"ငါနဲ့မင်း တစ်ယောက်အကြောင်းတစ်ယောက် သိချင်တာမေးကြမလား?"
"မင်း သိချင်တာရှိလို့လား"
"ဒီလိုလေ အခုလိုအေးချမ်းနေတဲ့အချိန်က အေးဆေးစကားပြောလို့ကောင်းတဲ့အချိန်မလို့လေ"
"မင်း သိချင်တာရှိမေးကြည့်လေ ငါဖြေပေးပါ့မယ်"
" အင်းးး အဲ့ဒါဆို.........မင်းရဲ့အိမ်မက်က ဘာလဲ ဆောင်ဟွန်းနား"
"အိမ်မက်?"
"......."
"အင်းးးးး မြို့ပြမဟုတ်တဲ့ မြို့လေးတစ်မြို့မှာ ကော်ဖီဆိုင်လေးဖွင့်ချင်တယ်။ အလုပ်သမားလည်းအများကြီးမခေါ်ပဲ ကိုယ်တိုင်ဦးစီးပြီး၊ ဆိုင်ကိုလည်း ရိုးရိုးရှင်းရှင်းလေးပြင်ဆင်ပြီး ကော်ဖီအမျိုးအစားကိုလည်း ငါကြိုက်တဲ့ နှစ်မျိုး၊သုံးမျိုးလောက်ပဲရောင်းမဲ့ ကော်ဖီဆိုင်လေးဖွင့်ချင်တယ်"
များပြားလွန်းတဲ့အမွေတွေဆက်ခံရမဲ့သူတစ်ယောက်ရဲ့ အိမ်မက်က အရမ်းရိုးရှင်းလွန်းမနေဘူးလား။ ကြီးမားလွန်းတဲ့တိုက်တွေ၊ အကောင်းစားကားတွေ၊ အောင်မြင်မှုတွေ စတဲ့အရာမျိုးတွေမဟုတ်ပါပဲ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ချင်တာတဲ့လား?
" မင်းအိမ်မက်က ရိုးရှင်းသားပဲ"
" ပကာသနတွေကင်းတဲ့ဘဝမျိုးမှာ နေချင်တယ်။ တွေးကြည့်ရုံနဲ့တင် စိတ်ချမ်းသာဖို့ကောင်းတယ်လေ"
"အင်း မင်းပြောမှ ငါလည်းကော်ဖီဆိုင်ဖွင့်ချင်သွားသလိုပဲ"
" ငါနဲ့အတူဖွင့်ကြမလား "
ရုတ်တရက်ထွက်သွားမိတဲ့ စကားလေးတစ်ခွန်းမှာ သက်ရောက်သွားတဲ့အဓိပ္ပါယ်များစွာက ဆောင်ဟွန်းရဲ့စိတ်ဝိညာဥ်တွေကို ဘက်ပေါင်းစုံကနေ ထိုးနှက်တိုက်ခိုက်လို့လာကြတယ်။ သူအခု ဂျိတ်ခ်ကို သူ့ရဲ့အနာဂတ်မှာပါ အတူရှိနေစေချင်ခဲ့တာလား။အချိန်တန်ရင် သူစိမ်းတွေအဖြစ်အဆုံးသတ်သွားမဲ့ ဒီဆက်ဆံရေးမှာ သူဟာ ဂျိတ်ခ်ကို တွယ်တာလို့မရဘူး၊ သံယောဇဥ်ဖြစ်လို့မရဘူး၊ လောဘတက်လို့မဖြစ်ဘူးဆိုတာတွေကို ဆောင်ဟွန်းဟာသိနေရက်နဲ့လေ....
YOU ARE READING
Not for me
Fanficပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......