မီးဖိုခန်းထဲမှာ မနက်စာစားနေရင်း တစ်စုံတစ်ယောက်ဝင်လာတာကို မျက်လုံးထောင့်ကနေမြင်လိုက်ကတည်းက "သူ" ဆိုတာ ဆောင်ဟွန်းသိလိုက်သည်။ ဒီအိမ်မှာ ဆောင်ဟွန်း ထမင်းစားချိန်ဆို ဘယ်သူမှမီးဖိုခန်းထဲကို ဝင်မလာရဲပေ "သူ"ကလွဲလို့ပေါ့။
ပေါင်မုန့်မီးကင်ကို တစ်ချက်ကိုက်ရင်း ရေခဲသေတ္တာတံခါးဖွင့်သံကို နားစွင့်နေမိသည်။ ရေဘူးကို လှမ်းယူလိုက်သံ၊ နောက် အဖုံးဖွင့်သံ၊ နောက် ရေသောက်နေဟန်ရသောကြောင့် အနည်းငယ်တိတ်ဆိတ်သွားသံ၊ အဖုံးပြန်ပိတ်လိုက်သံ၊ ရေဘူးပြန်ထည့်လိုက်ပြီးနောက် ရေခဲသေတ္တာတံခါးကို ပိတ်လိုက်သံ စတဲ့ အသံတွေကို အာရုံစိုက်နားစွင့်နေခဲ့မိတယ်။
မနက်စာကိုပဲ အာရုံစိုက်ပြီး စားနေပုံပေါ်နေမှာဖြစ်ပေမဲ့ အမှန်တော့ စိတ်တွေက အဲ့လှုပ်ရှားမှုတွေကို တစ်ခုခြင်းအာရုံစိုက်နားထောင်နေခဲ့တာ။ မီးဖိုခန်းထဲက ပြန်ထွက်သွားတဲ့ ခြေသံတွေနောက်ထိကို ဆောင်ဟွန်းရဲ့ စိတ်တွေက ကပ်ပါသွားခဲ့ပြန်သေးတာ။
တစ်အိမ်တည်းအတူနေပြီး မျက်နှာခြင်းဆိုင်ဆုံတာတောင် မေးထူးခေါ်ပြောလုပ်လေ့မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အနည်းငယ်တော့ ရယ်ချင်စရာကောင်းနေမလားပဲ။
စာချုပ်ပေါ်က သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်မှု၊ တစ်နည်းပြောရရင် ဆောင်ဟွန်းရဲ့ တရားဝင်အိမ်ထောင်ဖက်ဖြစ်တဲ့ ရှင်းမ်ဂျိတ်ခ်။ ဘာအချစ်၊ သံယောဇဥ်မှမပါတဲ့ သူစိမ်းနှစ်ယောက်ရဲ့ သုံးနှစ်ကျော်ကြာ အိမ်ထောင်ရေးက ပုံမှန်အတွေးနဲ့ တွေးနိုင်တာထက်ကို အဆပေါင်းများစွာ ခါးသက်လွန်းလှတယ်။
အချစ်တွေမပါတဲ့အိမ်ထောင်ရေးက အမုန်းတွေတော့ ပါဝင်နေခဲ့တယ်လို့ပြောရမှာပေါ့။ မင်္ဂလာပွဲနေ့မှာ ဘဝလက်တွဲဖော်နှစ်ယောက်က ချစ်တယ်ဆိုတဲ့စကားကို ပြောပြီး တစ်ယောက်လက်ကို တစ်ယောက်ကတွဲလို့ ဘဝအသစ်ကို စတင်လျှောက်လှမ်းရတာဖြစ်ပေမဲ့ ဆောင်ဟွန်းအတွက်ကတော့ "သိပ်မုန်းတယ်"ဆိုတဲ့ စကားလေးကို ကတိကဝတ်တွေကြားထဲကနေ အပြောခံခဲ့ရတာ။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......