တည်းခိုခန်းကဝန်ထမ်းလေးခေါ်ပေးတဲ့ကားပြင်သမား ကားဘီးလဲပေးနေတဲ့အနားမှာ ဆောင်ဟွန်းမတ်တပ်ရပ်ရင်း ပြီးမဲ့အထိစောင့်နေရတယ်။ ဝန်ထမ်းလေး လာခေါ်လို့ ဆောင်ဟွန်းထွက်လာတုန်းကတော့ ဂျိတ်ခ်က ရေချိုးနေတုန်းပဲရှိသေးသည်။ ဆောင်ဟွန်းပြောတော့ပြောခဲ့သည် ကားပြင်ပြီးသွားလျှင် ပြန်လာခေါ်မဲ့အကြောင်းကို အခန်းထဲကစားပွဲပေါ်မှာ စာရေးပြီးထားခဲ့တယ်။
သူတို့နှစ်ယောက်ပြန်လာတဲ့လမ်းမှာ ကားပေါ်မှာ ဖွင့်ထားတဲ့သီချင်းသံကလွဲလို့ တစ်ယောက်နဲ့တစ်ယောက်စကားပြောခြင်းမျိုးမရှိတာကြောင့် အနည်းငယ်တော့ ကသိကအောက်ဖြစ်နေသလိုခံစားရသည်။ ဒီနေ့ မနက်အိပ်ယာနိုးတည်းက မျက်နှာချင်းဆိုင်မိပေမဲ့ စကားတစ်ခွန်းမှမဆိုမိကြသေး။
ဆောင်ဟွန်းရဲ့ အားသာချက်လည်းဖြစ်သလို၊အားနည်းချက်လည်းဖြစ်တဲ့ စကားနည်းခြင်းဟာ ဆောင်ဟွန်းအတွက်တော့ပုံမှန်လိုဆိုပေမဲ့ ဂျိတ်ခ်အတွက်ကျတော့ အနေရခက်နေစေမည်လား?လို့တွေးနေမိသည့်တိုင် ဆောင်ဟွန်းဘက်က စကားစဖို့ရာကခက်ခဲနေခဲ့သည်။ ထို့အတူ ဂျိတ်ခ်ဘက်ကပါ တိတ်ဆိတ်ငြိမ်သက်နေခြင်းကိုလည်း ဆောင်ဟွန်းမတွန်းလှန်နိုင်ပါ။
ဒါပေမဲ့ တစ်ချက်တစ်ချက် ထွက်ပေါ်လာတတ်တဲ့ ဖွင့်ထားတဲ့သီချင်းကို ခေါင်းလေးလှုပ်ပြီး လိုက်ညည်းသံလေးတွေက ဆောင်ဟွန်းကို စိတ်အေးချမ်းစေနိုင်ခဲ့သည်။ ဆောင်ဟွန်းက သီချင်းနားထောင်ရတာကို အင်မတန်မှကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး ဂျိတ်ခ်ရဲ့သီချင်းတွေကိုနားထောင်ရတာကိုတော့ ပိုလို့သဘောကျနှစ်သက်သူတစ်ဦးဖြစ်သည်။ ဘာလို့ဆို သူဟာ ဂျိတ်ခ်ရဲ့အသံကို တခြားအဆိုတော်တွေအားလုံးထက်ကို ပိုသဘောကျတာမလို့ပါ။
သဘောကျတယ် သီချင်းဆိုနေတဲ့အချိန်ရော၊ သီချင်းလေးတွေလိုက်ညည်းတတ်တဲ့အချိန်ရော၊ စကားတွေပြောနေတဲ့အချိန်ရော အရင်တည်းက သဘောတကျဖြစ်ခဲ့ရတာ။
ဆောင်ဟွန်းတို့ကားလေး အိမ်ရဲ့ခြံဝန်းတံခါးကိုဖြတ်လာတယ်ဆိုရင်ပဲ ခြံထဲမှာရောက်နှင့်နေတဲ့ပြိုင်ကားအမဲလေးက သူတို့ကိုကြိုဆိုနေလို့ရယ်။ ကားပေါ်ကအရင်ဆင်းသွားနှင့်တဲ့ ဂျိတ်ခ်ကတော့ ဆောင်ဟွန်းရှေ့မှာတင် ရင်ခွင်တစ်စုံရဲ့သိမ်းပိုက်ခြင်းကိုခံလိုက်ရတယ်။
![](https://img.wattpad.com/cover/365695636-288-k583053.jpg)
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......