💍17💍

482 48 23
                                    

"ကျွန်တော်ကအချစ်အတွက်အရေးမပါဘူးပဲ"

မလွှဲရှောင်သာပဲ နီခီနဲ့အတူရိုက်ကူးရေးတစ်ခုအတူလုပ်ဖို့ဖြစ်လာတဲ့အခါ နားနေခန်းတစ်ခုကိုအတူအသုံးပြုရင်း နီခီ့ဘက်ကနေ ဂျိတ်ခ်စီကို အရင်ချဥ်းကပ်လာခဲ့သည်။

"အဲ့လိုမဟုတ်ဘူးလို့ ငါမင်းကိုအကြိမ်ပေါင်းမနည်းအောင်ပြောခဲ့ပြီးပြီ"

"ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲကနေ အဲ့နေ့က ကိစ္စကိုထုတ်လို့မရဘူး.....ကျွန်တော့်ကိုထားခဲ့ပြီး အဲ့လူစီကိုထွက်သွားတဲ့အချစ်ရဲ့ပုံရိပ်လေးက...."

ဝမ်းနည်းမှုတွေကိုအတိုင်းသားမြင်နေရတဲ့ ဂျိတ်ခ်ရှေ့က မျက်နှာတစ်ခုဟာ သူရဲ့ တစ်ဦးတည်းသော ချစ်သူဖြစ်ပြီး ဂျိတ်ခ်ကတော့ ဒီအခြေအနေကိုနားလည်ပေးပြီး ကျော်သွားစေချင်ခဲ့တယ်။

သူ့ရဲ့အခြေအနေကိုလက်ခံပေးပြီး လက်တွဲခဲ့ကတည်းက ဒီလိုကိစ္စတွေဖြစ်လာနိုင်တာကို ဒီကလေးကသိရဲ့သားနဲ့ ဂျိတ်ခ်က ရှောင်လွှဲသွားလို့မရနိုင်တဲ့ကိစ္စတွေရှိလာမယ်မှန်းသိရဲ့သားနဲ့ အခုလိုမျိုး ဂျိတ်ခ်ကြောင့်နဲ့ဝမ်းနည်းကြေကွဲနေရတာကိုသူမမြင်ချင်ပေ။ မြင်နေရတဲ့ ဂျိတ်ခ်အတွက်လည်း အဆင်ပြေမနေခဲ့ပေ။

"ကျွန်တော့်ကိုအများကြီးနာကျင်စေခဲ့တာ"

"နီခီ "

ဂျိတ်ခ်ရဲ့အရှေ့မှာထိုင်ရင်း မျက်လွှာချထားကာစကား​တွေတတွတ်တွတ်ပြောနေတဲ့ နီခီ့ရဲ့လက်နှစ်ဖက်ကိုသူဆွဲယူလိုက်တော့ တင်းတင်းကြပ်ကြပ်ပြန်လည်ဆုပ်ကိုင်လာတဲ့လက်တွေကြောင့် ဂျိတ်ခ်အနည်းငယ်ပြုံးလိုက်မိတယ်။

"ဆောင်ဟွန်းက အခက်အခဲကြုံတွေ့နေရတယ်မလား....ငါ့ကို သူ ကူညီခဲ့တဲ့ကိစ္စတွေကလည်း ရှိသေးတယ်လေ။ သူ့ကလှည့်ကျ ငါက ဘယ်လိုလုပ်ပြီးမျက်ကွယ်ပြုနိုင်မှာတဲ့လဲ ဟင်မ်"

" အဲဒါဆို ဒီလိုကိစ္စမျိိုးထပ်ဖြစ်လာရင် အချစ်က ကျွန်တော့်ကိုထပ်ပြီး ထားခဲ့ဦးမှာလား"

ဂျိတ်ခ်ကိုယ်တိုင်လည်း အဲ့မေးခွန်းမှာ ဇဝေဇဝါဖြစ်သွားခဲ့ရပြီး စကားတွေပျောက်ရှကုန်တော့ နီခီ့ရဲ့လက်တွေက ဂျိတ်ခ်ရဲ့ပါးတွေကိုအုပ်ကိုင်လာရင်း

Not for meWhere stories live. Discover now