (တွင်းတောင်အကြောင်းတောင် လိုက်ရှာကြည့်မိသေး)

ဇာတ်လမ်းက - မင်းထင်ကျော် က ပါမောက္ခ တစ်ယောက်ရဲ့သားဖြစ်ပြီး အဖေ့ရှယ်ယာပါတဲ့
ရေလုပ်ငန်းကုမ္ပဏီမှာ မန်နေဂျာအဖြစ်ဝင်လုပ်
နေတဲ့သူ။ သူ့ဘဝက ချမ်းသာတယ်လို့မဆိုသာ ပေမဲ့ လိုချင်တာတော့ရပါတယ်။ တစ်ဦးတည်းသောသားဖြစ်တာမို့ မိသားစုကလည်း Close ဖြစ်တယ်။ အနားက လုပ်ဖော်ကိုင်ဖက်လှလှပပ ကောင်မလေးကိုလည်း (ဘာစိတ်မှတော့မရှိပေမဲ့) သူလိုချင်တဲ့မိန်းကလေးပုံစံအဖြစ် စိတ်ကူးယဉ်ကြည့်လေ့ရှိသေးတယ်။

ပြဿနာက သူ့ဘဝထဲကို အဲ- သူ့ရုံးခန်းထဲကို
မဖိတ်ခေါ်ဘဲ မိန်းမတစ်ယောက်ဝင်လာပြီး အရင်းမရှိအဖျားမရှိနဲ့ နိုင်ငံခြားက စာအုပ်ဝယ်ဖို့ အကူအညီတောင်းတာကစတာပဲ။ နောက်မှသိရတာက ဒီမိန်းမက အဖေ့ရဲ့တပည့် ဖြစ်နေတယ်။ မခင်မိုးမြင့် တဲ့။ အထက်စီးဆန်ပြီး အခုခေတ်စကားနဲ့ဆို ချေမိုးနေတဲ့ အဲဒီ
မိန်းမကို မြင်ပြင်းကပ်ရင်းနဲ့ကနေ တဖြည်း
ဖြည်း စွဲလန်း မြတ်နိုးမိသွားတဲ့ မင်းထင်ကျော် ရဲ့အဖြစ်ပေါ့။

ခင်မိုးမြင့်က စစ်ကိုင်းတိုင်းထဲက တွင်းတောင် မှာ တာဝန်ကျနေတဲ့ အဏ္ဏဝါဇီဝ ပညာရှင်တစ်
ယောက်ဖြစ်ပြီး စပီရူလိုင်းနား စိမ်းပြာရေညှိထုတ်လုပ်တဲ့စခန်းက ဆိုတာကို သိသွားတဲ့နောက်မှာ မင်းထင်ကျော်က အလုပ်အကြောင်း
ပြပြီး အရောက်သွားရှာတယ်။ ခင်မိုးမြင့်ကလည်း နည်းနည်းမှ မကြည်ဖြူဘူး။ အလုပ်သဘောကလွဲပြီး ကိုယ်ရေးကိုယ်တာပါလာရင် စိမ်းကားရက်စက်တတ်တဲ့ မိန်းမဖြစ်နေလေတော့ မင်းထင်ကျော်မှာ လှိမ့်ခံရတာပါပဲ။

Random Thoughts on BOOKSNơi câu chuyện tồn tại. Hãy khám phá bây giờ