လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့မြစ်ကမ်းနံဘေးက ခုံတန်းလေးတစ်ခုပေါ်မှာထိုင်ရင်း လေးပင်နေတဲ့ရင်အစုံကို ပြေလျော့စေဖို့ကြိုးစားနေမိတယ်။
နီခီ့စီကိုသွားမလို့ဟူ၍ ပြောပြီးထွက်လာတဲ့စကားကလည်း ရည်ရွယ်ချက်မရှိပါပဲ ထွက်ပြေးလာချင်စိတ်သာကြီးစိုးနေတာကြောင့် လိမ်ညာလိုက်မိတဲ့စကားဆိုတာ ဂျိတ်ခ် တစ်ယောက်ပဲသိနိုင်မှာ။ နီခီကပြန်မှမရောက်သေးတာလေ။ အဲ့လိုကျပြန်တော့လည်း သူက အဲ့ကလေးကိုအားနာမိရပြန်တယ်။ အသိမပေးပဲ ပြန်လာခဲ့မိတဲ့ ဒီခရီးစဉ်က ဒေါသတွေဖုံးလွှမ်းနေခဲ့တဲ့သူ့စိတ်တွေကြောင့်ရယ်။
သေချာမသိတော့ဘူး သူက....... ဒီအခြေအနေတွေက သူ့အတွက် သိပ်ကိုရှုပ်ယှက်ခတ်လွန်းနေခဲ့တယ်။
ဆောင်ဟွန်းနဲ့အမှားလုပ်မိခဲ့ပြီးနောက်နေ့ည
သူ့စီကို ရောက်လာတဲ့e-mailတစ်စောင်မှာ ဟိုတခါ အိမ်မှာတွေ့ခဲ့ဖူးတဲ့ မိန်းကလေးနဲ့ ဆောင်ဟွန်းတို့ နှစ်ယောက်ရဲ့ ဟိုတယ်ရှေ့ကပုံတွေကြောင့် သူက ဆောင်ဟွန်းကိုရှောင်နေခဲ့တာ။စိတ်တွေတိုခဲ့တာမှန်ပေမဲ့ ဂျိတ်ခ်က ဆောင်ဟွန်းကို အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အပြစ်တင်ပြောဆိုရလောက်အောင်အထိလည်း ဂျိတ်ခ်ဘက်က မှန်ကန်နေခဲ့တာမှမဟုတ်တာ။ သူကိုယ်တိုင်ကိုက ဆောင်ဟွန်းရှိရက်နဲ့ ချစ်သူထားခဲ့သူလေ၊ သူက ဘယ်လိုမျိုး မျက်နှာပြောင်တိုက်ပြီး ဆောင်ဟွန်းကို ဒေါသထွက်ရဲပါ့မလဲ?
စိတ်ထဲမှာသိမ်းဆည်းမထားတတ်တဲ့ ကိုယ့်အကျင့်ကိုယ်သိတာကြောင့် မျက်နှာချင်းဆိုင်မိရင် ထိုစကားတွေထွက်လာမှာစိုးလို့ ထိပ်တိုက်မတွေ့အောင်ရှောင်နေခဲ့တယ်။
အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် LAခရီးစဉ်သွားဖို့ရှိတာကြောင့် စိတ်အနည်ထိုင်သွားတဲ့အထိ အဲ့မှာနေလိုက်ဖို့စိတ်ကူးရင်း မယူတာကြာပြီဖြစ်တဲ့ ခွင့်ရက်ရှည်ကို ယူကာ ဘယ်သူမှမသိအောင် တိတ်တိတ်လေးခိုးပြီး ကြံစည်ဖြစ်ခဲ့တာ။
နီခီ့ကိုလည်း အလုပ်အကြောင်းပြပြီးဒီရက်ပိုင်းတွေမှာရှောင်နေဖြစ်ခဲ့တယ်။ သူက နီခီ့ကိုတွေ့ရင် ဆောင်ဟွန်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စကြောင့်နဲ့ လိပ်ပြာမလုံသလိုဖြစ်နေခဲ့လို့ရယ်။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......