🦋 36 🦋

517 62 33
                                    

" ငါတို့ရဲ့ ပတ်သက်မှုကို အတည်ပြုလိုက်ကြရအောင် ဂျယ်ယွန်းနား "

ဆောင်ဟွန်းကိုခွထိုင်ထားသည့်ဂျိတ်ခ်ကို သူနဲ့ပိုလို့နီးကပ်လာအောင် ခါးလေးကနေဆွဲယူလိုက်တော့ ပေါ့ပါးတဲ့ခန္ဓာကိုယ်လေးကအလိုက်သင့်လေးပါလာသည်။

ဂျိတ်ခ်ရဲ့နှုတ်ခမ်းတွေတစ်ဝိုက် အကြည့်ရဲရဲတွေဝေ့ဝိုက်နေမိတဲ့အခါ ဆောင်ဟွန်းရဲ့မော့နေတဲ့လည်ပင်သားတွေကို ဂျိတ်ခ်ကလက်တွေနဲ့ထွေးပွေ့လို့လာတယ်။

အဲဲ့ဒီ့နောက်တော့ ဆောင်ဟွန်းရဲ့နှာတံတစ်လျှောက် အပေါ်ကနေအောက်သို့ လက်ညှိုးဖြင့်ပွတ်ဆွဲနေသည့်ဂျိတ်ခ်ရဲ့ မျက်ဝန်းတွေထဲကို ဆောင်ဟွန်းမှာ ကြင်ကြင်နာနာငေးမိရပြန်တယ်။

ဆောင်ဟွန်းရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို လက်ညှိုးထိပ်လေးနဲ့လိုက်ထိပြီးတော့ စူးစမ်းလေ့လာနေတဲ့ မျက်ဝန်းလေးတွေက အရောင်တွေလဲ့လို့နေလေရဲ့။

" မင်းရဲ့မျက်ဝန်းတွေကို ကြည့်မိတိုင်းလေ ဒီ
မှည့်လေးတွေက အာရုံတွေကိုပြန့်ပြားသွားအောင်နှောက်ယှက်တတ်ကြတယ် "

မျက်ဝန်းအောက်က မှည့်နက်လေးကိုတို့ထိလိုက် နှာတံပေါ်ကမှည့်လေးကိုတို့ထိလိုက်ဖြင့် ဆော့ကစားလို့နေသည့်လက်လေးတွေက ပိုင်စိုးပိုင်နင်းလေးဖြင့်။

" ဒါပေမဲ့လည်း အရမ်းလှတယ်၊ ပတ်ဆောင်ဟွန်းဆိုတဲ့မင်းတစ်ဦးတည်းပိုင်တဲ့အမှတ်သင်္ကေတလေးတွေလေ တစ်ခါတွေ့ရုံနဲ့ မှတ်မိသွားစေနိုင်တဲ့ ကောင်းခြင်းလေးတွေပေါ့ "

ဂျိတ်ခ်က ဆောင်ဟွန်းရဲ့ မှည့်တွေကိုအတော်ကိုမှသဘောကျနေပုံရပါသည်။ သူ့မှာ ထိလို့တွေ့လို့ဖြင့် အားမရနိုင်သေးပဲ သူ့ရဲ့မှည့်နက်လေးတွေပေါ်သို့ အနမ်းတွေကို လိုက်လံကြဲချပြန်သေးတာ။

" မင်းရဲ့မျက်ဝန်းတွေလိုလား ဂျိတ်ခ် "

" အဟင်း ဘာရယ် "

" တစ်ခါကြည့်လိုက်မိရုံနဲ့ ဝဲဂယက်ထဲထိုးကျသွားသလိုမျိုး နစ်ကျသွားရုံအပြင်မတတ်နိုင်တော့အောင်လို့လုပ်နိုင်တဲ့ မင်းရဲ့မျက်ဝန်းတွေလိုလားလို့"

Not for meWhere stories live. Discover now